J-pop အဖွဲ့ Yoasobi ရဲ့ပွဲလက်မှတ်များအွန်လိုင်းမှရောင်းချမှုအတွင်း ဝယ်ယူသူတွေရဲ့ အချက်အလက်ပေါက်ကြားမှုများဖြစ်ပွား
ရောင်နီ(NSS) - ဒီဇင်ဘာ ၂
စင်ကာပူမှာ J-pop အဖွဲ့ Yoasobi ရဲ့ဖျော်ဖြေပွဲအတွက် အွန်လိုင်းမှ လက်မှတ်ဝယ်ယူရာမှ ဝယ်ယူသူ ပရိသတ်တွေရဲ့ အချက်အလက်ပေါက်ကြားမှုတွေ ဖြစ်လာခဲ့ပါတယ်။
ဒီဖြစ်ရပ်ဟာ ဒီဇင်ဘာလ ၁ ရက်ကဖြစ်ခဲ့တာဖြစ်ပြီး ပရိသတ်တွေက လက်မှတ်ခကို Ticketmaster မှတစ်ဆင့် အွန်လိုင်းမှပေးချေရာမှာ အခြား Ticketmaster အွန်လိုင်းအကောင့်တွေထဲ ရောက်သွားခဲ့ပါတယ်။ ဒါဟာ အခြားဝယ်ယူသူတွေရဲ့ အမည်အပြည့်အစုံ၊ ဖုန်းနံပါတ် နဲ့ အီးမေးလ်လိပ်စာတွေကိုပါ အပြည့်အဝ မြင်ရစေခဲ့ပါတယ်။ အချို့ကလည်း အဆိုပါ သူစိမ်းအကောင့်ပိုင်ရှင်များ ယခင်က ဝယ်ခဲ့တဲ့ အခြား ဖျော်ဖြေပွဲ လက်မှတ်တွေကိုတောင် မြင်တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါဟာ အလွန်ကြီးမားတဲ့ ဒေတာပေါက်ကြားမှုဖြစ်သလို ဝယ်ယူသူတွေကလည်း ဒေါသထွက်ခဲ့ပါတယ်။ ဒီအတွက် Ticketmaster က တောင်းပန်ထားပြီး ၎င်းတို့ရဲ့ အမှားအယွင်းအတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေကြောင်း ဆိုထားပါတယ်။
တေးသံရှင် Ikura ၂၃ နှစ်နဲ့ တေးရေးဆရာ အာရက်စ် ၂၉ နှစ်တို့ ဖွဲ့စည်းထားတဲ့ နာမည်ကျော် J-pop အဖွဲ့ Yoasobi ရဲ့ဖျော်ဖြေပွဲကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်မှာ Resorts World Sentosa မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မွန်ပြည်နယ်အစိုးရအဖွဲ့အိမ်ယာအနီး၌ Drop Bomb ပေါက်ကွဲမှုဖြစ်ပွားခဲ့
RELATED POSTS
19 Sep 2024 | အနုပညာ,နိုင်ငံတကာ
18 Sep 2024 | အနုပညာ,နိုင်ငံတကာ
17 Sep 2024 | အနုပညာ,နိုင်ငံတကာ