အမေရိကန် ဟာသသရုပ်ဆောင် တစ်ဖနီဟာဒစ်ရှ် ယာဉ်စည်းကမ်းဖောက်ဖျက် မောင်းနှင်မှုနဲ့ ဖမ်းဆီးခံရ
ရောင်နီ (NSS) - နိုဝင်ဘာ ၂၅
အမေရိကန် သရုပ်ဆောင် တစ်ဖနီဟာဒစ်ရှ်ဟာ ယာဉ်စည်းကမ်းဖောက်ဖျက် မောင်းနှင်မှု သံသယနဲ့ သောကြာနေ့ (နိုဝင်ဘာလ ၂၄ ရက်) နံနက်အစောပိုင်းက ဖမ်းဆီးခံခဲ့ရတယ်လို့ Beverly Hills ရဲ့ဌာနမှ ဖော်ပြချက်အရ သိရပါတယ်။
၎င်းဟာ သောကြာနေ့ (နိုဝင်ဘာလ ၂၄ ရက်)၊ နံနက် ၅ နာရီ ၄၅ မိနစ်က ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ TMZ ရဲ့အဆိုအရ ဟာဒစ်ရှ်ဟာ ယာဉ်မတော်တဆမှု မဖြစ်ခဲ့ပေမယ့်လည်း ကားမောင်းနေရင်း အိပ်ပျော်နေခဲ့တာ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ဟာဒစ်ရ်ှဟာ ကြာသပတေးနေ့ (နိုဝင်ဘာလ ၂၃ ရက်) က အနောက်ဟောလိဝုဒ်ရှိ The Laugh Factory မှာ ကျေးဇူးတော်နေ့ပွဲအတွက် ၎င်းတို့ ဟာသကလပ်ရဲ့ ၄၃ နှစ်မြောက် ဖျော်ဖြေပွဲကို သွားရောက်ဖျော်ဖြေခဲ့ပါတယ်။ အဲဒီဖျော်ဖြေပွဲမှ ပြန်လာစဉ်မှာ အခုလို ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။
ဟာသသရုပ်ဆောင် မင်းသမီးဟာဒစ်ရှ်ဟာ ၂၀၂၂ ခုနှစ်ကလည်း ဂျော်ဂျီယာနိုင်ငံ Peachtree မြို့မှာ ယာဉ်စည်းကမ်းဖောက်ဖျက်မှုသံသယနဲ့ ဖမ်းဆီးခံခဲ့ရဖူးပါတယ်။ သူမကို "Girls Trip" ဇာတ်ကားနဲ့ လူသိများပြီး ရုပ်မြင်သံကြားရှိုးများစွာမှာ မြင်တွေ့ရလေ့ရှိပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးနှင့်ဟားမက်အဖွဲ့ကြား ယာယီအပစ်ခတ်ရပ်စဲပြီးနောက် ဖမ်းဆီးထားသူများ အပြန်အလှန်လွှတ်ပေးမှု စတင်လုပ်ဆောင်
RELATED POSTS
19 Sep 2024 | အနုပညာ,နိုင်ငံတကာ
18 Sep 2024 | အနုပညာ,နိုင်ငံတကာ
17 Sep 2024 | အနုပညာ,နိုင်ငံတကာ