ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမှာ စံချိန်တင်အပူလှိုင်းကြောင့် တေလာဆွစ်ဖ်ရဲ့ Eras World Tour ရှိုးပွဲကြည့် ပရိသတ်တစ်ဦး သေဆုံး
ရောင်နီ (NSS) - နိုဝင်ဘာ ၁၉
အမေရိကန်အဆိုတော် တေလာဆွစ်ဖ်ရဲ့ဘရာဇီးလ် လူငယ်ပရိသတ်တစ်ဦးဟာ နိုဝင်ဘာ ၁၇ ရက်က ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေရိုးမှာ ကျင်းပတဲ့ တေလာရဲ့ Era World Tour မှာ စံချိန်တင် အပူလှိုင်းကြောင့် အပြင်းအထန် ဖျားနာပြီး သေဆုံးသွားခဲ့ပါတယ်။
အန်နာကလယ်ရာဘီနီဗီဒက် အမည်ရှိ အသက် ၂၃ နှစ်အရွယ် fan မိန်းကလေးဟာ နီတွန်ဆန်တို အားကစားရုံမှာ ပြုလုပ်တဲ့ တေလာရဲ့ World Tour ကို ကြည့်ရှုအားပေးနေစဉ် နေထိုင်မကောင်းဖြစ်ခဲ့တာလို့ ပွဲစီစဉ်သူ T4F က အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။
သူမကို ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက ချက်ချင်း Salgado Filho ဆေးရုံကို ပို့ဆောင်ဖို့လုပ်ခဲ့ပေမယ့် လမ်းမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ တေလာရဲ့ဖျော်ဖြေပွဲကို ပရိသတ် ၆ဝဝဝဝ ခန့် လာရောက်အားပေးကြပါ တယ်။ The Eras Tour ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် ဘရာဇီးမှာ ရှိုးခြောက်ပွဲထိ ဖျော်ဖြေဖို့ရှိတဲ့တေလာက သူမရဲ့ ဝမ်းနည်းမှုကို အင်စတာဂရမ်မှာ ဖော်ပြခဲ့ပါတယ်။
အားကစားရုံအတွင်း ပရိသတ်တွေအတွက် သောက်သုံးရေပြတ်လပ်မှု ရှိ၊မရှိ အတည်မပြုနိုင်သေးတာကြောင့် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။
ဘရာဇီးဟာ တေလာကို ကြိုဆိုတဲ့အနေနဲ့ ကြာသပတေးနေ့(နိုဝင်ဘာ ၁၆ ရက်) က ရီကိုရဲ့ Christ the Redeemer ရုပ်တုမှာ "Welcome to Brazil" ဆိုတဲ့ စာလုံးများ ပါဝင်တဲ့ တီရှပ်ကိုတပ်ဆင်ကာ ဖော်ပြခဲ့ပါတယ်။ ဖျော်ဖြေပွဲ အတွင်း အပူရှိန်ကြောင့် ပရိသတ်အများအပြား မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ ရေငတ်ခြင်း စတဲ့ နာမကျန်းမှုတွေ ဖြစ် ခဲ့ကြတယ်လို့လည်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စာမေးပွဲဖြေဆိုပြီးသော စစ်တွေတက္ကသိုလ်မှ ကျောင်းသား/သူ (၁ဝဝဝဝ)ကျော် နေရပ်ပြန်နိုင်ရေး ရခိုင်အစိုးရအဖွဲ့ စီစဉ်ပေး
RELATED POSTS
19 Sep 2024 | အနုပညာ,နိုင်ငံတကာ
18 Sep 2024 | အနုပညာ,နိုင်ငံတကာ
17 Sep 2024 | အနုပညာ,နိုင်ငံတကာ