(၂)နှစ်ကျော်ကာလအတွင်း မသန်စွမ်းလူဦးရေ (၄၀၀၀၀)နီးပါးအတွက် ငွေကျပ်သန်း (၁၂၀၀)ကျော် ထောက်ပံ့
စော (NSS) - နိုဝင်ဘာ ၂၂
(၂)နှစ်ကျော်ကာလအတွင်း မသန်စွမ်းလူဦးရေ (၄၀၀၀၀)နီးပါးအတွက် ငွေကျပ်သန်း (၁၂၀၀)ကျော် ထောက်ပံ့ခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ယမန်နေ့(နိုဝင်ဘာလ ၂၁ ရက်) တွင် မသန်စွမ်းသူမှတ်ပုံတင်လက်မှတ် နှင့် မသန်စွမ်းထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ကြေးပေးအပ်ပွဲတွင် ဥတ္တရသီရိမြို့နယ်မှ မသန်စွမ်းသူ (၁၆၄)ဦး နှင့် ဇမ္ဗူသီရိမြို့နယ်မှ မသန်စွမ်းသူ (၈၉)ဦး စုစုပေါင်း (၂၅၃)ဦးတို့ကို မသန်စွမ်းသူမှတ်ပုံတင်လက်မှတ် နှင့် တစ်ဦးလျှင် ကျပ်သုံးသောင်းနှုန်းဖြင့် ထောက်ပံ့ကြေးပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့သို့ထောက်ပံ့ပေးအပ်ခဲ့ရာ ပြီးခဲ့သည့် (၂၀၂၁)ခုနှစ် ဖေဖော်ဝါရီလမှ (၂၀၂၃)ခုနှစ် နိုဝင်ဘာလအထိ မသန်စွမ်းသူဦးရေ (၃၉၂၆၈)ဦးအတွက် ထောက်ပံ့ငွေစုစုပေါင်းငွေကျပ် (၁၂၁၂ ဒသမ ၂၂၅)သန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းမှတ်ပုံတင်ခြင်းလုပ်ငန်းကို (၂၀၂၂-၂၀၂၃)ဘဏ္ဍာနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ယခုဘဏ္ဍာနှစ်တွင် မြို့နယ် (၁၀)မြို့နယ်၌ ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။
ထို့ပြင် မသန်စွမ်းမှုအမျိုးအစား၊ မသန်စွမ်းမှုအဆင့်နှင့် မသန်စွမ်းသူအရေအတွက် စသည့် မသန်စွမ်းသူများနှင့် ပတ်သက်သည့်အချက်အလက်များ ရရှိခြင်းဖြင့် ၎င်းတို့အတွက် နိုင်ငံတော်၏ မူဝါဒများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးနဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့ ဂါဇာဒေသစစ်ပွဲကို ဖြေရှင်းနိုင်အောင် အမေရိကန်အစိုးရရဲ့တစ်ဖက်သတ်ကြိုးပမ်းမှုများ မအောင်မြင်ဟု ရုရှားသမ္မတပြော
RELATED POSTS
08 Nov 2024 | အထွေထွေ,ပြည်တွင်း
08 Nov 2024 | အထွေထွေ,နိုင်ငံတကာ
31 Oct 2024 | အထွေထွေ,နိုင်ငံတကာ