ဘရာဇီးက တေလာဆွဖ်ရဲ့ “The Eras Tour” ဖျော်ဖြေပွဲကို Christ the Redeemer ရုပ်တုပေါ်မှာ ပုံရိပ်တစ်ခုထိုးပြီး ဖျော်ဖြေမည်
ရောင်နီ (NSS) - နိုဝင်ဘာ ၁၈
မကြာမီရက်ပိုင်းအတွင်း ကမ္ဘာကျော် ပေါ့စ်အဆိုတော် တေလာဆွစ်ဖ်ရဲ့ "The Eras Tour" ဟာ ဘရာဇီးနိုင်ငံကို ရောက်ရှိလာတော့မှာဖြစ်ပါတယ်။
Brazil နိုင်ငံက တေလာဆွဖ်ကို ကြိုဆိုတဲ့အနေနဲ့ ရီရိုဒဲဂျာနိုင်ရိုမြို့ရှိ ၃၀ မီတာလောက်အမြင့်ရှိတဲ့ “Christ the Redeemer” ယေရှုရုပ်ထုကြီးပေါ် Taylor နဲ့ ပတ်သက်တဲ့ပုံရိပ်တစ်ခုကို တပ်ဆင်ကာ Taylor Swift ကို ဂုဏ်ပြုသွားဖို့ ပြင်ဆင်ထားပါတယ်။
အဲဒီ ရုပ်တုကို တေလာရဲ့"Junior Jewles” တီရှပ် ဝတ်ဆင်ပေးထားတဲ့ edit ပုံတစ်ခု ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့သွားခဲ့ပြီးနောက် တေလာရဲ့ပရိသတ်တွေက အဆိုပါ ပုံရိပ်ကို edit မှ တကယ်ဖြစ်လာစေဖို့ projection campaign စတင်ခဲ့တာပါ။
၎င်းတို့ campaign ကို မြို့ဝန်ကြီးက သတိထားမိပြီးနောက် တေလာဟာ ယခုခေတ်ရဲ့ မိုက်ကယ်ဂျက်ဆင်ပဲလို့ ရည်ညွှန်းဆိုခဲ့ပြီး Taylor Swift projection ကို ရုပ်ထုကြီးပေါ်ပြဖို့ ခွင့်ပြုချက်ပေးခဲ့တာပဲဖြစ်ပါတယ်။
တေလာဟာ အဆိုပါမြို့မှာ နိုဝင်ဘာ ၁၇ ရက်မှ ၁၉ ရက်အထိ ဖျော်ဖြေပွဲလုပ်မှာ ဖြစ်ပါတယ်။
ဒီအတွက် ဆိုရှယ်မီဒီယာမှာ ဝေဖန်မှုတွေ ရှိနေပေမယ့် "Christ the Redeemer” ယေရှုရုပ်ထုပေါ်မှာ projection ထိုးတာဟာ ဒီနေ့ခေတ်မှာ ပုံမှန်လို ဖြစ်နေပါပြီ။
Covid ကူးစက်မှု ကာလတုန်းကလည်း “Christ the Redeemer” ရုပ်ထုမှာ projection ထိုးပြီး covid ကာကွယ်ရေးလှုံ့ဆော်တာတွေ ရှိခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘောဒီးယားက ကမ္ဘာလှည့် ခရီးသွားတွေကို ဆွဲဆောင်ဖို့အတွက် ဒေါ်လာဘီလျံချီတန်တဲ့ လေဆိပ်ဖွင့်လှစ်
RELATED POSTS
19 Sep 2024 | အနုပညာ,နိုင်ငံတကာ
18 Sep 2024 | အနုပညာ,နိုင်ငံတကာ
17 Sep 2024 | အနုပညာ,နိုင်ငံတကာ