Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရန်ကုန်မြို့၌ ဆေးခြောက်ဖြင့် Cookie မုန့်ပြုလုပ်ရောင်းချသူ (၂)ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးထိန်းသိမ်း

Pearl (NP News) - မတ် ၁ဝ

ရန်ကုန်တိုင်း၊  လမ်းမတော်မြို့နယ်၌ ဆေးခြောက်ထည့်သွင်း ပြုလုပ်ထားသည့် Cookie မုန့်များနှင့်အတူ ရောင်းချသူများအား ဖမ်းဆီးရမိခဲ့ကြောင်း နစကထံမှ သတင်းရရှိသည်။ 

ပြီးခဲ့သည့် မတ်လ (၈)ရက်၊ ညနေပိုင်းတွင်  လမ်းမတော်မြို့နယ်၊  အမှတ်(၁ဝ)ရပ်ကွက် ဗဟိုရ်စည်အိမ်ရာဝင်းတွင် ဖမ်းဆီရမိခဲ့ခြင်းဖြစ်သည်။ 

သတင်းပေးပို့ချက်အရ လမ်းမတော်မြို့နယ်၊ အမှတ် (၇)ရပ်ကွက်၊ (၁၆)လမ်း၊ တိုက်အမှတ် (၁၂၆) ၊ ရှစ်လွှာရှိ တိုက်ခန်းသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ထက်ရတနာစိုး (၂၄)နှစ်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

ထို့နောက် ၎င်း၏ ထွက်ဆိုချက်များအရ  ဗဟိုရ်စည်အိမ်ရာဝင်း၊ တိုက်အမှတ်(၄၀)၊ သုံးလွှာရှိ အခန်း(၁၄) သို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။ 

ထိုသို့ စစ်ဆေးမှုများပြုလုပ်ခဲ့ရာ အဆိုပါ အခန်း၌ ဇော်လင်းနောင် (၂၁)နှစ်အား ဆေးခြောက်အမှုန့် (၁ဝ၉) ဂရမ်၊ ဆေးခြောက်ထည့်သွင်းပြုလုပ်ထားသည့် Cookie မုန့် အခု (၅ဝ)နှင့် ဆေးခြောက်ရှူရာတွင် အသုံး ပြုသည့် ဆေးဂေါက်တံတစ်ခုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ဆိုထားသည်။

ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ၎င်းတို့သည် တရားမဝင် ပေါင်းသင်းနေထိုင်သူများဖြစ်ပြီး Cookie မုန့်များအတွင်း ဆေးခြောက်များကို ထည့်သွင်းပြုလုပ်ကာ အွန်လိုင်းမှတစ်ဆင့် ရောင်းချခဲ့ကြောင်း သိရသည်။

ဆေးခြောက်ထည့်သွင်းမှု အနည်း/အများပေါ်မူတည်၍ Cookie မုန့် တစ်ခုလျှင် ငွေကျပ် (၆ဝဝဝ) မှ ငွေကျပ်(၁ဝဝဝဝ)အထိ ရောင်းချခဲ့ပြီး ဆေးခြောက်များအား အွန်လိုင်းမှတစ်ဆင့် မြဝတီဘက်မှ မှာယူ၍ ခရီးသည်တင်ယာဉ်များဖြင့် သယ်ဆောင်ရယူခဲ့ကြောင်း နစကထံမှ သိရသည်။ 

လက်ရှိတွင် ဖမ်းဆီးရမိသူများအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

အဆိုပါ Cookie မုန့်ကို စားသုံးသူများသည် စတင်စားသုံးစဉ် ခွန်အားများတိုးပွားလာကာ အိပ်ချင်စိတ်များ ပြေပျောက်သော်လည်း နောက်ပိုင်းတွင် စားချင်စိတ်နည်းပါးလာပြီး ကိုယ်အလေးချိန်ကျဆင်းခြင်း၊ ကြွက် သား တောင့်တင်းခြင်း၊ အသက်ရှူမြန်ခြင်း၊ အာရုံစူးစိုက်မှုနည်းခြင်း၊ မှတ်ဉာဏ်ယိုယွင်းခြင်း၊ စိတ်တိုဒေါ သထွက်ခြင်းများဖြစ်ပြီး စားသုံးသည့်ကာလကြာလာသည်နှင့်အမျှ မစားရလျှင် မနေနိုင်အောင် စွဲလမ်းမှုကို ဖြစ်စေကာ စိတ်ချောက်ချားခြင်း၊ စိတ်ဂနာမငြိမ်ဖြစ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ဖျားနာလာခြင်း၊ ဦးနှောက်အတွင်း သွေးယိုခြင်း၊ အသက်ရှူကျပ်ခြင်း၊ နှလုံးခုန်ရပ်ခြင်းများဖြစ်လာကာ ရုတ်တရက် သေဆုံးသည်အထိ ဆိုးကျိုးများကို ခံစားရနိုင်ကြောင်း သိရသည်။

zawgyi version

ရန္ကုန္ၿမိဳ႕၌ ေဆးေျခာက္ျဖင့္ Cookie မုန႔္ျပဳလုပ္ေရာင္းခ်သူ (၂)ဦးကို သက္ေသခံပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးထိန္းသိမ္း

Pearl (NP News) - မတ္ ၁ဝ

ရန္ကုန္တိုင္း၊  လမ္းမေတာ္ၿမိဳ႕နယ္၌ ေဆးေျခာက္ထည့္သြင္း ျပဳလုပ္ထားသည့္ Cookie မုန႔္မ်ားႏွင့္အတူ ေရာင္းခ်သူမ်ားအား ဖမ္းဆီးရမိခဲ့ေၾကာင္း နစကထံမွ သတင္းရရွိသည္။ 

ၿပီးခဲ့သည့္ မတ္လ (၈)ရက္၊ ညေနပိုင္းတြင္  လမ္းမေတာ္ၿမိဳ႕နယ္၊  အမွတ္(၁ဝ)ရပ္ကြက္ ဗဟိုရ္စည္အိမ္ရာဝင္းတြင္ ဖမ္းဆီရမိခဲ့ျခင္းျဖစ္သည္။ 

သတင္းေပးပို႔ခ်က္အရ လမ္းမေတာ္ၿမိဳ႕နယ္၊ အမွတ္ (၇)ရပ္ကြက္၊ (၁၆)လမ္း၊ တိုက္အမွတ္ (၁၂၆) ၊ ရွစ္လႊာရွိ တိုက္ခန္းသို႔ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ရာ ထက္ရတနာစိုး (၂၄)ႏွစ္အား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။ 

ထို႔ေနာက္ ၎၏ ထြက္ဆိုခ်က္မ်ားအရ  ဗဟိုရ္စည္အိမ္ရာဝင္း၊ တိုက္အမွတ္(၄၀)၊ သုံးလႊာရွိ အခန္း(၁၄) သို႔ သြားေရာက္စစ္ေဆးခဲ့ေၾကာင္း သိရသည္။ 

ထိုသို႔ စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ရာ အဆိုပါ အခန္း၌ ေဇာ္လင္းေနာင္ (၂၁)ႏွစ္အား ေဆးေျခာက္အမႈန႔္ (၁ဝ၉) ဂရမ္၊ ေဆးေျခာက္ထည့္သြင္းျပဳလုပ္ထားသည့္ Cookie မုန႔္ အခု (၅ဝ)ႏွင့္ ေဆးေျခာက္ရႉရာတြင္ အသုံး ျပဳသည့္ ေဆးေဂါက္တံတစ္ခုတို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ ဆိုထားသည္။

ဖမ္းဆီးရမိသူမ်ား၏ ထြက္ဆိုခ်က္အရ ၎တို႔သည္ တရားမဝင္ ေပါင္းသင္းေနထိုင္သူမ်ားျဖစ္ၿပီး Cookie မုန႔္မ်ားအတြင္း ေဆးေျခာက္မ်ားကို ထည့္သြင္းျပဳလုပ္ကာ အြန္လိုင္းမွတစ္ဆင့္ ေရာင္းခ်ခဲ့ေၾကာင္း သိရသည္။

ေဆးေျခာက္ထည့္သြင္းမႈ အနည္း/အမ်ားေပၚမူတည္၍ Cookie မုန႔္ တစ္ခုလွ်င္ ေငြက်ပ္ (၆ဝဝဝ) မွ ေငြက်ပ္(၁ဝဝဝဝ)အထိ ေရာင္းခ်ခဲ့ၿပီး ေဆးေျခာက္မ်ားအား အြန္လိုင္းမွတစ္ဆင့္ ျမဝတီဘက္မွ မွာယူ၍ ခရီးသည္တင္ယာဥ္မ်ားျဖင့္ သယ္ေဆာင္ရယူခဲ့ေၾကာင္း နစကထံမွ သိရသည္။ 

လက္ရွိတြင္ ဖမ္းဆီးရမိသူမ်ားအား ဥပေဒအရ ထိေရာက္စြာအေရးယူႏိုင္ေရး ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

အဆိုပါ Cookie မုန႔္ကို စားသုံးသူမ်ားသည္ စတင္စားသုံးစဥ္ ခြန္အားမ်ားတိုးပြားလာကာ အိပ္ခ်င္စိတ္မ်ား ေျပေပ်ာက္ေသာ္လည္း ေနာက္ပိုင္းတြင္ စားခ်င္စိတ္နည္းပါးလာၿပီး ကိုယ္အေလးခ်ိန္က်ဆင္းျခင္း၊ ႂကြက္ သား ေတာင့္တင္းျခင္း၊ အသက္ရႉျမန္ျခင္း၊ အာ႐ုံစူးစိုက္မႈနည္းျခင္း၊ မွတ္ဉာဏ္ယိုယြင္းျခင္း၊ စိတ္တိုေဒါ သထြက္ျခင္းမ်ားျဖစ္ၿပီး စားသုံးသည့္ကာလၾကာလာသည္ႏွင့္အမွ် မစားရလွ်င္ မေနႏိုင္ေအာင္ စြဲလမ္းမႈကို ျဖစ္ေစကာ စိတ္ေခ်ာက္ခ်ားျခင္း၊ စိတ္ဂနာမၿငိမ္ျဖစ္ျခင္း၊ စိတ္ဓာတ္က်ျခင္း၊ ဖ်ားနာလာျခင္း၊ ဦးေႏွာက္အတြင္း ေသြးယိုျခင္း၊ အသက္ရႉက်ပ္ျခင္း၊ ႏွလုံးခုန္ရပ္ျခင္းမ်ားျဖစ္လာကာ ႐ုတ္တရက္ ေသဆုံးသည္အထိ ဆိုးက်ိဳးမ်ားကို ခံစားရႏိုင္ေၾကာင္း သိရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

စစ်ကိုင်း၊ မကွေး နှင့် မော်လမြိုင်မြို့နယ်တို့မှ PDF အဖွဲ့ဝင် (၁၂) ဦး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved