အီတလီနိုင်ငံမှာ White Truffles မှိုတွေ စျေးကောင်းရ
ရောင်နီ (NSS) - နိုဝင်ဘာ ၂၈
အီတလီနိုင်ငံအလယ်ပိုင်း ဘရူဇို နဲ့ မိုလီဆာဒေသများရှိ သစ်ပင်တွေရဲ့အမြစ်တွေအနီး ပေါက်ရောက်လေ့ရှိတဲ့ White Truffles မှို (weed တမျိုး) တွေဟာ ရှားပါးသလို စျေးကောင်းရပြီး အဝယ်လိုက်နေတယ်လို့ သိရပါတယ်။
အဆိုပါမှိုတွေကို မုဆိုးတွေက အထူးလေ့ကျင့်ထားတဲ့ခွေးတွေနဲ့ လိုက်လံရှာဖွေကြတာဖြစ်ပြီး မှိုရဲ့ အဆိပ်သင့်ခြင်း ကြောင့် အမဲလိုက်ခွေးတွေ သေဆုံးခဲ့ရတာလည်း ရှိတယ်လို့ ဒေသခံ Carabinieri ရဲတပ်ဖွဲ့ရဲ့ တိရစ္ဆာန်ကာကွယ် စောင့်ရှောက်ရေးယူနစ်က ပြောကြားခဲ့ပါတယ်။
တစ်နှစ်ကို ပျမ်းမျှအားဖြင့် အီတလီနိုင်ငံတစ်ဝှမ်းမှာ မှိုအမဲလိုက်ခွေး ၁ဝ ကောင်ခန့် သေဆုံးနေတယ်လို့ တိရစ္ဆာန်အခွင့်အရေးအဖွဲ့များက ပြောပါတယ်။ ဒါပေမယ့် စာရင်းဇယားမရှိဘဲ သေဆုံးခဲ့တဲ့ အမဲလိုက်ခွေးတွေလည်း ရှိတာ ကြောင့် အမှန်တကယ်သေဆုံးမှုအရေအတွက်တွေဟာ စာရင်းထက်ပိုများနိုင်တယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း White Truffle မှို ဟာ ဒေါ်လာသန်းပေါင်းများစွာ ရရှိနိုင်တာကြောင့် မုဆိုးတွေကတော့ မှိုတွေကို ဆက်လက်ရှာဖွေနေတုန်းပါပဲ။ ယေဘုယျအားဖြင့် စက်တင်ဘာလမှ နိုဝင်ဘာလအထိ truffle ရာသီအတွင်း တစ်ရက်ကို ဒေါ်လာထောင်ပေါင်းများစွာ ဝင်ငွေရနိုင်တယ်လို့ သိရပါတယ်။
၂ဝ၂၂ ခုနှစ် အီတလီနိုင်ငံ၊ Alba မှာ လေလံပွဲတစ်ခုမှာ ပေါင်ဝက်ရှိတဲ့ truffle တစ်ပေါင်ကို ဒေါ်လာ ၂ဝဝဝဝဝ ရရှိခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၁၁-၂၇ မှာ ကြီးကြီးမားမား ဖြစ်ခဲ့တာရှိသလား၊ ရှမ်းမြောက်တခွင်ကို ဆုံးရှုံးခံမလို့လား၊ လွိုင်ကော်မှာ တပ်က ပြန်လည်စိုးမိုးဖို့ကြိုးစားလာ (၂၇-၁၁-၂ဝ၂၃)
RELATED POSTS
14 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,နိုင်ငံတကာ
12 Sep 2024 | စီးပွားရေး,ပြည်တွင်း
12 Sep 2024 | စီးပွားရေး,ပြည်တွင်း