၄၄ ကြိမ်မြောက် Blue Dragon Film Awards မှာ အကောင်းဆုံးသရုပ်ဆောင်ဆုကို လီဗြောင်ဟွမ်းမှ သိမ်းပိုက်
ရောင်နီ (NSS) - နိုဝင်ဘာ ၂၆
နိုဝင်ဘာ ၂၄ ရက် ညက တောင်ကိုရီးယားနိုင်ငံ၊ Yeouido ရှိ KBS Hall မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၄၄ ကြိမ်မြောက် Blue Dragon Film Awards ဆုပေးပွဲမှာ လီဗြောင်ဟွမ်းက အကောင်းဆုံးသရုပ်ဆောင်ဆုကို သိမ်းပိုက် ရရှိခဲ့ပါတယ်။
နိုဝင်ဘာလ ၂၄ ရက်က ပြုလုပ်ခဲ့တဲ့ အဆိုပါ ဆုပေးပွဲမှာ ကင်ဟေးဆိုးနဲ့ ယိုးယွန်ဆော့တို့က ဧည့်သည်များအဖြစ် ပြန်လည်ရောက်ရှိလာကြပြီး ယခုနှစ်အတွက် အကြီးကျယ်ဆုံး အောင်မြင်မှု ဆုတွေကို ဂုဏ်ပြုချီးမြှင့်ပေးခဲ့ပါတယ်။ ဆုတွေအနေနဲ့ကတော့ ၂ဝ၂၃ ခုနှစ်မှာ ထွက်ရှိပြီး လူကြိုက်များ ရေပန်းစားခဲ့တဲ့ "Smugglers” ရုပ်ရှင်ဟာ အကောင်းဆုံးရုပ်ရှင်ဆု ရရှိခဲ့ပါတယ်။
ဒါ့အပြင် ဒီဇာတ်ကားနဲ့ပဲ အကောင်းဆုံးဇာတ်ပို့သရုပ်ဆောင်ဆုကို ဂျိုအင်ဆန်းမှလည်းကောင်း၊ အကောင်းဆုံး တက်သစ်စ သရုပ်ဆောင် မင်းသမီးဆုကို ဂိုမင်စီမှလည်းကောင်း၊ အကောင်းဆုံးတေးဂီတဆု အပါအဝင် စုစုပေါင်း ဆု လေးဆု ဆွတ်ခူးသွားခဲ့ပါတယ်။ အကောင်းဆုံးဒါရိုက်တာ ဆုကိုတော့ "The Night Owl” ရဲ့ ဒါရိုက်တာအသစ် အာတေးဂျင် က ရရှိခဲ့ပါတယ်။ လီဗြောင်ဟွန်းကတော့ "Concrete Utopia” ရုပ်ရှင်နဲ့ အကောင်းဆုံးသရုပ်ဆောင် ဆုကို ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။
Blue Dragon Film Awards ဟာ Grand Bell Awards လို ပွဲတစ်ခုဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားများကိုသာ ဆုပေးတဲ့ပွဲမျိုးဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံအရေး လက်နက်ကိုင်ပဋိပက္ခတွင်ပါဝင်နေသည့် အဖွဲ့အစည်းများအားလုံး သည်းခံချုပ်တည်းကြရန် အာဆီယံအဖွဲ့ တိုက်တွန်းတောင်းဆို
RELATED POSTS
19 Sep 2024 | အနုပညာ,နိုင်ငံတကာ
18 Sep 2024 | အနုပညာ,နိုင်ငံတကာ
17 Sep 2024 | အနုပညာ,နိုင်ငံတကာ