Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အီရန်နဲ့ ဆော်ဒီအာရေဗျတို့ သံတမန်ရေး ပြန်လည်ဆက်သွယ်ဖို့ သဘောတူ

ဂျန်ဇက် (NP News) - မတ် ၁၁


တရုတ်နိုင်ငံရဲ့ကြားဝင်စေ့စပ်မှုကြောင့် အီရန် နဲ့ ဆော်ဒီအာရေဗျတို့ဟာ သံတမန်ရေးပြန်လည်ထူထောင်ပြီး သံရုံးတွေပြန်လည်ဖွင့်လှစ်ဖို့ သဘောတူညီခဲ့ကြောင်းသိရပါတယ်။


ဆော်ဒီအာရေဗျ နဲ့ အီရန်တို့ဟာခါးသီးတဲ့ ပြိုင်ဘက်တွေဖြစ်ပြီး (၇)နှစ်ကျော်ကြာ တင်းမာမှုတွေရှိနေခဲ့ပြီး လက်ရှိအချိန်မှာတော့ နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်တော့မှာဖြစ်ပါတယ်။


ဆော်ဒီအာရေဗျ နဲ့ အီရန်တို့ဟာ ဒေသအတွင်းနဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာ စစ်ပွဲအတွက် နောက် ကွယ်မှထောက်ပံ့မှုများရှိခဲ့ခြင်းကြောင့် သွယ်ဝိုက်တဲ့ ပဋိပက္ခတွေရှိနေခဲ့ကြောင်းသိရပါတယ်။


ဆော်ဒီအာရေဗျနဲ့ အီရန်တို့ သံတမန်ရေး ပြန်လည်လုပ်ဆောင်ခြင်းဟာ ကြားဝင်ဆောင်ရွက်ပေးတဲ့ တရုတ်နိုင်ငံအတွက် သံတမန်ရေးအောင်မြင်မှု တစ်ခုလည်းဖြစ်လာခဲ့ပါတယ်။


အာရပ်နိုင်ငံတွေဖြစ်တဲ့ ဆော်ဒီအာရေဗျ နဲ့ အီရန်တို့ဟာ အရှေ့အလယ်ပိုင်းဒေသမှ အမေရိကန်တပ်ဖွဲ့တွေ ပြန်ရုတ်သိမ်းဖို့ နှေးကွေးနေခြင်းကို ရိပ်မိသွားခဲ့ပြီးနောက် အခုလိုမျိုးဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

နှစ်နဲ့ချီဖြစ်ပွားနေတဲ့ ယီမင်ပြည်တွင်းစစ်မှာ အီရန် နဲ့ဆော်ဒီအာရေဗျတို့ ပါဝင်ပတ်သက်ခဲ့ပြီး ဆန့်ကျင် ဘက်အဖွဲ့အစည်းများကို အီရန် နဲ့ ဆော်ဒီအာရေဗျတို့က ကူညီထောက်ပံ့ပေးပြီး တင်းမာမှုအရှိန်မြင့်တက်ခဲ့ဖူးပါတယ်။


ပြီးခဲ့တဲ့ရက်ပိုင်းက တရုတ်နိုင်ငံမှာဆွေးနွေးခဲ့ပြီးနောက် အီရန်နဲ့ ဆော်ဒီအာရေဗျနိုင်ငံတို့ဟာ နှစ်လအတွင်း သံရုံးများဖွင့်လှစ်ဖို့ သဘောတူညီခဲ့တယ်လို့လည်း နှစ်နိုင်ငံစလုံးက သတင်းထုတ်ပြန်ထားပါတယ်။ အီရန်နိုင်ငံပိုင်မီဒီယာက "နှစ်နိုင်ငံစလုံးရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေဟာ သံအမတ်ကြီးတွေ အပြန်အလှန်စေလွှတ်ဖို့ ဆွေးနွေးသဘောတူညီခဲ့တယ်"လို့ပြောပါတယ်။ 


တရုတ်အစိုးရကလည်း " နှစ်နိုင်ငံစလုံးဟာ ရိုးသားမှုကိုပြသခဲ့တယ်။ တရုတ်နိုင်ငံဟာ ဆော်ဒီအာရေဗျနဲ့ အီရန်နိုင်ငံကြား ရရှိတဲ့သဘောတူညီချက်ကိုအပြည့်အဝထောက်ခံပါတယ်"လို့ပြောပါတယ်။


အီရန်နိုင်ငံရှိ ဆော်ဒီအာရေဗျ သံရုံးကို ဆန္ဒပြသူအုပ်စု ကျူးကျော်ခဲ့ပြီးနောက် ဆော်ဒီအာရေဗျဟာ ၂ဝ၁၆ ခုနှစ်မှာ အီရန်နဲ့ သံတမန်ရေး အဆက်သွယ်ဖြတ်တောက်ခဲ့ကြောင်းသိရပါတယ်။ ဆော်ဒီအာရေဗျကလည်း အီရန်နိုင်ငံရဲ့လူသိများပြီးထင်ရှားတဲ့ ရှီယိုက် လူမျိုး ကျောင်းသားတစ်ဦးကို ကွပ်မျက်ခဲ့ရာ နှစ်နိုင်ငံကြား တင်းမှုတွေ စတင်ဖြစ်ပွားလာခဲ့ကြောင်းသိရပါတယ်။

zawgyi version

အီရန္နဲ႔ ေဆာ္ဒီအာေရဗ်တို႔ သံတမန္ေရး ျပန္လည္ဆက္သြယ္ဖို႔ သေဘာတူ 

ဂ်န္ဇက္ (NP News) - မတ္ ၁၁


တ႐ုတ္ႏိုင္ငံရဲ႕ၾကားဝင္ေစ့စပ္မႈေၾကာင့္ အီရန္ နဲ႔ ေဆာ္ဒီအာေရဗ်တို႔ဟာ သံတမန္ေရးျပန္လည္ထူေထာင္ၿပီး သံ႐ုံးေတြျပန္လည္ဖြင့္လွစ္ဖို႔ သေဘာတူညီခဲ့ေၾကာင္းသိရပါတယ္။


ေဆာ္ဒီအာေရဗ် နဲ႔ အီရန္တို႔ဟာခါးသီးတဲ့ ၿပိဳင္ဘက္ေတြျဖစ္ၿပီး (၇)ႏွစ္ေက်ာ္ၾကာ တင္းမာမႈေတြရွိေနခဲ့ၿပီး လက္ရွိအခ်ိန္မွာေတာ့ ႏွစ္ႏိုင္ငံၾကား သံတမန္ဆက္ဆံေရး ျပန္လည္ထူေထာင္ေတာ့မွာျဖစ္ပါတယ္။


ေဆာ္ဒီအာေရဗ် နဲ႔ အီရန္တို႔ဟာ ေဒသအတြင္းနဲ႔ အေရွ႕အလယ္ပိုင္းေဒသေတြမွာ စစ္ပြဲအတြက္ ေနာက္ ကြယ္မွေထာက္ပံ့မႈမ်ားရွိခဲ့ျခင္းေၾကာင့္ သြယ္ဝိုက္တဲ့ ပဋိပကၡေတြရွိေနခဲ့ေၾကာင္းသိရပါတယ္။


ေဆာ္ဒီအာေရဗ်နဲ႔ အီရန္တို႔ သံတမန္ေရး ျပန္လည္လုပ္ေဆာင္ျခင္းဟာ ၾကားဝင္ေဆာင္႐ြက္ေပးတဲ့ တ႐ုတ္ႏိုင္ငံအတြက္ သံတမန္ေရးေအာင္ျမင္မႈ တစ္ခုလည္းျဖစ္လာခဲ့ပါတယ္။


အာရပ္ႏိုင္ငံေတြျဖစ္တဲ့ ေဆာ္ဒီအာေရဗ် နဲ႔ အီရန္တို႔ဟာ အေရွ႕အလယ္ပိုင္းေဒသမွ အေမရိကန္တပ္ဖြဲ႕ေတြ ျပန္႐ုတ္သိမ္းဖို႔ ေႏွးေကြးေနျခင္းကို ရိပ္မိသြားခဲ့ၿပီးေနာက္ အခုလိုမ်ိဳးဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

ႏွစ္နဲ႔ခ်ီျဖစ္ပြားေနတဲ့ ယီမင္ျပည္တြင္းစစ္မွာ အီရန္ နဲ႔ေဆာ္ဒီအာေရဗ်တို႔ ပါဝင္ပတ္သက္ခဲ့ၿပီး ဆန႔္က်င္ ဘက္အဖြဲ႕အစည္းမ်ားကို အီရန္ နဲ႔ ေဆာ္ဒီအာေရဗ်တို႔က ကူညီေထာက္ပံ့ေပးၿပီး တင္းမာမႈအရွိန္ျမင့္တက္ခဲ့ဖူးပါတယ္။


ၿပီးခဲ့တဲ့ရက္ပိုင္းက တ႐ုတ္ႏိုင္ငံမွာေဆြးေႏြးခဲ့ၿပီးေနာက္ အီရန္နဲ႔ ေဆာ္ဒီအာေရဗ်ႏိုင္ငံတို႔ဟာ ႏွစ္လအတြင္း သံ႐ုံးမ်ားဖြင့္လွစ္ဖို႔ သေဘာတူညီခဲ့တယ္လို႔လည္း ႏွစ္ႏိုင္ငံစလုံးက သတင္းထုတ္ျပန္ထားပါတယ္။ အီရန္ႏိုင္ငံပိုင္မီဒီယာက "ႏွစ္ႏိုင္ငံစလုံးရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီးေတြဟာ သံအမတ္ႀကီးေတြ အျပန္အလွန္ေစလႊတ္ဖို႔ ေဆြးေႏြးသေဘာတူညီခဲ့တယ္"လို႔ေျပာပါတယ္။ 


တ႐ုတ္အစိုးရကလည္း " ႏွစ္ႏိုင္ငံစလုံးဟာ ႐ိုးသားမႈကိုျပသခဲ့တယ္။ တ႐ုတ္ႏိုင္ငံဟာ ေဆာ္ဒီအာေရဗ်နဲ႔ အီရန္ႏိုင္ငံၾကား ရရွိတဲ့သေဘာတူညီခ်က္ကိုအျပည့္အဝေထာက္ခံပါတယ္"လို႔ေျပာပါတယ္။


အီရန္ႏိုင္ငံရွိ ေဆာ္ဒီအာေရဗ် သံ႐ုံးကို ဆႏၵျပသူအုပ္စု က်ဴးေက်ာ္ခဲ့ၿပီးေနာက္ ေဆာ္ဒီအာေရဗ်ဟာ ၂ဝ၁၆ ခုႏွစ္မွာ အီရန္နဲ႔ သံတမန္ေရး အဆက္သြယ္ျဖတ္ေတာက္ခဲ့ေၾကာင္းသိရပါတယ္။ ေဆာ္ဒီအာေရဗ်ကလည္း အီရန္ႏိုင္ငံရဲ႕လူသိမ်ားၿပီးထင္ရွားတဲ့ ရွီယိုက္ လူမ်ိဳး ေက်ာင္းသားတစ္ဦးကို ကြပ္မ်က္ခဲ့ရာ ႏွစ္ႏိုင္ငံၾကား တင္းမႈေတြ စတင္ျဖစ္ပြားလာခဲ့ေၾကာင္းသိရပါတယ္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နိုင်ငံသားကျောက်မျက်ရတနာ လုပ်ငန်းရှင်များသာတက်ရောက်ခွင့်ရမည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်၌ (၁)ပတ်ကြာကျင်းပမည်

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved