NUG၊ PDF တို့၏ အကြမ်းဖက်မှုကြောင့် အရပ်သား (၆၇၀၀)ကျော် သေဆုံးခဲ့ရမှုအပေါ် ရှုတ်ချရန် ကုလသမဂ္ဂပျက်ကွက်နေဟု နစက ဝေဖန်
မြူနစ် (NSS) - နိုဝင်ဘာ ၁၈
NUG၊ PDF တို့၏ အကြမ်းဖက်မှုကြောင့် အရပ်သား (၆၇၀၀)ကျော် သေဆုံးခဲ့ရမှုအပေါ် ရှုတ်ချရန် ကုလသမဂ္ဂအနေဖြင့် ပျက်ကွက်နေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဝေဖန်ထားသည်။
နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်အဆိုနှင့်ပတ်သက်၍ တုံ့ပြန်ရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းဝေဖန်ထားခြင်းဖြစ်သည်။
ကုလသမဂ္ဂ၌ နိုဝင်ဘာလ ၁၅ ရက်တွင် အတည်ပြုချမှတ်ခဲ့သော ဆုံးဖြတ်ချက်အဆိုတွင် NUG နှင့် PDF ဆိုသူတို့၏ အကြမ်းဖက်တိုက်ခိုက်မှုများကို ရှုတ်ချရန် ပျက်ကွဲခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။
NUG နှင့် PDF တို့၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ကလေးသူငယ် (၂၃၀)ကျော်အပါအဝင် လက်နက်မဲ့အရပ်သား (၆၇၀၀)ကျော် သေဆုံးခဲ့ရသည်ဟု နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ မြန်မာနိုင်ငံ၌ အကြမ်းဖက်လုပ်ရပ်အသီးသီးကြောင့် ရဟန်းသံဃာ၊ နိုင်ငံ့ဝန်ထမ်း၊ ဆရာ/ဆရာမနှင့် အရပ်သားပြည်သူများစွာ အသက်ဆုံးရှုံးခဲ့ရသည်။
ထို့ပြင် နိုင်ငံအတွင်းရှိ ဌာနဆိုင်ရာအဆောက်အအုံ၊ အခြေခံပညာကျောင်း၊ လမ်း၊ တံတားစသော အများပြည်သူအသုံးပြုရာ အဆောက်အအုံများသည်လည်း အကြမ်းဖက်သမားများ၏ ဖောက်ခွဲဖျက်ဆီးမှုများကြောင့် ပျက်စီးမှုများရှိခဲ့သည်။
ယခု ကုလသမဂ္ဂမှ အတည်ပြုချမှတ်ခဲ့သော ဆုံးဖြတ်ချက်အဆို၌ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သည့် အချက်များလည်းပါဝင်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ထားသည်။
ထို့ကြောင့် နိုင်ငံတစ်နိုင်ငံအပေါ် ဦးတည်ချမှတ်သော ဆုံးဖြတ်ချက်အဆိုတစ်ခုလုံးအား မြန်မာနိုင်ငံက လုံးဝပယ်ချကြောင်း နှင့် ပါဝင်ပတ်သက်မှုရှိမည်မဟုတ်ကြောင်းလည်း ဝန်ကြီးဌာနက ပြန်လည်တုံ့ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဇာကမ်းမြောင်ဒေသကို ချက်ချင်းအမြစ်ပြတ်ချေမှုန်းပစ်ရန် အစ္စရေးလွှတ်တော် ဒုဥက္ကဋ္ဌတိုက်တွန်း
RELATED POSTS
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ