Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေကို ယခုလအတွင်း အာဏာအသက်ဝင်စေရေး ဆောင်ရွက်နေ

ယွန်း (NP News) - မတ် ၉

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ အသက်ဝင်ခဲ့ပါက ကုန်အမှတ်တံဆိပ် လျှောက်ထားလက်ခံမှုကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအား အသက်ဝင်ရေးအတွက် ဆွေးနွေးပွဲကို မတ်လ(၈)ရက်တွင်  မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ်(UMFCCI)၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေကို မြန်မာနိုင်ငံတွင် ၂ဝ၁၉ ခုနှစ်၌ အတည်ပြု ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး ယခုနှစ် မတ်လအတွင်း အာဏာအသက်ဝင်စေရေး အမိန့်ကြေညာစာထုတ်ပြန်နိုင်ရန် ဆွေးနွေးပွဲကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ‌အနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၊ ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ (WIPO) အဖွဲ့ဝင်နိုင်ငံဖြစ် သည်နှင့်အညီ မူပိုင်ခွင့်နှင့်ပတ်သက်သည့် ကုန်သွယ်မှုဆိုင်ရာ သဘောတူစာချုပ်ကို လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းက ပြောသည်။

ထို့ပြင် အာဆီယံအဖွဲ့ဝင် အရှေ့တောင်အာရှနိုင်ငံများအကြား မူပိုင်ခွင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို ပါဝင်ဆောင်ရွက်ရန်လည်း လိုအပ်ကြောင်း ဝန်ကြီးချုပ်ကဆိုသည်။

“နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံခြားကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုမြှင့်တင်ရေး ၊ သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးတို့က မူပိုင်ခွင့်ကဏ္ဍရဲ့ အရေးပါမှုဟာ ပိုပြီးကြီးမားလာပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေကို စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါက ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်မှုများတွင် အခွင့်အရေးများပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။


ထို့ပြင် အမှတ်တံဆိပ်ပိုင်ရှင်နှင့် အခွင့်အရေး ရရှိသူများအနေဖြင့် အမှတ်တံဆိပ်မူပိုင်ခွင့် အခွင့်အရေးများကို ဥပဒေနှင့်အညီခံစားရရှိမည်ဖြစ်ပြီး နိုင်ငံ၏ထွက်ကုန်များကို အရည်အသွေးမြှင့်ပေးနိုင်သည့်အတွက် နိုင်ငံတကာနှင့် ဈေးကွက်ကို ထိုးဖောက်ဝင်ရောက်နိုင်မည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီချုပ်က အသိပေးပြောဆိုခဲ့သည်။

အဆိုပါ ကုန်အမှတ်တံဆိပ်ဥပဒေအာဏာသက်ဝင်ခဲ့ပါက ကုန်အမှတ်တံဆိပ်လျှောက်လွှာလက်ခံမှုကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ နေပြည်တော် နှင့် ရန်ကုန်မြို့များတွင် လျှောက်လွှာလက်ခံမည့် ဌာနများဖွင့်လှစ်၍ လျှောက် လွှာလက်ခံမည်ဖြစ်ပြီး Online မှလည်း လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။

zawgyi version


ယွန်း (NP News) - မတ် ၉











Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လှိုင်မြို့နယ်ရှိ ၆၆ ကေဗွီမြေအောက် ကေဘယ်ကြိုးခိုးယူခံရမှုကြောင့် မြို့နယ်(၃)ခုတွင် ဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်ခဲ့

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved