Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
PNLO အခြေပြုဒေသများသို့ စစ်ဘေးရှောင်များနေ့စဥ်ရောက်ရှိလာပြီး လာရောက်ခိုလှုံသူ ၉၀၀၀ ကျော်အထိရှိလာ

ကျော် (NSS) - နိုဝင်ဘာ ၂၅

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)အခြေပြုဒေသများသို့ ကယားပြည်နယ်မှစစ်ဘေးရှောင်များ နေ့စဥ်ရောက်ရှိလာကာ စစ်ဘေးရှောင်ဦးရေ ၉၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း ဆီဆိုင်မြို့၊ PNLO ဆက်ဆံရေးရုံးတာဝန်ခံ ဆရာခွန်ထွန်းမှ ယနေ့ (နိုဝင်ဘာလ ၂၅ ရက်)က NSS ကိုပြောသည်။


"စစ်ဘေး‌ရှောင်တွေက နေ့စဥ်ဝင်လာကြတယ်။ ညဘက်ကြမှရောက်လာကြတဲ့လူတွေလည်းရှိတယ်။ PNLO ရဲ့အခြေပြုဒေသနဲ့ဆက်စပ်ဧရိယာတွေမှာ စစ်ဘေးရှောင်စခန်း ၂၁ ခုဖွင့်ထားရတယ်။ လက်ရှိခန့်မှန်းလူဦးရေ ၉၀၀၀ ကျော်လောက်ခိုလှုံနေကြတယ်"ဟု ဆရာခွန်ထွန်းကပြောသည်။

အဆိုပါ စစ်ဘေးရှောင်စခန်း ၂၁ ခုအပြင် PNLO အခြေပြုဒေသများရှိ ဆွေမျိုးအိမ်များ၊ အသိမိတ်ဆွေအိမ်များတွင် ရောက်ရှိခိုလှုံနေကြသူများလည်းရှိနေကြောင်း သိရသည်။

"ကျွန်တော်တို့ PNLO အခြေပြုဒေသမှာ စခန်း ၃ ခု၊ ဆက်စပ်ဧရိယာမှာစခန်း ၁၈ ခု အားလုံးပေါင်း ၂၁ ခုကိုလတ်တလောဖွင့်ထားရတယ်။ အရန်ရိက္ခာတွေကိုလည်း ဖြန့်ခွဲပြီးပို့ပေးထားတယ်။ ရိက္ခာလိုအပ်ချက်တွေတော့ရှိတယ်"ဟု ဆရာခွန်ထွန်းက ပြောသည်။

PNLO အခြေပြုဒေသနှင့်ဆက်စပ်ဧရိယာများတွင်ဖွင့်လှစ်ထားသည့် စစ်ဘေးရှောင်စခန်းများတွင် စစ်ဘေးရှောင်များထပ်မံရောက်ရှိလာပါက နေထိုင်ရအဆင်ပြေစေရန် အဆောက်အဦးများကို PNLO မှတာဝန်ရှိသူများက ဆောက်လုပ်ပေးလျက်ရှိကြောင်း သိရသည်။

"စစ်ဘေးရှောင်တွေအတွက် အလှူရှင်တွေက လှူဒါန်းတာတွေကိုလည်း ဖြန့်ခွဲပေးပို့လှူဒါန်းပေးနေပါတယ်။ စားနပ်ရိက္ခာတွေ အမိုးအကာ၊ အခြုံအခင်းတွေကို ဝေငှပေးထားပါတယ်"ဟု ဆရာခွန်ထွန်းကဆက်လက်ပြောသည်။

လက်ရှိအချိန်၌ PNLO အခြေပြုဒေသနှင့်ဆက်စပ်ဧရိယာများရှိ စစ်ဘေးရှောင်စခန်းများသို့ ကယား ပြည်နယ်မှစစ်ဘေးရှောင်များ နေ့စဥ်ဝင်ရောက်လျက်ရှိသဖြင့် စစ်ဘေးရှောင်ဦးရေစာရင်းအား အတိအကျစာရင်းပြုစုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လောက်ကိုင်မြို့ပတ်ဝန်းကျင်၌ တိုက်ပွဲဖြစ်၊ ၁၀၂၇ စစ်ဆင်ရေး လောက်ကိုင်မြို့သို့ ဦးတည်လာနေကြောင်း MNDAA အသိပေး

RECENT POSTS
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved