ရေသွားလှူစဉ် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ရာ လူမှုကူညီရေး အသင်းသားတစ်ဦး သေဆုံး
Pearl (NP News) - မတ် ၈
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် ရေသွားရောက်လှူဒါန်းစဉ် ယာဉ်မတော်တဆဖြစ်ပွားခဲ့ပြီး လူမှုကူညီရေး အသင်းသားတစ်ဦး သေဆုံးခဲ့ကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။
ဖြစ်စဉ်မှာ မတ်လ (၇)ရက်၊ နံနက် (၁၁)နာရီအချိန်ခန့်တွင် စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်း-မင်းကွန်းကားလမ်းအနီးရှိ အာလောင်ကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ နိဗ္ဗာန်သုခလူမှုရေးအသင်းမှ အသင်းသား(၄)ဦးသည် အဆိုပါကျေး ရွာရှိ ဥတ္တရဗောဓိကျောင်းသို့ ရေသယ်ယာဥ်ဖြင့် ရေသွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
ထိုသို့ သွားရောက်စဉ် အာလောင် (၈) မျက်နှာဘုရားအတက်တွင် ရေသယ်ယာဥ်သည် နောက်ပြန်လိမ့်ကျ၍ ယာဥ်မတော်တဆမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်မတော်တဆဖြစ်ပွားမှုကြောင့် နိဗ္ဗာန်သုခလူမှု့ရေးအသင်းမှ အသင်းသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။
zawgyi version
Pearl (NP News) - မတ် ၈
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်တွင် ရေကစား မဏ္ဍပ်အကြီး ၊ အလတ်တို့ကိုခွင့်ပြုပေးမည်ဖြစ်ပြီး မနက်ဖြန်မှစ၍ လျှောက်ထားနိုင်မည်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း