ပွဲတက်အပြင်အဆင်နဲ့ ဝတ်စုံကြောင့် ဘီယွန်းစေး ဝေဖန်ခံနေရ
ရောင်နီ (NSS) - ဒီဇင်ဘာ ၃
ကမ္ဘာကျော် ပေါ့စ်အဆိုတော် ဘီယွန်းစေးဟာ အမေရိကန်နိုင်ငံ၊ လော့စ်အိမ်ဂျလိစ်မှာ ပြုလုပ်တဲ့ သူမရဲ့ flim show ပွဲကို ပလက်တီနမ်တွေနဲ့ တလက်လက်တောက်ပနေတဲ့ "Renaissance' အသွင်အပြင်နဲ့ ပွဲတက်လာခဲ့ပါတယ်။
ဘီယွန်းစေးရဲ့အဲဒီအသွင်အပြင်ဟာ ဆိုရှယ်မီဒီယာ ပရိသတ်တွေကြား ဟိုးလေးတကျော်ဖြစ်ခဲ့ပြီး၊ မကောင်းမြင်တဲ့ ဝေဖန်မှုတွေလည်း ရရှိခဲ့ပါတယ်။ အကြောင်းကတော့ သူမဟာ လူမည်းအမျိုးသမီးတစ်ဦးဖြစ်ပြီး သူမရဲ့အသွင်အပြင်ဟာ လူမည်းအမျိုးသမီးဆိုတဲ့ပုံစံကို ပျောက်ကွယ်စေတယ်ဆိုပြီး ဝေဖန်ခဲ့ကြတာပါ။ သူမဟာ ငွေရောင်ဂါဝန်၊ ပလက်တီနမ် အဆင်တန်ဆာများနဲ့၊ ငွေရောင်ဆံသားတို့ကြောင့် သူမရဲ့အသားအရေဟာ ဖြူဖျော့ဖျော့ဖြစ်လာပြီး ဒါဟာ လူမည်းအမျိုးသမီးတွေရဲ့အသွင်ပုံစံကို ပျောက်စေတယ်လို့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။
လူကြိုက်များတဲ့ အတင်းအဖျင်းဝက်ဆိုဒ် The Shade Room မှ သူမရဲ့ဖက်ရှင်ကိုဖော်ပြထားတဲ့ပို့စ်တစ်ခုမှာ လူမျိုးရေးခွဲခြားမှုဆိုတဲ့မှတ်ချက်တွေလည်း တွေ့ခဲ့ရပါတယ်။ ဒါဟာ လူမည်းအမေရိကတွေကြား မဖြေရှင်းနိုင်သေးတဲ့ပြဿနာတွေ ရှိနေဆဲပဲဆိုတာ ပြသနေတယ်လို့ "Color Stories" ၂၁ ရာစု လူမည်း အမျိုးသမီး များနဲ့အသားရောင်ဝါဒ စာအုပ်ကို ရေးသားခဲ့သူ စာရေးဆရာ ဂျက်ဖ်ရီအန်နီဝိုင်လ်ဒါ က ပြောကြားခဲ့ပါတယ်။
ပေါ့စ်ဘုရင်မအဖြစ် သတ်မှတ်ခံထားရတဲ့ ဘီယွန်းစေးဟာ အဆိုတော်၊ သီချင်းရေးသူ၊ Business Woman အဖြစ် နာမည်ကျော်ပြီး ပိုင်ဆိုင်မှုတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၅ဝဝ ပိုင်ဆိုင်ထားတဲ့ အမေရိကန်လူမျိုး လူမည်း အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ့နိုင်ငံရေးသတင်းများနှင့် နိုင်ငံတကာက သတင်းထူးများ
RELATED POSTS
19 Sep 2024 | အနုပညာ,နိုင်ငံတကာ
18 Sep 2024 | အနုပညာ,နိုင်ငံတကာ
17 Sep 2024 | အနုပညာ,နိုင်ငံတကာ