အိန္ဒိယနိုင်ငံရှိ တက္ကသိုလ်တစ်ခုတွင် လူနင်းမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၄)ဦးသေဆုံးကာ ဒါဇင်ချီ ထိခိုက်ဒဏ်ရာရရှိ
Pika (NSS) - နိုဝင်ဘာ ၂၆
အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ တက္ကသိုလ်တစ်ခုတွင် နိုဝင်ဘာလ(၂၅)ရက် ညနေပိုင်းက လူနင်းမှုများကြောင့် အနည်းဆုံးလူ(၄)ဦးသေဆုံးခဲ့ပြီး အခြားလူဒါဇင်ချီ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာတာဝန်ရှိသူများနှင့် မီဒီယာများက ဖော်ပြခဲ့သည်။
ဖျော်ဖြေပွဲကျင်းပရန်စီစဉ်ထားသော အနောက်တောင်ပိုင်းပြည်နယ်တစ်ခုဖြစ်သည့် ကီရာလာပြည်နယ်ရှိ Cochin University of Science and Technology (CUSAT) ၏ ခန်းမအပြင်ဖက်တွင် လူနင်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ကီရာလာပြည်နယ်အုပ်ချုပ်ရေးမှူး Arif Mohammed Khan က "ဒီဖြစ်ရပ်ဆိုးအတွင်းမှာ တက္ကသိုလ်ကျောင်းသား လေးဦး သေဆုံးခဲ့တာနဲ့ပတ်သက်ပြီး တကယ်ကို စိတ်မကောင်းဖြစ်မိပါတယ်။ သူတို့ရဲ့မိသားစုဝင်တွေ၊ သူငယ်ချင်း တွေအတွက်လည်း ဝမ်းနည်းမိပါတယ်။ ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေလည်း အမြန်ဆုံးပြန်ကောင်းလာလို့ ဆုတောင်း ပေးပါတယ်" ဟု တွစ်တာတွင် ရေးသားဖော်ပြခဲ့သည်။
အဆိုပါ လူနင်းမှုအတွင်း သေဆုံးခဲ့သူလေးဦးကို Kalamassery Medical College ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိသူများထဲမှ (၄)ဦးမှာ စိုးရိမ်ရသည့်အခြေအနေတွင်ရှိကြောင်း ကီရာလာပြည်နယ်ကျန်းမာရေးဝန်ကြီး Veena George က ပြောကြားခဲ့သည်။
လူနင်းမှုအတွင်း လူ(၆ဝ)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း PTI သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။ လူအများ အပြားသည် လှေကားထစ်များပေါ်တွင် ချော်လဲကာ လူနင်းမှုများဖြစ်ပွားချိန်တွင် ခန်းမအပြင်ဖက်ရှိ လူအုပ်ကြီး သည် လူနင်းမှုများမှ လွတ်မြောက်ရန်အတွက် ထွက်ပြေးခဲ့ကြခြင်းဖြစ်ကြောင်း ဒေသတွင်းရဲအရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး PTI သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
အိန္ဒိယနိုင်ငံတွင်ဖြစ်ပွားခဲ့သော လူအသေအပျောက် အများဆုံး လူနင်းမှုများထဲမှ တစ်ခုမှာ ပြီးခဲ့သည့်ဆယ်စုနှစ်ခန့် က Madhya Pradesh ပြည်နယ်ရှိ ဘာသာရေးပွဲတော်တစ်ခုတွင် ဖြစ်ပွားခဲ့သော လူနင်းမှုဖြစ်ပြီး အနည်းဆုံး လူ(၁၁၅)ဦး သေဆုံးခဲ့ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းစစ်ပွဲက ရှုံးနိမ့်နေပြီဖြစ်ကြောင်း ပင်တဂွန်အကြံပေးဟောင်း ထုတ်ဖော်ပြော
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း