Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရန်ကုန်ရှိ ပြည်သူ့အငှားအိမ်ရာစီမံကိန်း၏ ပထမအဆင့် တည်ဆောက်ရေးလုပ်ငန်းများ လာမည့် ဘဏ္ဍာနှစ်တွင် ရာနှုန်းပြည့်ပြီးစီးမည်

ရဲပြည့် (NP News) - မတ် ၁၁ 


ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် လေးထောင့်ကန်ကျေးရွာအနီး မြေဧရိယာ (၁၇၁) ဧကပေါ်တွင် တည်ဆောက်နေသည့် ပြည်သူ့အငှားအိမ်ရာစီမံကိန်း၏ ပထမအဆင့်တည်ဆောက်ရေးလုပ်ငန်းများ လာမည့်ဘဏ္ဍာနှစ်တွင် ရာနှုန်းပြည့်ပြီးစီးမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။ 


မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များ အသင်းချုပ်(MCEF)က အဆောက်အအုံ (၉၇) လုံးနှင့် မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများအသင်းချုပ် (MLCA)က အဆောက်အအုံ (၉၇) လုံး စုစုပေါင်း အဆောက်အအုံ (၁၉၄)လုံးကိုဆောက်လုပ် နေခြင်းဖြစ်ပြီး အဆင့်မြင့်အိမ်ခန်းပေါင်း (၃၁ဝ၄) ခန်းပါဝင်မည်ဖြစ်ကြောင်းလည်း သိရသည်။


“ပြည်သူ့အငှားအိမ်ရာစနစ်ဆိုတဲ့အလျောက် အိမ်လခသက်သာစေချင်လို့ ပြည်သူတွေအတွက် နိုင်ငံတော်အစိုးရက အကုန်ကျခံပြီး ပြည်သူ့အငှားအိမ်ရာတွေ တည်ဆောက်နေတာဖြစ်တဲ့အတွက် ဝန်ထမ်းတွေရော သာမန်ပြည်သူတွေပါ ပြည်သူ့အငှားအိမ်ရာ ငှားရမ်းဖို့အတွက် လျှောက်ထားနိုင်ကြမှာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။


ထို့ပြင် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်က စီမံကိန်းအတွင်း တည် ဆောက်နေသည့် အဆောက်အအုံ (၉၇)လုံးအနက် အလုံးရေ (၅၆)လုံးကို ယခုလကုန်ပိုင်းတွင် တည်ဆောက်ပြီးစီးရန် ခန့်မှန်းထားကြောင်းသိရသည်။ 


လက်ရှိတွင် အဆောက်အအုံ (၉၇)လုံး၏ တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်မှု(၇၅)ရာခိုင်နှုန်းပြီးစီးပြီဖြစ်ပြီး လမ်း၊ အုတ်ရေမြောင်း၊ Box Culvert နှင့် ရေသန့်လုပ်ငန်းဆောင်ရွက်မှု (၉၃) ရာခိုင်နှုန်းဆောင် ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ 


အဆိုပါ ပြည်သူ့အငှားအိမ်ရာစီမံကိန်း(ရန်ကုန်)သည် ရန်ကုန်မြို့၏ အဓိကကျသည့် အမှတ်(၂)လမ်းမကြီးနှင့် အမှတ်(၇)လမ်းမကြီးကြား အချက်အချာကျသည့်နေရာတွင် တည်ရှိနေသည့်အတွက် အနာ ဂတ်ကာလတွင် ရန်ကုန်မြို့ပြဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ နေထိုင်ကြ မည့်ပြည်သူများ သွားလာရေးအဆင်ပြေလွယ်ကူချောမွေ့နိုင်မည်ဖြစ်ကြောင်း သိရသည်။

zawgyi version


ရဲပြည့် (NP News) - မတ် ၁၁ 













Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာနိုင်ငံရေးအခက်အခဲကိုဖြေရှင်းနိုင်ရန် ကြိုးပမ်းရာတွင် အင်ဒိုနီးရှားက တိတ်ဆိတ်သော သံတမန်ရေးနည်းလမ်းဖြင့် ချဉ်းကပ်လုပ်ဆောင်နေဟုဆို

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved