တောင်ကိုရီးယားနာမည်ကျော်များဖြစ်တဲ့ V၊ လီမင်ဟိုနဲ့ လီဂျန်ဂျေးတို့နဲ့တွေ့ရတဲ့ ဖက်ရှင်ဒီဇိုင်နာ ရီကာဒိုတိုက်စီ
ရောင်နီ (NSS) - နိုဝင်ဘာ ၂၈
ကမ္ဘာကျော်အီတလီဖက်ရှင်ဒီဇိုင်နာ၊ Burberry Limited အရာရှိချုပ်ဟောင်း ရီကာဒိုတိုက်စီနဲ့ တောင်ကိုရီးယား နာမည်ကျော်တွေနဲ့ တွဲဖက်ရိုက်ကူးထားတဲ့ဓာတ်ပုံတွေ အင်စတာဂရမ်မှာ တွေ့လာရပါတယ်။
၎င်းနဲ့အတူ တွေ့ခဲ့ရတဲ့ တောင်ကိုရီးယားနာမည်ကျော်တွေကတော့ BTS အဖွဲ့ဝင် V၊ လီမင်ဟို၊ Squit Game မင်းသားချော လီဂျန်ဂျေးတို့ဖြစ်ပြီး လီမင်ဂျေးက ဓာတ်ပုံတွေကို သူ့ရဲ့အင်စတာဂရမ်မှာ နိုဝင်ဘာ ၂၇ ရက်က မျှဝေခဲ့တာပါ။ ဒါမတိုင်ခင်ကလည်း ရီကာဒိုတိုက်စီဟာ တောင်ကိုရီးယားရှိ နာမည်ကြီးနေရာတွေကို သွားရောက် လည်ပတ်ခဲ့တဲ့ဓာတ်ပုံတွေကို မျှဝေခဲ့ပါသေးတယ်။
ရီကာဒိုတိုက်စီဟာ Burberry ရဲ့ အရာရှိချုပ်ဟောင်းဖြစ်ပြီး သူ့ရဲ့ ဖန်တီးမှုစွမ်းရည်တွေကို ဂီတ၊ ရုပ်ရှင်၊ အနုပညာ၊ အားကစားနဲ့ ဖက်ရှင်လောကတွေထိ ကျယ်ကျယ်ပြန့်ပြန့်မြင်တွေ့နိုင်တဲ့ နာမည်ကျော် ဒီဇိုင်နာတစ်ယောက် ဖြစ်ပါ တယ်။ အခုပုံတွေကတော့ သူတို့ရဲ့ခင်မင်ရင်းနှီးမှုကို မြင်တွေ့နိုင်ပါတယ်။
BTS အဖွဲ့ဝင် V ဟာ ၎င်းရဲ့အခြားအဖွဲ့ဝင်တွေဖြစ်တဲ့ RM၊ ဂျီမင်၊ ဂျောင်ကွတ်တို့နဲ့အတူ စစ်မှုထမ်းဖို့ ပြင်ဆင်နေပြီး လီမင်ဟိုကတော့ သူ့ရဲ့နောက်ထပ် ဒရာမာဇာတ်လမ်းတွဲ "Ask the Stars” အတွက် ပြင်ဆင်နေပါတယ်။ Squid Game ကြယ်ပွင့် လီဂျန်ဂျေးကတော့ သူ့ရဲ့နာမည်ကျော်စီးရီး “Squid Game” ရဲ့ Season 2 အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ (နိုဝင်ဘာလ ၂၇ ရက်) တန်ဆောင်မုန်းလပြည့်နေ့တွင် ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်၌ ကျင်းပနေသော တန်ဆောင်တိုင်ပွဲတော် မြင်ကွင်းများ (Photo News)
RELATED POSTS
19 Sep 2024 | အနုပညာ,နိုင်ငံတကာ
18 Sep 2024 | အနုပညာ,နိုင်ငံတကာ
17 Sep 2024 | အနုပညာ,နိုင်ငံတကာ