Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရန်ကုန်-မန္တလေး အမြန်လမ်း‌ နှင့် မန္တလေးတို့တွင် EV Charging Station များကို ယခုလအတွင်း အပြီးတည်ဆောက်မည်

ယွန်း (NP News) - မတ် ၈

ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် လျှပ်စစ်ကားများအတွက် Charging Station (၅)နေရာကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဝင်းဖေကဆိုသည်။

ဝန်ကြီးဌာန‌အနေဖြင့် ဦးဆောင်ကော်မတီမှ တင်ပြချက်မြေနေရာများကို စိစစ်ပြီး ၂ဝ၂၂ ခုနှစ်၊ အောက်တို ဘာလ(၂၃)ရက်တွင် လျှပ်စစ်ကားများအတွက် Charging Station တည်ဆောက်ရန် မြေနေရာများသတ်မှတ်ခဲ့ကြောင်း သိရသည်။

သတ်မှတ်ခဲ့သည့် မြေနေရာများတွင် နေပြည်တော်၌ Charging Station တည်ဆောက်ရန် (၄)နေရာ၊ ရန်ကုန်မြို့၌ (၅)နေရာ၊ မန္တလေးမြို့၌ (၅)နေရာ နှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်၌ (၅)နေရာ စုစုပေါင်း (၁၉)နေရာပါဝင်ပြီး Pilot Project အနေဖြင့် ကုမ္ပဏီ(၉)ခုကို တာဝန်များခွဲပေးခဲ့ကြောင်း ဒုဝန်ကြီးကဆိုသည်။

တာဝန်ပေးအပ်ခြင်းခံထားရသည့် ကုမ္ပဏီများအနေဖြင့် နေပြည်တော်၊ ရန်ကုန် နှင့် မန္တလေးတို့တွင် လျှပ် စစ်ကားအသေး(၁ဝ)စီးအားသွင်းနိုင်မည့် Charging Station များနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ကားလေး(၁ဝ)စီးနှင့် ကားကြီး (၄)စီး အားသွင်းနိုင်မည့် Charging Station များကို တည် ဆောက်ရမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးပေါ်တွင် တည်ဆောက်မည့် Charging Station (၅)ခုသည် အမှတ်(၃) လမ်းဆုံ တိုးလ်ဂိတ်အနီး မိုင်(၁/ဝ) အပါအဝင် ဖြူးယာဥ်ရပ်နားစခန်း မိုင်(၁၁၅/ဝ)၊ နေပြည်တော်လမ်းဆုံ ယာဥ်ရပ်နားစခန်း မိုင်(၂ဝ၁/၁)၊ သီးကုန်း ယာဥ်ရပ်နားစခန်း မိုင်(၂၈၄/၄)နှင့် စကားအင်း ယာဥ်ရပ်နားစခန်း မိုင်(၃၅၂/၃) တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ Charging Station များတည်ဆောက်ရန် Myanmar Brilliance Auto Co., Ltd နှင့် Earth Renewable Energy Co.,Ltd တို့အား တာဝန်ပေးထားပြီး မတ်လတွင် ရာနှုန်းပြည့်ပြီးစီးရန် တည်ဆောက်သွားမည်ဖြစ်ကြောင်း ဒုဝန်ကြီးက ဆိုသည်။

Charging Station များ ပြီးစီးသွားပါက (၅)နေရာလုံးတွင် လျှပ်စစ်ကားအသေး(၁ဝ)စီးနှင့် ကားအကြီး(၄) စီး စုစုပေါင်း (၁၄)စီးအား တစ်ပြိုင်နက် အားသွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် N.P.K Motors Co.,Ltd မှ တည်ဆောက်သည့် နေပြည်တော်၊ သပြေကုန်းစျေးရှိ Charging Station ကို ပြီးခဲ့သည့် မတ်လ(၄)ရက်၌ ပထမဆုံးအနေဖြင့် ဖွင့်လှစ်နိုင်ခဲ့ပြီး မကြာမီအချိန်အတွင်း နေပြည်တော်တွင် EV Taxi ပြေးဆွဲခြင်းကို စတင်နိုင်တော့မည် ဖြစ်ကြောင်း ဒုဝန်ကြီးက အသိပေးပြောဆိုခဲ့သည်။

ထို့ပြင် မန္တလေးမြို့၌ Charging Station တည်ဆောက်မည့် (၅)နေရာတွင်လည်း လုပ်ငန်းများစတင်နေပြီဖြစ်ပြီး မတ်လအတွင်း ရာနှုန်းပြည့်ပြီးစီးအောင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

zawgyi version

ရန္ကုန္-မႏၲေလး အျမန္လမ္း‌ ႏွင့္ မႏၲေလးတို႔တြင္ EV Charging Station မ်ားကို ယခုအတြင္း အၿပီးတည္ေဆာက္မည္

ယြန္း (NP News) - မတ္ ၈

ရန္ကုန္-မႏၲေလး အျမန္လမ္းမေပၚတြင္ လွ်ပ္စစ္ကားမ်ားအတြက္ Charging Station (၅)ေနရာကို တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာနမွ ဒုတိယဝန္ႀကီး ဦးဝင္းေဖကဆိုသည္။

ဝန္ႀကီးဌာန‌အေနျဖင့္ ဦးေဆာင္ေကာ္မတီမွ တင္ျပခ်က္ေျမေနရာမ်ားကို စိစစ္ၿပီး ၂ဝ၂၂ ခုႏွစ္၊ ေအာက္တို ဘာလ(၂၃)ရက္တြင္ လွ်ပ္စစ္ကားမ်ားအတြက္ Charging Station တည္ေဆာက္ရန္ ေျမေနရာမ်ားသတ္မွတ္ခဲ့ေၾကာင္း သိရသည္။

သတ္မွတ္ခဲ့သည့္ ေျမေနရာမ်ားတြင္ ေနျပည္ေတာ္၌ Charging Station တည္ေဆာက္ရန္ (၄)ေနရာ၊ ရန္ကုန္ၿမိဳ႕၌ (၅)ေနရာ၊ မႏၲေလးၿမိဳ႕၌ (၅)ေနရာ ႏွင့္ ရန္ကုန္-မႏၲေလး အျမန္လမ္းမႀကီးေပၚ၌ (၅)ေနရာ စုစုေပါင္း (၁၉)ေနရာပါဝင္ၿပီး Pilot Project အေနျဖင့္ ကုမၸဏီ(၉)ခုကို တာဝန္မ်ားခြဲေပးခဲ့ေၾကာင္း ဒုဝန္ႀကီးကဆိုသည္။

တာဝန္ေပးအပ္ျခင္းခံထားရသည့္ ကုမၸဏီမ်ားအေနျဖင့္ ေနျပည္ေတာ္၊ ရန္ကုန္ ႏွင့္ မႏၲေလးတို႔တြင္ လွ်ပ္ စစ္ကားအေသး(၁ဝ)စီးအားသြင္းႏိုင္မည့္ Charging Station မ်ားႏွင့္ ရန္ကုန္-မႏၲေလး အျမန္လမ္းမႀကီးေပၚတြင္ ကားေလး(၁ဝ)စီးႏွင့္ ကားႀကီး (၄)စီး အားသြင္းႏိုင္မည့္ Charging Station မ်ားကို တည္ ေဆာက္ရမည္ျဖစ္ေၾကာင္း သိရသည္။

ရန္ကုန္- မႏၲေလး အျမန္လမ္းမႀကီးေပၚတြင္ တည္ေဆာက္မည့္ Charging Station (၅)ခုသည္ အမွတ္(၃) လမ္းဆုံ တိုးလ္ဂိတ္အနီး မိုင္(၁/ဝ) အပါအဝင္ ျဖဴးယာဥ္ရပ္နားစခန္း မိုင္(၁၁၅/ဝ)၊ ေနျပည္ေတာ္လမ္းဆုံ ယာဥ္ရပ္နားစခန္း မိုင္(၂ဝ၁/၁)၊ သီးကုန္း ယာဥ္ရပ္နားစခန္း မိုင္(၂၈၄/၄)ႏွင့္ စကားအင္း ယာဥ္ရပ္နားစခန္း မိုင္(၃၅၂/၃) တို႔ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ Charging Station မ်ားတည္ေဆာက္ရန္ Myanmar Brilliance Auto Co., Ltd ႏွင့္ Earth Renewable Energy Co.,Ltd တို႔အား တာဝန္ေပးထားၿပီး မတ္လတြင္ ရာႏႈန္းျပည့္ၿပီးစီးရန္ တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း ဒုဝန္ႀကီးက ဆိုသည္။

Charging Station မ်ား ၿပီးစီးသြားပါက (၅)ေနရာလုံးတြင္ လွ်ပ္စစ္ကားအေသး(၁ဝ)စီးႏွင့္ ကားအႀကီး(၄) စီး စုစုေပါင္း (၁၄)စီးအား တစ္ၿပိဳင္နက္ အားသြင္းႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ N.P.K Motors Co.,Ltd မွ တည္ေဆာက္သည့္ ေနျပည္ေတာ္၊ သေျပကုန္းေစ်းရွိ Charging Station ကို ၿပီးခဲ့သည့္ မတ္လ(၄)ရက္၌ ပထမဆုံးအေနျဖင့္ ဖြင့္လွစ္ႏိုင္ခဲ့ၿပီး မၾကာမီအခ်ိန္အတြင္း ေနျပည္ေတာ္တြင္ EV Taxi ေျပးဆြဲျခင္းကို စတင္ႏိုင္ေတာ့မည္ ျဖစ္ေၾကာင္း ဒုဝန္ႀကီးက အသိေပးေျပာဆိုခဲ့သည္။

ထို႔ျပင္ မႏၲေလးၿမိဳ႕၌ Charging Station တည္ေဆာက္မည့္ (၅)ေနရာတြင္လည္း လုပ္ငန္းမ်ားစတင္ေနၿပီျဖစ္ၿပီး မတ္လအတြင္း ရာႏႈန္းျပည့္ၿပီးစီးေအာင္ တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကုလအစည်းအဝေးတွင်တင်ပြခဲ့သည့် ကုလလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး၏ အကြံပြုချက်များအပေါ် ပြင်းထန်စွာကန့်ကွက်ပယ်ချကြောင်း နစက တုံ့ပြန်

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved