Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အာရူနာချယ်ပရာဒက်ရှ်ပြည်နယ် တာဝမ်နယ်ခြား ပဋိပက္ခဖြစ်ပွားပြီးနောက် အိန္ဒိယနှင့် တရုတ်တို့အကြား တပ်မှူးအဆင့် နှစ်နိုင်ငံဆွေးနွေးမှုများ ပြုလုပ်

Htay Oung (NP News) - ဒီဇင်ဘာ ၂၄

ယခုလ အစောပိုင်း အိန္ဒိယနိုင်ငံ အရှေ့ဖျား အာရူနာချယ်ပရာဒက်ရှ်ပြည်နယ်မှာ နှစ်နိုင်ငံတပ်ဖွဲ့ဝင်များ ထိပ်တိုက်ပဋိပက္ခဖြစ်ခဲ့ရပြီးနောက် ပေကျင်းနဲ့ နယူးဒေလီတို့အကြား စစ်ဘက်အဆင့်မြင့်ဆွေးနွေးပွဲကို ဒီဇင်ဘာလ ၂ဝ ရက်မှာ ပထမဆုံးအ ကြိမ် အသစ်တဖန်ထပ်မံပြုလုပ်ခဲ့ကြောင်း သိရှိရတယ်လို့ AFP က ယမန်နေ့ (ဒီဇင် ဘာလ ၂၃ ရက်)က ရေးသားပါတယ်။

တရုတ်နိုင်ငံဘက်ခြမ်း “ချူဆူးမိုလ်ဒို” နယ်စပ်မှာ ကျင်းပတဲ့ (၁၇)ကြိမ်မြောက် အိန္ဒိယ-တရုတ် တပ်မှူးအဆင့် အစည်းအဝေးမှာ အနောက်ပိုင်းနယ်မြေ LAC [အမှန်တကယ် ထိန်းချုပ်ရေးမျဉ်း] တစ်လျှောက်နဲ့ ပတ်သက်တဲ့ ပြဿနာများဖြေရှင်းရေးအတွက် နှစ်နိုင်ငံစစ်ဘက်အရာရှိတို့က အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း၊ ပွင့်လင်းမြင်သာပြီး အပြုသဘောဆောင်တဲ့ နည်းလမ်းများနဲ့ ဆောင်ရွက်သွားကြမှာဖြစ်ကြောင်း ပူးတွဲသတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဟိမဝန္တာတောင်တန်းဒေသ အိန္ဒိယပိုင် တာဝမ်နယ်မြေမှာ ဒီဇင်ဘာလ ၉ ရက်အိမ်နီးချင်းနှစ်နိုင်ငံတို့ရဲ့ စစ်သားအချင်းချင်း ပဋိပက္ခဖြစ်ပွားခဲ့ပါတယ်။ တရုတ်စစ်သားတွေဟာ အမှန်တကယ် ထိန်းချုပ်ရေးမျဉ်းရဲ့ လက်ရှိအနေအထားကို ပြောင်းလဲဖို့ ကြိုးပမ်းတဲ့အတွက် အချင်းများခဲ့ရခြင်းဖြစ်ကြောင်း နယူးဒေလီက ပြောပါတယ်။

ရုန့်ရင်းဆန်ခတ် ဖြစ်ပွားရာမှာ နှစ်ဘက်စလုံးမှာ အနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိပ်တိုက်ရင်ဆိုင်တွေ့ဆုံပြီးနောက် နှစ်ဖက်စလုံးတို့က အခင်းဖြစ်ပွားရာနေရာမှ ချက်ခြင်း ထွက်ခွာသွားခဲ့ကြကြောင်း ကာကွယ်ရေးဝန်ကြီး ရာ့ဂျ်နတ်ဆင်းက နယူးဒေလီလွှတ်တော်မှာ အစီရင်ခံပါတယ်။ ၂ဝ၂ဝ ပြည့်နှစ် ဇွန်လ အရှေ့မြောက် ပါကစ္စတန်နယ်စပ် ဂျမူးနဲ့ ကက်ရှ်မီးယားနယ်စပ် လက်ဒက်နယ်မြေ ဂယ်လွမ်တောင်ကြားမှာ အိန္ဒိယနဲ့ တရုတ်တပ်များအကြား ပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်း အာရူနာချယ်ပရာဒက်ရှ်ပြည်နယ် တာဝမ်ပဋိပက္ခဟာ ပထမဆုံးအကြိမ် နှစ်ဘက် ထိပ်တိုက်တွေ့ကြခြင်း ဖြစ်ပါတယ်။


ဂယ်လွမ်တောင်ကြား ဖြစ်ရပ်မှာ အိန္ဒိယစစ်သား ၂၀-ဦး သေဆုံးခဲ့တယ်လို့ ဆိုပေမဲ့ သူတို့ဖက်က အသေအပျောက်အရေအတွက်ကို တရုတ်တို့က ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပါဘူး။ (သတင်းအချို့တွင် ၄-ဦးဟု ထုတ်ပြန်ကြောင်း တွေ့ရှိရ) ယခု ဆွေးနွေးပွဲဟာ ဂယ်လွမ်ဖြစ်စဉ်အပြီး နှစ်ဘက်တပ်မှူးအဆင့်အဖြစ် ပထမဆုံးအကြိမ်တွေ့ဆုံကြခြင်း ဖြစ်ပါတယ်။

နောက်ဆုံးအကြိမ် ဆွေးနွေးခဲ့ကြစဉ် လက်ဒက်အရှေ့ပိုင်းရှိ နှစ်ဖက် အဓိက ထိပ်တိုက်တွေ့နေကြတဲ့ “ ဂိုဂရာ ဟော့စပရင်းနယ်မြေ “ကင်းလှည့်စခန်း အမှတ်-၁၅” မှ မိမိတို့ရဲ့ တပ်များကို ရုပ်သိမ်းရန်၊ ဆုတ်ခွာမှုကို စက်တင်ဘာ ၁၄-ရက်နေ့ နောက်ဆုံးထားပြီး အပြီးသတ်ဆောင်ရွက်ကြရန် သဘောတူညီခဲ့ကြပါတယ်။

နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ကောင်းမွန်ဖို့အတွက် အနောက်ပိုင်းနယ်မြေ အမှန်တကယ် ထိန်းချုပ်ရေး မျဉ်းတစ်လျှောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ပြန်လည် ထူထောင်ရာမှာ အထောက်အကူဖြစ်စေမယ့် ကျန်ပြဿနာတွေကို အစောဆုံးဖြေရှင်းနိုင်ဖို့ နိုင်ငံတော်ခေါင်းဆောင်အသီးသီးတို့ရဲ့ လမ်းညွှန်ချက်နဲ့အညီ ပွင့်လင်းစွာ အလေးထားဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ “ ဒိပ်ဆန်း“ နယ်မြေမှာ တရုတ်တပ်များ ဆက်လက်တည်ရှိနေပြီး ဒမ်ချော့ဒေသအတွင်း ဆက်လက် ကျူးကျော်ဝင်ရောက်နေတဲ့အတွက် လက်ဒက်နယ်မြေမှာ တင်းမာမှုများ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း The Indian Express က ဖော်ပြပါတယ်။

တရုတ်တပ်တွေဟာ သူတို့ရဲ့ ရွှေ့ပြောင်းစုစည်းမှုကို အဟန့်အတား ဖြစ်နေတဲ့ ရေကန်ကြီးရဲ့ တောင်ဘက်ကမ်းရိုးတန်း “ပန်ဂေါင်ရှို“ မှာ တံတားနှစ်စင်းအပါအဝင် အခြေခံအဆောက်အအုံများကို တည်ဆောက်နေတယ်လို့ သတင်းစာက ရေးသားပါတယ်။

အာရူနာချယ် ပရာဒက်ရှ်ပြည်နယ်ဟာ ဘူတန်နဲ့ မြန်မာနိုင်ငံတို့အကြား အိန္ဒိယနိုင်ငံ အရှေ့ဖျားမှာ တည်ရှိပါတယ်။ အာရှ အိမ်နီးချင်း နျူကလီယာလက်နက်ပိုင်ရှင် စစ်အင်အားကြီး နှစ်နိုင်ငံအကြား မိုင်ပေါင်း ၂၄ဝဝ နီးပါးမှာ အခိုင်အမာ အမှတ်အသားမရှိပဲ ဖြစ်နေပါတယ်။

နှစ်နိုင်ငံနယ်စပ်ဟာ လွန်ခဲ့တဲ့ နှစ်နှစ်ခန့်က ထိပ်တိုက် ရင်ဆိုင်တွေ့ဆုံမှုများ မတိုင်မီ ၁၉၆၂- ခုနှစ် စစ်ပွဲနောက်ပိုင်းကာလတလျှောက်လုံး ငြိမ်သက်စွာ တည်ရှိနေခဲ့ပါတယ်။

(AFP., 23 December 2022,” India, China hold military commander-level talks over Dec 9 clash” ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

zawgyi version

အာ႐ူနာခ်ယ္ပရာဒက္ရွ္ျပည္နယ္ တာဝမ္နယ္ျခား ပဋိပကၡျဖစ္ပြားၿပီးေနာက္ အိႏၵိယႏွင့္ တ႐ုတ္တို႔အၾကား တပ္မႉးအဆင့္ ႏွစ္ႏိုင္ငံေဆြးေႏြးမႈမ်ား ျပဳလုပ္

Htay Oung (NP News) - ဒီဇင္ဘာ ၂၄

ယခုလ အေစာပိုင္း အိႏၵိယႏိုင္ငံ အေရွ႕ဖ်ား အာ႐ူနာခ်ယ္ပရာဒက္ရွ္ျပည္နယ္မွာ ႏွစ္ႏိုင္ငံတပ္ဖြဲ႕ဝင္မ်ား ထိပ္တိုက္ပဋိပကၡျဖစ္ခဲ့ရၿပီးေနာက္ ေပက်င္းနဲ႔ နယူးေဒလီတို႔အၾကား စစ္ဘက္အဆင့္ျမင့္ေဆြးေႏြးပြဲကို ဒီဇင္ဘာလ ၂ဝ ရက္မွာ ပထမဆုံးအ ႀကိမ္ အသစ္တဖန္ထပ္မံျပဳလုပ္ခဲ့ေၾကာင္း သိရွိရတယ္လို႔ AFP က ယမန္ေန႔ (ဒီဇင္ ဘာလ ၂၃ ရက္)က ေရးသားပါတယ္။

တ႐ုတ္ႏိုင္ငံဘက္ျခမ္း “ခ်ဴဆူးမိုလ္ဒို” နယ္စပ္မွာ က်င္းပတဲ့ (၁၇)ႀကိမ္ေျမာက္ အိႏၵိယ-တ႐ုတ္ တပ္မႉးအဆင့္ အစည္းအေဝးမွာ အေနာက္ပိုင္းနယ္ေျမ LAC [အမွန္တကယ္ ထိန္းခ်ဳပ္ေရးမ်ဥ္း] တစ္ေလွ်ာက္နဲ႔ ပတ္သက္တဲ့ ျပႆနာမ်ားေျဖရွင္းေရးအတြက္ ႏွစ္ႏိုင္ငံစစ္ဘက္အရာရွိတို႔က အျမင္ခ်င္းဖလွယ္ခဲ့ၾကေၾကာင္း၊ ပြင့္လင္းျမင္သာၿပီး အျပဳသေဘာေဆာင္တဲ့ နည္းလမ္းမ်ားနဲ႔ ေဆာင္႐ြက္သြားၾကမွာျဖစ္ေၾကာင္း ပူးတြဲသတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဟိမဝႏၲာေတာင္တန္းေဒသ အိႏၵိယပိုင္ တာဝမ္နယ္ေျမမွာ ဒီဇင္ဘာလ ၉ ရက္အိမ္နီးခ်င္းႏွစ္ႏိုင္ငံတို႔ရဲ႕ စစ္သားအခ်င္းခ်င္း ပဋိပကၡျဖစ္ပြားခဲ့ပါတယ္။ တ႐ုတ္စစ္သားေတြဟာ အမွန္တကယ္ ထိန္းခ်ဳပ္ေရးမ်ဥ္းရဲ႕ လက္ရွိအေနအထားကို ေျပာင္းလဲဖို႔ ႀကိဳးပမ္းတဲ့အတြက္ အခ်င္းမ်ားခဲ့ရျခင္းျဖစ္ေၾကာင္း နယူးေဒလီက ေျပာပါတယ္။

႐ုန႔္ရင္းဆန္ခတ္ ျဖစ္ပြားရာမွာ ႏွစ္ဘက္စလုံးမွာ အနည္းငယ္ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း၊ ထိပ္တိုက္ရင္ဆိုင္ေတြ႕ဆုံၿပီးေနာက္ ႏွစ္ဖက္စလုံးတို႔က အခင္းျဖစ္ပြားရာေနရာမွ ခ်က္ျခင္း ထြက္ခြာသြားခဲ့ၾကေၾကာင္း ကာကြယ္ေရးဝန္ႀကီး ရာ့ဂ်္နတ္ဆင္းက နယူးေဒလီလႊတ္ေတာ္မွာ အစီရင္ခံပါတယ္။

၂ဝ၂ဝ ျပည့္ႏွစ္ ဇြန္လ အေရွ႕ေျမာက္ ပါကစၥတန္နယ္စပ္ ဂ်မူးနဲ႔ ကက္ရွ္မီးယားနယ္စပ္ လက္ဒက္နယ္ေျမ ဂယ္လြမ္ေတာင္ၾကားမွာ အိႏၵိယနဲ႔ တ႐ုတ္တပ္မ်ားအၾကား ပဋိပကၡျဖစ္ပြားၿပီးေနာက္ပိုင္း အာ႐ူနာခ်ယ္ပရာဒက္ရွ္ျပည္နယ္ တာဝမ္ပဋိပကၡဟာ ပထမဆုံးအႀကိမ္ ႏွစ္ဘက္ ထိပ္တိုက္ေတြ႕ၾကျခင္း ျဖစ္ပါတယ္။

ဂယ္လြမ္ေတာင္ၾကား ျဖစ္ရပ္မွာ အိႏၵိယစစ္သား ၂၀-ဦး ေသဆုံးခဲ့တယ္လို႔ ဆိုေပမဲ့ သူတို႔ဖက္က အေသအေပ်ာက္အေရအတြက္ကို တ႐ုတ္တို႔က ထုတ္ေဖာ္ေျပာၾကားျခင္း မရွိခဲ့ပါဘူး။ (သတင္းအခ်ိဳ႕တြင္ ၄-ဦးဟု ထုတ္ျပန္ေၾကာင္း ေတြ႕ရွိရ) ယခု ေဆြးေႏြးပြဲဟာ ဂယ္လြမ္ျဖစ္စဥ္အၿပီး ႏွစ္ဘက္တပ္မႉးအဆင့္အျဖစ္ ပထမဆုံးအႀကိမ္ေတြ႕ဆုံၾကျခင္း ျဖစ္ပါတယ္။ ေနာက္ဆုံးအႀကိမ္ ေဆြးေႏြးခဲ့ၾကစဥ္ လက္ဒက္အေရွ႕ပိုင္းရွိ ႏွစ္ဖက္ အဓိက ထိပ္တိုက္ေတြ႕ေနၾကတဲ့ “ ဂိုဂရာ ေဟာ့စပရင္းနယ္ေျမ “ကင္းလွည့္စခန္း အမွတ္-၁၅” မွ မိမိတို႔ရဲ႕ တပ္မ်ားကို ႐ုပ္သိမ္းရန္၊ ဆုတ္ခြာမႈကို စက္တင္ဘာ ၁၄-ရက္ေန႔ ေနာက္ဆုံးထားၿပီး အၿပီးသတ္ေဆာင္႐ြက္ၾကရန္ သေဘာတူညီခဲ့ၾကပါတယ္။

ႏွစ္ႏိုင္ငံ ဆက္ဆံေရး တိုးတက္ေကာင္းမြန္ဖို႔အတြက္ အေနာက္ပိုင္းနယ္ေျမ အမွန္တကယ္ ထိန္းခ်ဳပ္ေရး မ်ဥ္းတစ္ေလွ်ာက္ ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ေရး ျပန္လည္ ထူေထာင္ရာမွာ အေထာက္အကူျဖစ္ေစမယ့္ က်န္ျပႆနာေတြကို အေစာဆုံးေျဖရွင္းႏိုင္ဖို႔ ႏိုင္ငံေတာ္ေခါင္းေဆာင္အသီးသီးတို႔ရဲ႕ လမ္းၫႊန္ခ်က္နဲ႔အညီ ပြင့္လင္းစြာ အေလးထားေဆြးေႏြးခဲ့ေၾကာင္း သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒါေပမဲ့ “ ဒိပ္ဆန္း“ နယ္ေျမမွာ တ႐ုတ္တပ္မ်ား ဆက္လက္တည္ရွိေနၿပီး ဒမ္ေခ်ာ့ေဒသအတြင္း ဆက္လက္ က်ဴးေက်ာ္ဝင္ေရာက္ေနတဲ့အတြက္ လက္ဒက္နယ္ေျမမွာ တင္းမာမႈမ်ား ဆက္လက္ျဖစ္ေပၚေနဆဲျဖစ္ေၾကာင္း The Indian Express က ေဖာ္ျပပါတယ္။

တ႐ုတ္တပ္ေတြဟာ သူတို႔ရဲ႕ ေ႐ႊ႕ေျပာင္းစုစည္းမႈကို အဟန႔္အတား ျဖစ္ေနတဲ့ ေရကန္ႀကီးရဲ႕ ေတာင္ဘက္ကမ္း႐ိုးတန္း “ပန္ေဂါင္ရႈိ“ မွာ တံတားႏွစ္စင္းအပါအဝင္ အေျခခံအေဆာက္အအုံမ်ားကို တည္ေဆာက္ေနတယ္လို႔ သတင္းစာက ေရးသားပါတယ္။

အာ႐ူနာခ်ယ္ ပရာဒက္ရွ္ျပည္နယ္ဟာ ဘူတန္နဲ႔ ျမန္မာႏိုင္ငံတို႔အၾကား အိႏၵိယႏိုင္ငံ အေရွ႕ဖ်ားမွာ တည္ရွိပါ တယ္။ အာရွ အိမ္နီးခ်င္း န်ဴကလီယာလက္နက္ပိုင္ရွင္ စစ္အင္အားႀကီး ႏွစ္ႏိုင္ငံအၾကား မိုင္ေပါင္း ၂၄ဝဝ နီးပါးမွာ အခိုင္အမာ အမွတ္အသားမရွိပဲ ျဖစ္ေနပါတယ္။

ႏွစ္ႏိုင္ငံနယ္စပ္ဟာ လြန္ခဲ့တဲ့ ႏွစ္ႏွစ္ခန႔္က ထိပ္တိုက္ ရင္ဆိုင္ေတြ႕ဆုံမႈမ်ား မတိုင္မီ ၁၉၆၂- ခုႏွစ္ စစ္ပြဲေနာက္ပိုင္းကာလတေလွ်ာက္လုံး ၿငိမ္သက္စြာ တည္ရွိေနခဲ့ပါတယ္။

(AFP., 23 December 2022,” India, China hold military commander-level talks over Dec 9 clash” ကို ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကော့ကရိတ်မြို့ရှိ လူနေရပ်ကွက်အတွင်း ဗုံးသီးများ ကျရောက်ပေါက်ကွဲသဖြင့် ပြည်သူ(၉)ဦး ထိခိုက်ဒဏ်ရာရရှိ

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved