ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ စဉ့်အင်တံတားကို TNLA ပူးပေါင်းအဖွဲ့က မိုင်းခွဲတိုက်ခိုက်မှုကြောင့် ကျိုးကျပျက်စီး
NSS - ဒီဇင်ဘာ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါ်မြို့ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ စဉ့်အင်တံတားအား TNLA ပူးပေါင်းအဖွဲ့က မိုင်းခွဲတိုက်ခိုက်မှုကြောင့် ကျိုးကျပျက်စီးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
တံတားမိုင်းခွဲခံရမှုသည် ယမန်နေ့ (ဒီဇင်ဘာလ ၁ ရက်)၊ ညနေ ၃ နာရီဝန်းကျင်အချိန်ခန့်က သီပေါ်မြို့၊ မန္တလေး-လားရှိုးပြည်ထောင်စုလမ်းမကြီး၊ လားရှိုး နှင့် သီပေါအကြား စဉ့်အင်တံတား၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါတံတားအနီး၌ ယမန်နေ့ နံနက်ပိုင်းက တပ်မတော် နှင့် TNLA ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ညနေပိုင်းအချိန်တွင် ယခုကဲ့သို့ တံတားအား မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မနက်ကအဲဒီနားမှာ ထိတွေ့မှုတွေဖြစ်ပြီးတော့ တံတားကအပေါက်(၂)ပေါက်ဖြစ်သွားတာ။ အဲဒီအပေါက်တွေက လားရှိုးဘက်ခြမ်းမှာ ဖြစ်တာပေါ့နော်။ အဲဒီအပေါက်တွေကနေ ဝိတ်မခံနိုင်လို့ ကျိုးကျသွားတာလား။ ထပ်ပြီးဖောက်ခွဲခံရတာလားတော့မသိဘူး။ တံတားကတော့ ကျိုးကျသွားပြီ”ဟု ဒေသခံတစ်ဦးက NSS ကိုပြောသည်။
အဆိုပါမိုင်းခွဲတိုက်ခိုက်ခံရသည့် တံတားသည် ရှမ်းမြောက်ပိုင်းတွင် ကျင်သီတံတားကဲ့သို့ အရေးပါသည့် တံတားတစ်စင်းဖြစ်ပြီး ၎င်းတံတားကျိုးကျပျက်စီးသွားခဲ့သဖြင့် ဒေသခံများအနေဖြင့် သွားလာရေးအခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
“ခုကျိုးကျတဲ့တံတားဆိုရင် အရေးပါတဲ့တံတားတစ်စင်းဖြစ်တာပေါ့နော်။ သီပေါ နဲ့ ကျောက်မဲဆိုရင် အဆက်သွယ်ပြတ်သွားပြီ။ တစ်မြို့နဲ့တစ်မြို့ ဆက်သွယ်ပေးထားတဲ့ တံတားတစ်စင်းလဲဖြစ်တာပေါ့။ ခုလို့ တံတားကျိုသွားတော့ သွားလာရေးတွေ အခက်အခဲဖြစ်ကုန်တာပေါ့” ဟု ၎င်းကဆက်လက်ပြောသည်။
အလားတူ ပြီးခဲ့သော နိုဝင်ဘာလ ၁၂ ရက်ကလည်း သီပေါမြို့ နှင့် ကျောက်မဲမြို့ကြားရှိ ဒုဌဝတီမြစ်ကူး ကျင်သီတံတားအား TNLA ပူးပေါင်းအဖွဲ့က မိုင်းထောင်ဖောင်ခွဲခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းရဲ့တန်ပြန်ထိုးစစ်ဆင်မှု (၆)လအတွင်း တပ်ဖွဲ့ဝင် အနည်းဆုံး ၁၂၀၀၀ ကျော် ကျဆုံးခဲ့ဟု ရုရှားစစ်ဘက်ပြော
RELATED POSTS
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ