Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
လောက်ကိုင်မြို့ပတ်ဝန်းကျင်၌ တိုက်ပွဲဖြစ်၊ ၁၀၂၇ စစ်ဆင်ရေး လောက်ကိုင်မြို့သို့ ဦးတည်လာနေကြောင်း MNDAA အသိပေး

မြူနစ် (NSS) - နိုဝင်ဘာ ၂၅

ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့ပတ်ဝန်းကျင်၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေးသည် လောက်ကိုင်မြို့သို့ ဦးတည်လာနေကြောင်း MNDAA ဘက်က အသိပေးထားသည်။


ယမန်နေ့(နိုဝင်ဘာလ ၂၄ ရက်)တွင် လောက်ကိုင်မြို့ ပတ်ဝန်းကျင်ရှိ နေရာ(၃)ခုတွင် တပ်မတော်နှင့် MNDAA၊ TNLA ပူးပေါင်းအဖွဲ့များကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

လောက်ကိုင်မြို့သစ်ဟု ခေါ်ဆိုလေ့ရှိသော တုန်းချိန်တစ်ဝိုက်တွင် ယမန်နေ့ နံနက်ပိုင်းမှစ၍ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း မြို့ခံတစ်ဦးကလည်း NSS ကို ပြောသည်။

“တုန်းချိန်ဘက်မှာ ပစ်နေကြတာ။ တုန်းချိန်က လောက်ကိုင်ရဲ့ မြို့သစ်လို့ ခေါ်လို့ရတာပေါ့။ တော်တော်လေးပြင်းထန်ပုံရတယ်။ တိုက်လေယာဉ်တွေရော၊ လက်နက်ကြီးပစ်သံတွေရော ထောင့်ပေါင်းစုံကနေ ကြားနေရတယ်။ စစ်မီးက လောက်ကိုင်မြို့ထဲထိ ရောက်လာမှာ အရမ်းစိုးရိမ်တယ်”ဟု လောက်ကိုင်မြို့ခံတစ်ဦးက ပြောသည်။

၁၀၂၇ စစ်ဆင်ရေးသည် လောက်ကိုင်ဒေသဘက်သို့ ဦးတည်လာနေပြီဖြစ်ကြောင်းလည်း ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA က ထုတ်ဖော်အသိပေးထားသည်။

ထို့ပြင် ယမန်နေ့တွင်လည်း လောက်ကိုင်မြို့သစ်ဟု ခေါ်ဆိုလေ့ရှိသော တုန်းချိန်ဒေသတစ်ဝိုက်ရှိ တပ်မတော်၏ ဆိုင်တာအိုင်တောင်ကုန်းစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကာ သိမ်းနိုင်ခဲ့သည်ဟု MNDAA က ထုတ်ပြန်ထားသည်ကို တွေ့ရှိရသော်လည်း NSS အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အလားတူ ယမန်နေ့တွင်လည်း ရှမ်းပြည်နယ်အရှေ့မြောက်ဘက်ရှိ နမ့်စလပ် နှင့် မုံးကျက်တို့တွင်လည်း တပ်မတော် နှင့် MNDAA၊ TNLA တို့ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း နစကမှ ဆိုသည်။

“ရှမ်းပြည်နယ်အရှေ့မြောက်ဘက်မှာတော့ နမ့်စလပ်မှာ ထိတွေ့တိုက်ပွဲ ဆက်လက်ဖြစ်ပွားတာရှိပါတယ်။ မုံးကျက်မှာတော့ စခန်းနေရာရွှေ့ပြောင်းခဲ့တာရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီးလည်း နမ့်စလပ်နဲ့ မုံးကျက်မှာ MNDAA ၊ TNLA အဖွဲ့က အကျအဆုံးများစွာ ရှိပါတယ်။ ဒါကြောင့်လည်း ဒီနေ့မှာ ဓာတုဗုံးတွေ သုံးနေတယ်ဆိုတဲ့ စွပ်စွဲချက်မျိုး ထွက်ပေါ်လာတာရှိပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

MNDAA ဦးဆောင်သော TNLA၊ AA မဟာမိတ်လက်နက်ကိုင် (၃)ဖွဲ့သည် ပြီးခဲ့သော အောက်တိုဘာလ ၂၇ ရက်မှစတင်ကာ ၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် တပ်မတော်လုံခြုံရေးစခန်းများကို အင်အားအလုံး အရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ကာ စစ်ပွဲများကို စတင်ဖော်ဆောင်ခဲ့သည်။

ထိုသို့တိုက်ခိုက်မှုများကြောင့် ပြည်ထောင်စုလမ်းမရှိ တံတားနှင့် လမ်းပိုင်းများသည် ပျက်စီးမှုများရှိခဲ့ကာ ကုန်သွယ်မှုများသည်လည်း လုံးဝရပ်တန့်လျက်ရှိသည်။

လက်ရှိတွင် လောက်ကိုင်မြို့၌ ဆန်တစ်ပြည်လျှင် တရုတ်ယွမ် ၁၅၀ (မြန်မာငွေကျပ် ၇၀၀၀၀ ဝန်းကျင်)အထိ ဈေးမြင့်တက်လျက်ရှိပြီး အခြေခံပြည်သူများ ရပ်တည်ရန် ခက်ခဲလာနေကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တိုက်ပွဲအတွင်းပျက်စီးသွားသည့် ကျောက်မဲမြို့နယ်ရှိ ကျေးရွာများမှနေအိမ်များအတွက် သွပ်နှင့်အလှူငွေများလှူဒါန်းမည်

RELATED POSTS
RECENT POSTS
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved