ဘရက်ပစ်နဲ့ ဂျိုလီတို့တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ "Mr. and Mrs. Smith" ဇာတ်ကားကို ပြန်လည်ရိုက်ကူးမည်
ရောင်နီ (NSS) - နိုဝင်ဘာ ၁၉
ကမ္ဘာကျော်အနုပညာရှင်တွေဖြစ်ကြတဲ့ ဘရတ်ပစ်နဲ့ အိန်ဂျလီနာဂျိုလီတို့ရဲ့ ၂ဝဝ၅ ခုနှစ် ရုပ်ရှင်ကို ပြန်လည်ပုံဖော်ထားတဲ့ "Mr. and Mrs. Smith" ရုပ်ရှင်ကို လာမည့်နှစ်မှာ ရုံတင်ပြသမယ်လို့ သိရပါတယ်။
Amazon ဟာ အပိုင်း ရှစ်ပိုင်းပါ စီးရီး “Mr. and Mrs. Smith” ကို ဖေဖော်ဝါရီ ၂ ရက်၊ ၂ဝ၂၄ ခုနှစ်မှာ ရုံတင်ပြသမယ်လို့ သိရပါတယ်။ သတင်းထုတ်ပြန်ချက်အရ အဆိုပါ ပရောဂျက်သစ်ကို ဒိုနယ်ဂလောဗာနဲ့ ဖရန်စီစကာ စလိုနီတို့မှ ပူးတွဲဖန်တီးပြီး ဂျွန်စမစ်နဲ့ မာယာအီရာစကိန်းက တွဲဖက်ပါဝင်သရုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
အခုဗားရှင်းမှာ အထီးကျန်နေတဲ့ သူစိမ်းနှစ်ဦး လျှို့ဝှက်ဆန်းကြယ်သူလျှိုအေဂျင်စီအတွက် အလုပ်ရရှိခဲ့ပြီး တွေ့ဆုံ ခဲ့ခြင်းကို ဇာတ်အိမ်တည်ပါတယ်။ အပတ်တိုင်း အန္တရာယ်များတဲ့မစ်ရှင်ကို လုပ်ဆောင်ရင်း တစ်ယောက်နဲ့ တစ်ယောက် ခံစားချက်ပိုလာခြင်းကို လှလှပပရိုက်ကူး ပုံဖော်သွားမှာဖြစ်ပါတယ်။
ဂလောဗာ က ဒီရှိုးဟာ ရုပ်ရှင်နဲ့ မတူဘူးလို့ Entertainment Weekly မှာ ပြောကြားခဲ့ပါတယ်။ ဒါအပြင် သူက "သင့်အနေနဲ့ အမြဲတမ်းအဟောင်းကိုပြန်ကြည့်နိုင်ပေမယ့် ဒီဗားရှင်းဟာ သင့်ကိုကွဲပြားခြားနားတဲ့ ခံစားချက်ပေးနိုင်မှာ သေချာတယ်” လို့ ဆိုခဲ့ပါတယ်။
ဘရက်ပစ်နဲ့ဂျိုလီဟာ အဆိုပါဇာတ်ကား ဇာတ်ကားရိုက်ကူးပြီးနောက် လူသိရှင်ကြားတွဲခဲ့ကြပြီး နောက်ပိုင်းမှာ လက်ထပ်ခဲ့ကြပေမယ့် ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ပြန်ကွာရှင်းခဲ့ကြပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ နိုဝင်ဘာလ ၁၉ ရက်အတွင်းဖြစ်ပွားခဲ့သည့် ထူးခြားဖြစ်စဥ်သတင်းများ
RELATED POSTS
19 Sep 2024 | အနုပညာ,နိုင်ငံတကာ
18 Sep 2024 | အနုပညာ,နိုင်ငံတကာ
17 Sep 2024 | အနုပညာ,နိုင်ငံတကာ