Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကုလအစည်းအဝေးတွင်တင်ပြခဲ့သည့် ကုလလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး၏ အကြံပြုချက်များအပေါ် ပြင်းထန်စွာကန့်ကွက်ပယ်ချကြောင်း နစက တုံ့ပြန်

NP News - မတ် ၈

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး၏ အကြံပြုချက်များအပေါ် ပြင်းထန်စွာ ကန့်ကွက်ပယ်ချကြောင်း နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၆ ရက်တွင် တုံ့ပြန်ခဲ့သည်။

ပြီးခဲ့သည့် မတ်လ (၆)ရက်ကပြုလုပ်ခဲ့သည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၅၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး၏ မြန်မာနိုင်ငံဆိုင်ရာ အစီ ရင်ခံစာအပေါ် အပြန်အလှန်ဆွေးနွေးမှုနှင့်စပ်လျဉ်း၍ တုံ့ပြန်ပြောကြားထားခြင်းလည်း ဖြစ်သည်။

၎င်း၏အစီရင်ခံစာ၌ အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်ကျူးလွန်မှုများကိုမူ သိသာစွာလျှော့ပေါ့ဖော်ပြထားသည်ကို စိတ်ပျက်ရကြောင်းနှင့် အကြမ်းဖက်အဖွဲ့များကြောင့် ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ၂ဝ၂၃ ခုနှစ် မတ်လ ၂၅ ရက်အထိ ကလေး (၁၅ဝ)ဦး၊ ပြည်သူ (၁၂၉) ဦး၊ ဆရာ/ဆရာမ (၆၉) ဦး၊ ကျန်းမာရေးဝန်ထမ်း (၁၅) ဦးနှင့် အုပ်ချုပ်ရေးမှူး (၇၃၂) ဦးအပါအဝင် အပြစ်မဲ့ပြည်သူစုစုပေါင်း (၅၁၅၅)ဦးတို့အသက်ဆုံးရှုံးခဲ့ရကြောင်း နစကဘက်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် အချို့သောဖြစ်စဉ်များကို ကိုးကား၍ အစိုးရနှင့် လုံခြုံရေးတပ်ဖွဲ့များကို စွပ်စွဲပြောကြားခဲ့သော်လည်း အဆိုပါ ဖြစ်စဉ်များတွင် လက်နက်ကိုင်အဖွဲ့များ၏ ရန်စမှုနှင့် ပါဝင်ပတ်သက်မှုများကြောင့်သာ ဖြစ်ပေါ်လာခြင်းကို ငြင်းဆန်၍မရကြောင်း ဆက်လက်ဖော်ပြထားသည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝင်/ထွက်ခွင့်နှင့်စပ်လျဉ်း၍ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများသည် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် မြေပြင်ရုံးများဖွင့်လှစ်ထားပြီး မြန်မာနိုင်ငံတစ်ဝန်း ဝင်/ထွက်ခွင့် ရရှိလျက်ရှိသည်။

ထို့ပြင် ၂ဝ၂၁ ခုနှစ်မှ ၂ဝ၂၂ ခုနှစ်အတွင်း ကုလသမဂ္ဂအဖွဲ့ ၇ ဖွဲ့ကို ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ချင်းပြည်နယ်နှင့် မကွေးတိုင်းဒေသကြီး အပါအဝင် နေရာအနှံ့အပြားသို့ အကြိမ်ပေါင်း (၄ဝ)ကျော် ကွင်းဆင်းဆောင်ရွက်ခွင့်ရစေရန် မြန်မာအစိုးရက ဆောင်ရွက်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ “ရိုဟင်ဂျာ” ဟူသော အသုံးအနှုန်းကို မြန်မာနိုင်ငံအနေဖြင့် နိုင်ငံ၏သမိုင်းနှင့် ဥပဒေမှတ် တမ်းများတွင် ပါဝင်ခြင်းမရှိဘဲ နိုင်ငံရေးသဘောဖြင့် ဖန်တီးထားသည့် ယင်းအသုံးအနှုန်းကို အသိအမှတ်မပြုကြောင်း ရပ်တည်ချက်ကို ထပ်လောင်းဖော်ပြထားသည်။

မဟာမင်းကြီးရုံးအနေဖြင့် လုံခြုံရေးကောင်စီမှတစ်ဆင့် နိုင်ငံတကာရာဇဝတ်တရားရုံးသို့ မြန်မာနိုင်ငံအခြေအနေကိုညွှန်းပို့ရန် အကြံပြုချက်ကို မြန်မာနိုင်ငံက ပြင်းထန်စွာကန့်ကွက်ကြောင်းနှင့် မြန်မာ နိုင်ငံသည် မဟာမင်းကြီး၏ လျော်ကန်မှုမရှိသည့် အကြံပြုချက်များနှင့် အပြန်အလှန်ဆွေးနွေးပွဲအ တွင်း နိုင်ငံအချို့၏ စွက်ဖက်ပြောကြားချက်များကို ပြတ်သားစွာ ကန့်ကွက်ပယ်ချကြောင်း နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တုံ့ပြန်ထားသည်။

zawgyi version

ကုလအစည္းအေဝးတြင္တင္ျပခဲ့သည့္ ကုလလူ႔အခြင့္အေရးဆိုင္ရာမဟာမင္းႀကီး၏ အႀကံျပဳခ်က္မ်ားအေပၚ ျပင္းထန္စြာကန႔္ကြက္ပယ္ခ်ေၾကာင္း နစက တုံ႔ျပန္

NP News - မတ္ ၈

ကုလသမဂၢလူ႔အခြင့္အေရးဆိုင္ရာမဟာမင္းႀကီး၏ အႀကံျပဳခ်က္မ်ားအေပၚ ျပင္းထန္စြာ ကန႔္ကြက္ပယ္ခ်ေၾကာင္း နစက၏ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက မတ္လ ၆ ရက္တြင္ တုံ႔ျပန္ခဲ့သည္။

ၿပီးခဲ့သည့္ မတ္လ (၆)ရက္ကျပဳလုပ္ခဲ့သည့္ ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီ၏ (၅၂) ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝးတြင္ ကုလသမဂၢလူ႔အခြင့္အေရးဆိုင္ရာမဟာမင္းႀကီး၏ ျမန္မာႏိုင္ငံဆိုင္ရာ အစီ ရင္ခံစာအေပၚ အျပန္အလွန္ေဆြးေႏြးမႈႏွင့္စပ္လ်ဥ္း၍ တုံ႔ျပန္ေျပာၾကားထားျခင္းလည္း ျဖစ္သည္။

၎၏အစီရင္ခံစာ၌ အၾကမ္းဖက္အဖြဲ႕မ်ား၏ အၾကမ္းဖက္က်ဴးလြန္မႈမ်ားကိုမူ သိသာစြာေလွ်ာ့ေပါ့ေဖာ္ျပထားသည္ကို စိတ္ပ်က္ရေၾကာင္းႏွင့္ အၾကမ္းဖက္အဖြဲ႕မ်ားေၾကာင့္ ၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္မွ ၂ဝ၂၃ ခုႏွစ္ မတ္လ ၂၅ ရက္အထိ ကေလး (၁၅ဝ)ဦး၊ ျပည္သူ (၁၂၉) ဦး၊ ဆရာ/ဆရာမ (၆၉) ဦး၊ က်န္းမာေရးဝန္ထမ္း (၁၅) ဦးႏွင့္ အုပ္ခ်ဳပ္ေရးမႉး (၇၃၂) ဦးအပါအဝင္ အျပစ္မဲ့ျပည္သူစုစုေပါင္း (၅၁၅၅)ဦးတို႔အသက္ဆုံးရႈံးခဲ့ရေၾကာင္း နစကဘက္က ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထို႔ျပင္ အခ်ိဳ႕ေသာျဖစ္စဥ္မ်ားကို ကိုးကား၍ အစိုးရႏွင့္ လုံၿခဳံေရးတပ္ဖြဲ႕မ်ားကို စြပ္စြဲေျပာၾကားခဲ့ေသာ္လည္း အဆိုပါ ျဖစ္စဥ္မ်ားတြင္ လက္နက္ကိုင္အဖြဲ႕မ်ား၏ ရန္စမႈႏွင့္ ပါဝင္ပတ္သက္မႈမ်ားေၾကာင့္သာ ျဖစ္ေပၚလာျခင္းကို ျငင္းဆန္၍မရေၾကာင္း ဆက္လက္ေဖာ္ျပထားသည္။


လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ ဝင္/ထြက္ခြင့္ႏွင့္စပ္လ်ဥ္း၍ ကုလသမဂၢအဖြဲ႕အစည္းမ်ား၊ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ား၊ အစိုးရမဟုတ္ေသာအဖြဲ႕အစည္းမ်ားသည္ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီးမ်ားတြင္ ေျမျပင္႐ုံးမ်ားဖြင့္လွစ္ထားၿပီး ျမန္မာႏိုင္ငံတစ္ဝန္း ဝင္/ထြက္ခြင့္ ရရွိလ်က္ရွိသည္။

ထို႔ျပင္ ၂ဝ၂၁ ခုႏွစ္မွ ၂ဝ၂၂ ခုႏွစ္အတြင္း ကုလသမဂၢအဖြဲ႕ ၇ ဖြဲ႕ကို ရခိုင္ျပည္နယ္၊ ရွမ္းျပည္နယ္၊ ကခ်င္ျပည္နယ္၊ ကရင္ျပည္နယ္၊ ကယားျပည္နယ္၊ မြန္ျပည္နယ္၊ ခ်င္းျပည္နယ္ႏွင့္ မေကြးတိုင္းေဒသႀကီး အပါအဝင္ ေနရာအႏွံ႔အျပားသို႔ အႀကိမ္ေပါင္း (၄ဝ)ေက်ာ္ ကြင္းဆင္းေဆာင္႐ြက္ခြင့္ရေစရန္ ျမန္မာအစိုးရက ေဆာင္႐ြက္ေပးခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

အလားတူ “႐ိုဟင္ဂ်ာ” ဟူေသာ အသုံးအႏႈန္းကို ျမန္မာႏိုင္ငံအေနျဖင့္ ႏိုင္ငံ၏သမိုင္းႏွင့္ ဥပေဒမွတ္ တမ္းမ်ားတြင္ ပါဝင္ျခင္းမရွိဘဲ ႏိုင္ငံေရးသေဘာျဖင့္ ဖန္တီးထားသည့္ ယင္းအသုံးအႏႈန္းကို အသိအမွတ္မျပဳေၾကာင္း ရပ္တည္ခ်က္ကို ထပ္ေလာင္းေဖာ္ျပထားသည္။

မဟာမင္းႀကီး႐ုံးအေနျဖင့္ လုံၿခဳံေရးေကာင္စီမွတစ္ဆင့္ ႏိုင္ငံတကာရာဇဝတ္တရား႐ုံးသို႔ ျမန္မာႏိုင္ငံအေျခအေနကိုၫႊန္းပို႔ရန္ အႀကံျပဳခ်က္ကို ျမန္မာႏိုင္ငံက ျပင္းထန္စြာကန႔္ကြက္ေၾကာင္းႏွင့္ ျမန္မာ ႏိုင္ငံသည္ မဟာမင္းႀကီး၏ ေလ်ာ္ကန္မႈမရွိသည့္ အႀကံျပဳခ်က္မ်ားႏွင့္ အျပန္အလွန္ေဆြးေႏြးပြဲအ တြင္း ႏိုင္ငံအခ်ိဳ႕၏ စြက္ဖက္ေျပာၾကားခ်က္မ်ားကို ျပတ္သားစြာ ကန႔္ကြက္ပယ္ခ်ေၾကာင္း နစက၏ ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ တုံ႔ျပန္ထားသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အချို့သော ကိုယ်ပိုင်ကျောင်းများ၌ ငွေကြေးကောက်ခံမှု များပြားနေပြီး မှန်မှန်ကန်ကန် လုပ်ဆောင်ရန်လိုကြောင်း နစက ဥက္ကဋ္ဌပြော

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved