ကမ္ဘာ့ပထမဆုံး ရေအောက်ပန်းပုဥယျာဉ်ကြီး၌ ပန်းပုရုပ် (၃ဝ)ကျော် ထပ်မံထည့်သွင်းမည်
ရောင်နီ (NSS) - ဒီဇင်ဘာ ၂
၂၀၀၆ ခုနှစ်က ဗြိတိန်ပန်းပုပညာရှင်နဲ့ ဂေဟဗေဒပညာရှင် ဂျက်ဆန်ဒဲကာရီတေလာ ဖန်တီးခဲ့တဲ့ ကာရေဘီယံနိုင်ငံ ဂရီနာဒါရှိ ကမ္ဘာ့ပထမဆုံး Molinere Bay ရေအောက်ပန်းပုဥယျာဉ်ကြီးဟာ နိုင်ငံရဲ့ ရေပန်းအစားဆုံး ရေအောက်ဆွဲဆောင်မှုတွေထဲက တစ်ခုဖြစ်ပါတယ်။
အခုချိန်မှာတော့ ကျွန်းရဲ့ အနာက်ဘက်ကမ်းလွန်ပင်လယ်ပြင် အဏ္ဏဝါဘေးမဲ့ဧရိယာမှာ တည်ရှိတဲ့ ရေအောက်ပန်းပုဥယျာဉ်မှာ ပန်းပုရုပ်အသစ် ၃၁ ခု ထပ်မံထည့်သွင်းပြီး တိုးချဲ့သွားမယ်လို့ သိရပါတယ်။ ထပ်တိုးမယ့် ပန်းပုသစ်တွေထဲမှာ Grenada ရဲ့ အလွန်ရေပန်းစားတဲ့ ပွဲတော်ကြီးတစ်ခုဖြစ်တဲ့ "Coral Carnival" ၊ "Jab Jab"လို ပုံစံတွေလည်း ထည့်သွင်းသွားမယ်လို့ သိရပါတယ်။ ဒီပရောဂျက်ဟာ ဂရီနာဒါ နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ သမိုင်းကြောင်းကို ပြသဖို့အတွက် ရည်ရွယ်တယ်လို့ ဆိုပါတယ်။
ဒါ့ပြင် ပန်းပုတစ်ခုစီဟာ လက်တွေ့ဘဝ လူမှုနေထိုင်မှု ပုံစံတွေကို အခြေခံကာ ထုလုပ်ထားတယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းနှင့် ပြည်ပက ၂၄ နာရီအတွင်း သတင်းထူးများ
RELATED POSTS
14 Sep 2024 | ဗဟုသုတ,နိုင်ငံတကာ