MFF Rhino Futsal Championship 2023 ပြိုင်ပွဲ ဗိုလ်လုပွဲအား VUC FC နှင့် Generations FC တို့ယှဥ်ပြိုင်ကစားမည်
ကျော် (NSS) - နိုဝင်ဘာ ၂၈
MFF Rhino Futsal Championship 2023 ပြိုင်ပွဲ ဗိုလ်လုပွဲအား VUC FC နှင့် Generations FC တို့သည်မနက်ဖြန်(နိုဝင်ဘာလ ၂၉ ရက်)တွင် ယှဥ်ပြိုင်ကစားသွားမည်ဖြစ်သည်။
VUC FC နှင့် Generations FC တို့၏ ဗိုလ်လုပွဲအား ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းရှိ MFF Futsal Stadium တွင် မနက်ဖြန်၊ နေ့လည် ၃ နာရီ၌ စတင်ယှဥ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် တတိယနေရာလုပွဲအဖြစ် ယှဥ်ပြိုင်ကစားမည့် MIU FC နှင့် M-Million FC အသင်းတို့၏ပွဲစဥ်ကိုလည်း မနက်ဖြန်၊ နေ့လည် ၁ နာရီတွင် MFF Futsal Stadium ၌ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
MFF Rhino Futsal Championship 2023 ပြိုင်ပွဲအား (၄)သင်းပါ (၂)အုပ်စု၊ (၃)သင်းပါ (၆)အုပ်စု (စုစုပေါင်း အုပ်စု ၈ စု)ခွဲ၍ နိုဝင်ဘာလ ၁၆ ရက်၊ နံနက်ပိုင်းမှစတင်ကာ အုပ်စုပွဲစဥ်များအဖြစ် တစ်ရက်လျှင် ၆ ပွဲနှုန်းဖြင့် ယှဥ်ပြိုင်ကစားခဲ့ခြင်းဖြစ်သည်။
အဆိုပါ MFF Rhino Futsal Championship 2023 ပြိုင်ပွဲအား အသင်းပေါင်း ၂၆ သင်းပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ၄ ရက်ကြာ အပစ်ခတ်ရပ်စဲရေး နောက်ဆုံးရက်မှာ ဖမ်းဆီးထားသူများကို အပြန်အလှန် ပြန်လွှတ်ပေး
RELATED POSTS
01 Aug 2024 | အားကစား,နိုင်ငံတကာ
30 Jul 2024 | အားကစား,နိုင်ငံတကာ
07 Jul 2024 | အားကစား,နိုင်ငံတကာ
23 May 2024 | အားကစား,ပြည်တွင်း