မြန်မာ-တရုတ်နှစ်နိုင်ငံ အကောင်အထည်ဖော်နေသည့် Myanmar CDC စင်တာကို ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေ
ယွန်း (NSS) - နိုဝင်ဘာ ၂၇
မြန်မာ-တရုတ်နှစ်နိုင်ငံ အကောင်အထည်ဖော်နေသည့် Myanmar CDC စင်တာကို ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက နိုဝင်ဘာလ(၂၆)ရက်တွင် Myanmar CDC တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစဥ် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ ရောဂါထိန်းချုပ်နှိမ်နင်းရေး ဗဟိုဌာန နှင့် ကျန်းမာရေးဝန်ထမ်းသင်တန်းကျောင်း(Myanmar CDC)သည် ယွမ်သန်း ၄၀၀ ခန့်တန်ဖိုးရှိပြီး နိုင်ငံတကာအဆင့်မီရောဂါထိန်းချုပ်နှိမ်နင်းရေးဗဟိုဌာနတစ်ခုဖြစ်သည်။
၎င်းစီမံကိန်းကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး လာမည့် (၂၀၂၄)ခုနှစ် နှစ်ဆန်းပိုင်းတွင် ဖွင့်လှစ်၍ လည်ပတ်ဆောင်ရွက်နိုင်ရေးကို ဆောင်ရွက်နေကြောင်း ဒုဝန်ကြီးက အသိပေးပြောကြားထားသည်။
အဆိုပါဗဟိုဌာနတွင် Biosafety Level 3 အဆင့်အထိရှိသော ဓာတ်ခွဲခန်းများအပါအဝင် နိုင်ငံတကာ အဆင့်မီဓာတ်ခွဲခန်းများ၊ ရောဂါထိန်းချုပ်နှိမ်နင်းရေး စနစ်များပါရှိသော သုံးထပ်ရောဂါထိန်းချုပ်နှိမ်နင်းရေးအဆောက်အအုံများလည်းပါဝင်ပြီး သင်တန်းသားသင်တန်းသူ (၂၀၀) ခန့်ထားရှိလေ့ကျင့်သင်ကြားပေးနိုင်မည့် သုံးထပ်ကျန်းမာရေးသင်တန်းကျောင်း အဆောက်အအုံနှင့် နှစ်ထပ်အုပ်ချုပ်မှု ဆိုင်ရာ အဆောက်အအုံတို့ပါရှိကြောင်း သိရသည်။
လက်ရှိတွင် Myanmar CDC တွင် တာဝန်ထမ်းဆောင်ကြမည့် ကျန်းမာရေးဝန်ထမ်းများကို တရုတ်နိုင်ငံသို့ စေလွှတ်၍ လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောထားသည်။
တည်ဆောက်ရေးစီမံကိန်းအား မြန်မာ နှင့် တရုတ်တို့၏ ချစ်ကြည်ရေးသင်္ကေတအဖြစ် အရှေ့တောင်အာရှဒေသအတွင်း နိုင်ငံတကာ အဆင့်မီ ရောဂါကာကွယ်ထိန်းချုပ်ရေး၊ သုတေသနပြုလုပ်ရေး နှင့် ကျန်းမာ ရေးလူ့စွမ်းအား အရင်းအမြစ်များဖွံ့ဖြိုးရေးအတွက် ဗဟိုဌာနတစ်ခုအား မြန်မာနိုင်ငံတွင် ထူထောင်သွားရန် ရည်ရွယ်၍ အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ယာယီအပစ်ခတ်ရပ်စဲရေးကို ထပ်မံသက်တမ်းတိုးဖို့ အမေရိကန်အစိုးရ မျှော်လင့်နေ
RELATED POSTS
06 Sep 2024 | ကျန်းမာရေး,နိုင်ငံတကာ
31 Aug 2024 | ကျန်းမာရေး,နိုင်ငံတကာ
27 Aug 2024 | ကျန်းမာရေး,ပြည်တွင်း
26 Aug 2024 | ကျန်းမာရေး,နိုင်ငံတကာ