Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပါကစ္စတန်မှာ စစ်ဆေးရေးဂိတ်အနီး အသေခံကားဗုံးခွဲမှုကြောင့် ပါကစ္စတန်ရဲအရာရှိတစ်ဦးသေဆုံးကာ လူအများအပြားဒဏ်ရာရ

ရောင်နီ (NP News) - ဒီဇင်ဘာ ၂၄

ပါကစ္စတန်နိုင်ငံမြို့တော် အစ္စလာမာဘတ်ရှိ စစ်ဆေးရေးဂိတ်တစ်ခုမှာ အသေခံကားဗုံးဖောက်ခွဲမှုကြောင့် ရဲအရာရှိတစ်ဦးထက်မနည်းသေဆုံးပြီး အခြားလူအများအပြား ဒဏ်ရာရခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားပါတယ်။

ပါကစ္စတန် တာလီဘန်လို့လည်း လူသိများတဲ့ Tehreek-e-Taliban Pakistan (TTP) လက်နက်ကိုင်အဖွဲ့ဟာ သောကြာနေ့(ဒီဇင်ဘာလ ၂၃ ရက်)က ဖြစ်ပွားခဲ့တဲ့ အဆိုပါ တိုက်ခိုက်မှုဟာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဗုံးပေါက်ကွဲမှုဟာ နိုင်ငံရဲ့ ပါလီမန် နဲ့ အဆင့်မြင့်ရုံးများဆီသို့ ဦးတည်တဲ့ လမ်းမကြီးတစ်ခုပေါ်ရှိ ရဲဌာနချုပ် စစ်ဆေးရေးဂိတ် အနီးမှာ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ပေါက်ကွဲမှုမှာ ရဲအရာရှိ လေးဦးနဲ့ အရပ်သား နှစ်ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

တိုက်ခိုက်မှုမှာ အသုံးပြုခဲ့တဲ့ ကားဟာ ဖောက်ခွဲရေးပစ္စည်းတွေ အပြည့်တပ်ဆင်ထားတာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာချက်မှာ ဖော်ပြထားပြီး အခြားအသေးစိတ်အချက်အလက်တွေကိုတော့ မပြောခဲ့ပါဘူး။ “ကားထဲမှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးရှိနေတယ်လို့ ကနဦးအချက်အလက်တွေက ဖော်ပြနေပါတယ်”လို့ အစ္စလာမာဘတ် စစ်ဆင်ရေး ရဲတပ်ဖွဲ့အကြီးအကဲ ဆိုဟေးလ်ဇာဖာ က ပြောကြားပါတယ်။

အဆိုပါ မော်တော်ကားဟာ ရဲတွေက တားဆီးဖို့ကြိုးစားချိန်မှာ မရပ်ခဲ့ဘဲ ဝင်တိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ "ကားထဲက လူတွေကတော့ ပေါက်ကွဲမှုကြောင့် သေဆုံးသွားခဲ့တယ်၊ ဒါကြောင့် ဒါဟာ အသေခံဗုံးခွဲမှုတစ်ခုပါပဲ”လို့ ဇာဖာက ပြောကြားခဲ့ပါတယ်။

TTP ဟာ ပါကစ္စတန်အစိုးရကို ၂ဝဝ၇ ခုနှစ်ကတည်းက စတင်တိုက်ခိုက်ခဲ့ပြီး နိုင်ငံတစ်ဝှမ်းရှိ အရပ်သားများနဲ့ လုံခြုံရေးတပ်ဖွဲ့များကို ရည်ရွယ်ပစ်မှတ်ထားတဲ့ တိုက် ခိုက်မှုပေါင်း ဒါဇင်များစွာပြုလုပ်ခဲ့ပါတယ်။ ဇွန်လက အစိုးရနဲ့ သဘောတူညီထားတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကိုလည်း ပြီးခဲ့သည့်လက ရပ်ဆိုင်းခဲ့ပါတယ်။

ကေးဘားပက်ခ်တွန်ခါဝါ ပြည်နယ်၊ ဘန်နူရှိ အကြမ်းဖက်မှု တန်ပြန်ရေး အဆောက် အအုံတစ်ခုမှာ TTP တိုက်ခိုက်ရေးသမား ဒါဇင်ပေါင်းများစွာကို ပါကစ္စတန်စစ်တပ်က စစ်ဆင်ရေးတစ်ခု ပြုလုပ်ပြီးနောက် သောကြာနေ့မှာ အခုလို ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

zawgyi version

ပါကစၥတန္မွာ စစ္ေဆးေရးဂိတ္အနီး အေသခံကားဗုံးခြဲမႈေၾကာင့္ ပါကစၥတန္ရဲအရာရွိတစ္ဦးေသဆုံးကာ လူအမ်ားအျပားဒဏ္ရာရ

ေရာင္နီ (NP News) - ဒီဇင္ဘာ ၂၄

ပါကစၥတန္ႏိုင္ငံၿမိဳ႕ေတာ္ အစၥလာမာဘတ္ရွိ စစ္ေဆးေရးဂိတ္တစ္ခုမွာ အေသခံကားဗုံးေဖာက္ခြဲမႈေၾကာင့္ ရဲအရာရွိတစ္ဦးထက္မနည္းေသဆုံးၿပီး အျခားလူအမ်ားအျပား ဒဏ္ရာရခဲ့ေၾကာင္း တာဝန္ရွိသူမ်ားက ေျပာၾကားပါတယ္။

ပါကစၥတန္ တာလီဘန္လို႔လည္း လူသိမ်ားတဲ့ Tehreek-e-Taliban Pakistan (TTP) လက္နက္ကိုင္အဖြဲ႕ဟာ ေသာၾကာေန႔(ဒီဇင္ဘာလ ၂၃ ရက္)က ျဖစ္ပြားခဲ့တဲ့ အဆိုပါ တိုက္ခိုက္မႈဟာ ၎တို႔လက္ခ်က္ျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

ဗုံးေပါက္ကြဲမႈဟာ ႏိုင္ငံရဲ႕ ပါလီမန္ နဲ႔ အဆင့္ျမင့္႐ုံးမ်ားဆီသို႔ ဦးတည္တဲ့ လမ္းမႀကီးတစ္ခုေပၚရွိ ရဲဌာနခ်ဳပ္ စစ္ေဆးေရးဂိတ္ အနီးမွာ ျဖစ္ပြားခဲ့ျခင္း ျဖစ္ၿပီး အဆိုပါ ေပါက္ကြဲမႈမွာ ရဲအရာရွိ ေလးဦးနဲ႔ အရပ္သား ႏွစ္ဦးထက္မနည္း ဒဏ္ရာရခဲ့ေၾကာင္း သိရပါတယ္။

တိုက္ခိုက္မႈမွာ အသုံးျပဳခဲ့တဲ့ ကားဟာ ေဖာက္ခြဲေရးပစၥည္းေတြ အျပည့္တပ္ဆင္ထားတာျဖစ္တယ္လို႔ ျပည္ထဲေရးဝန္ႀကီးဌာနက ေၾကညာခ်က္မွာ ေဖာ္ျပထားၿပီး အျခားအေသးစိတ္အခ်က္အလက္ေတြကိုေတာ့ မေျပာခဲ့ပါဘူး။ “ကားထဲမွာ အမ်ိဳး သားတစ္ဦးနဲ႔ အမ်ိဳးသမီးတစ္ဦးရွိေနတယ္လို႔ ကနဦးအခ်က္အလက္ေတြက ေဖာ္ျပေနပါတယ္”လို႔ အစၥလာမာဘတ္ စစ္ဆင္ေရး ရဲတပ္ဖြဲ႕အႀကီးအကဲ ဆိုေဟးလ္ဇာဖာ က ေျပာၾကားပါတယ္။

အဆိုပါ ေမာ္ေတာ္ကားဟာ ရဲေတြက တားဆီးဖို႔ႀကိဳးစားခ်ိန္မွာ မရပ္ခဲ့ဘဲ ဝင္တိုက္ခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။ "ကားထဲက လူေတြကေတာ့ ေပါက္ကြဲမႈေၾကာင့္ ေသဆုံးသြားခဲ့တယ္၊ ဒါေၾကာင့္ ဒါဟာ အေသခံဗုံးခြဲမႈတစ္ခုပါပဲ”လို႔ ဇာဖာက ေျပာၾကားခဲ့ပါတယ္။

TTP ဟာ ပါကစၥတန္အစိုးရကို ၂ဝဝ၇ ခုႏွစ္ကတည္းက စတင္တိုက္ခိုက္ခဲ့ၿပီး ႏိုင္ငံတစ္ဝွမ္းရွိ အရပ္သားမ်ားနဲ႔ လုံၿခဳံေရးတပ္ဖြဲ႕မ်ားကို ရည္႐ြယ္ပစ္မွတ္ထားတဲ့ တိုက္ ခိုက္မႈေပါင္း ဒါဇင္မ်ားစြာျပဳလုပ္ခဲ့ပါတယ္။

ဇြန္လက အစိုးရနဲ႔ သေဘာတူညီထားတဲ့ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ကိုလည္း ၿပီးခဲ့သည့္လက ရပ္ဆိုင္းခဲ့ပါတယ္။ ေကးဘားပက္ခ္တြန္ခါဝါ ျပည္နယ္၊ ဘန္ႏူရွိ အၾကမ္းဖက္မႈ တန္ျပန္ေရး အေဆာက္ အအုံတစ္ခုမွာ TTP တိုက္ခိုက္ေရးသမား ဒါဇင္ေပါင္းမ်ားစြာကို ပါကစၥတန္စစ္တပ္က စစ္ဆင္ေရးတစ္ခု ျပဳလုပ္ၿပီးေနာက္ ေသာၾကာေန႔မွာ အခုလို ဗုံးခြဲတိုက္ခိုက္မႈ ျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ချောင်းဦးမြို့နယ်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းကို Drone ဖြင့် ဗုံးပစ်ချဖောက်ခွဲမှုကြောင့် (၈)နှစ်အရွယ်ကလေးအပါအဝင်ပြည်သူ (၁ဝ)ဦး ထိခိုက်ဒဏ်ရာရရှိ

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved