Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ယင်းမာပင်မြို့နယ်ရှိ ရွာ(၄)ရွာမှ အိမ်ခြေပေါင်း (၁ဝဝဝ)ကျော်မီးရှို့ဖျက်ဆီးခံခဲ့ရပြီး လက်နက်ကိုင်များမှလွဲ၍ ရွာသားအားလုံး ဒုက္ခရောက်နေဟုဆို

NP News - မတ် ၇

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ရွာ(၄)ရွာမှ အိမ်ခြေပေါင်း(၁ဝဝဝ)ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး လက်နက်ကိုင်များမှလွဲ၍ ရွာသားအားလုံး ဒုက္ခရောက်နေလျက်ရှိကြောင်း ဒေသခံများက ပြောသည်။

ယခု မတ်လ ပထမပတ်အတွင်း ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်ရှိ ကုန်းရွာ၊ မြောက်နုံးရွာ၊ ကပိုင်ရွာနှင့် မြရိပ်ရွာတို့တွင် မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရကြောင်း ဒေသခံများက ဆိုသည်။

“PDF တွေက မစ်ရှင်အကြောင်းပြပြီး လုပ်တယ်။ တပ်က ဝင်လာပြီး လုပ်တယ်။ ဘာနဲ့သွားတူလဲဆိုတော့ ပျားအုံးကို ဒုတ်နဲ့သွားထိုးတယ်။ ဟိုကလည်း တစ်တောလုံးကို မီးနဲ့ရှို့တာလေ။ လုပ်တဲ့လူနဲ့ မလုပ်တဲ့လူကို ခွဲပြီးတော့ ပြန်အရေးယူတာမဟုတ်ဘူး။ ဒေသခံတွေကြတော့ နှစ်ဖက်စလုံးကို ကြောက်နေရတာ။ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်လာတဲ့အချိန်ဆိုရင်လည်း ကြောက်ရတာပဲ။ မပြေးလို့ မဖြစ်ဘူး။ မပြေးလို့ရှိရင်လည်း PDF က ဒလန်ဆိုပြီးတော့ စွပ်စွဲမှာ ကြောက်ရတယ်။ တစ်ခါ အိမ်ထဲမှာနေလို့ရှိရင်လည်း ပေါ်တာဆိုပြီးတော့ ခေါ်သွားတာပဲ။ အဲဒါမျိုးလည်းဖြစ်တယ်။ အရပ်သားတွေကြတော့ မပြေးရင်းလည်း တစ်မျိုး၊ ပြေးရင်လည်းတစ်မျိုး အဲဒီလိုမျိုးဖြစ်နေတာ” ဟု ယင်းမာပင်မြို့နယ်ရှိ ကျေးရွာတစ်ရွာ၌ နေထိုင်သူတစ်ဦးက NP News ကိုပြောသည်။

ပြီးခဲ့သော ရက်ပိုင်းအတွင်းက အိမ်ခြေပေါင်း (၈ဝဝ)ခန့်ရှိသည့် ကုန်းရွာတွင် အိမ်ခြေပေါင်း (၇ဝဝ)ကျော် မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရကြောင်း ဒေသခံများက အသိပေးပြောဆိုထားသည်။

အလားတူ အိမ်ခြေ(၂၃ဝ)ရှိသည့် မြောက်နုံးရွာတွင်လည်း အိမ်ခြေပေါင်း (၁ဝ၉)အိမ်မှာ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး မြရိပ်ရွာတွင် အိမ်ခြေပေါင်း (၁ဝဝ)ကျော်မှာလည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

“မြောက်နုံးရွာဆိုရင် ရွာအလယ်ထဲကို ဝင်ရှို့တာ ဘေးက အိမ်ခြေတွေ ကျန်ခဲ့တာပေါ့။ မီးလောင်တာက တစ်အိမ်၊ နှစ်အိမ်ပဲ မဟုတ်ဘူး။ အများကြီး လောင်တာ။ အလုပ်အကိုင်ကလည်း အဆင်မပြေ။ ဟိုသွား ဒီသွားဖို့ကလည်း မဖြစ်နဲ့ အဲဒါမျိုးတွေ ဖြစ်နေကြတာ။ တော်တော်ကို ဒုက္ခရောက်နေကြတာ” ဟု ၎င်းက ဆက်လက်ပြောသည်။

ထို့ပြင် ယင်းမာပင်မြို့နယ်အတွင်း၌ အိမ်ခြေပေါင် (၁ဝဝဝ)နီးပါးရှိသည့် ကပိုင်ရွာတွင်လည်း အိမ်ခြေပေါင်း (၂ဝဝ)ကျော်မှာ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရကြောင်း သိရသည်။

“ပြောရရင်တော့ PDF နဲ့ လက်နက်ရှိတဲ့လူတွေက လွဲရင် ကျန်တဲ့သူတွေကတော့ ဒုက္ခသည်လို့ ဖြစ်နေတာပေါ့။ ကိန်းဂဏန်းနဲ့တောင် ပြောဖို့ခက်သွားပြီ။ အကုန်လုံးက ဒီဒဏ်ကို လွတ်တဲ့သူမှ မရှိတာ။ လက်နက်ရှိတဲ့သူတွေလောက်ပဲ လွတ်တာ။ တစ်နယ်လုံးကတော့ မြေစာပင်တွေ ဖြစ်သွားကြပြီ” ဟု ယင်းမာပင်မြို့နယ် ဒေသခံတစ်ဦးက ဆိုသည်။

ထိုသို့ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည့် ရွာသူ၊ ရွာသားများအနေဖြင့် မီးမလောင်ဘဲ ကျန်ရှိခဲ့သည့် နေအိမ်များတွင် ပူးတွဲနေထိုင် နေရသလို တောတောင်ထဲရှိ ယာခင်းများတွင် သွားရောက်နေထိုင်ရလျက်ရှိသည့် အတွက် နေထိုင်ရေးအပါအဝင် စားသောက်ရေးပါ အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများက ဆိုသည်။

တပ်မတော်အနေဖြင့် ဒေသခံရွာသူ၊ ရွာသားများနှင့် ထိတွေ့ဆက်ဆံကာ တပ်မတော်၏ သဘောထားအမှန်အား ပြောပြစည်းရုံးကာ ဒေသခံရွာသားများအား လုံခြုံရေးဆောင်ရွက်ပေးသင့်ကြောင်းလည်း ဒေသခံတစ်ဦးက အကြံပြုထားသည်။

zawgyi version

ယင္းမာပင္ၿမိဳ႕နယ္ရွိ ႐ြာ(၄)႐ြာမွ အိမ္ေျခေပါင္း (၁ဝဝဝ)ေက်ာ္မီးရႈိ႕ဖ်က္ဆီးခံခဲ့ရၿပီး လက္နက္ကိုင္မ်ားမွလြဲ၍ ႐ြာသားအားလုံး ဒုကၡေရာက္ေနဟုဆို

NP News - မတ္ ၇

စစ္ကိုင္းတိုင္း၊ ယင္းမာပင္ၿမိဳ႕နယ္ရွိ ႐ြာ(၄)႐ြာမွ အိမ္ေျခေပါင္း(၁ဝဝဝ)ေက်ာ္ မီးရႈိ႕ဖ်က္ဆီးခံခဲ့ရၿပီး လက္နက္ကိုင္မ်ားမွလြဲ၍ ႐ြာသားအားလုံး ဒုကၡေရာက္ေနလ်က္ရွိေၾကာင္း ေဒသခံမ်ားက ေျပာသည္။

ယခု မတ္လ ပထမပတ္အတြင္း ယင္းမာပင္ခ႐ိုင္၊ ယင္းမာပင္ၿမိဳ႕နယ္ရွိ ကုန္း႐ြာ၊ ေျမာက္ႏုံး႐ြာ၊ ကပိုင္႐ြာႏွင့္ ျမရိပ္႐ြာတို႔တြင္ မီးရႈိ႕ဖ်က္ဆီးျခင္းခံခဲ့ရေၾကာင္း ေဒသခံမ်ားက ဆိုသည္။

“PDF ေတြက မစ္ရွင္အေၾကာင္းျပၿပီး လုပ္တယ္။ တပ္က ဝင္လာၿပီး လုပ္တယ္။ ဘာနဲ႔သြားတူလဲဆိုေတာ့ ပ်ားအုံးကို ဒုတ္နဲ႔သြားထိုးတယ္။ ဟိုကလည္း တစ္ေတာလုံးကို မီးနဲ႔ရႈိ႕တာေလ။ လုပ္တဲ့လူနဲ႔ မလုပ္တဲ့လူကို ခြဲၿပီးေတာ့ ျပန္အေရးယူတာမဟုတ္ဘူး။ ေဒသခံေတြၾကေတာ့ ႏွစ္ဖက္စလုံးကို ေၾကာက္ေနရတာ။ ဘာျဖစ္လို႔လဲဆိုေတာ့ စစ္တပ္လာတဲ့အခ်ိန္ဆိုရင္လည္း ေၾကာက္ရတာပဲ။ မေျပးလို႔ မျဖစ္ဘူး။ မေျပးလို႔ရွိရင္လည္း PDF က ဒလန္ဆိုၿပီးေတာ့ စြပ္စြဲမွာ ေၾကာက္ရတယ္။ တစ္ခါ အိမ္ထဲမွာေနလို႔ရွိရင္လည္း ေပၚတာဆိုၿပီးေတာ့ ေခၚသြားတာပဲ။ အဲဒါမ်ိဳးလည္းျဖစ္တယ္။ အရပ္သားေတြၾကေတာ့ မေျပးရင္းလည္း တစ္မ်ိဳး၊ ေျပးရင္လည္းတစ္မ်ိဳး အဲဒီလိုမ်ိဳးျဖစ္ေနတာ” ဟု ယင္းမာပင္ၿမိဳ႕နယ္ရွိ ေက်း႐ြာတစ္႐ြာ၌ ေနထိုင္သူတစ္ဦးက NP News ကိုေျပာသည္။

ၿပီးခဲ့ေသာ ရက္ပိုင္းအတြင္းက အိမ္ေျခေပါင္း (၈ဝဝ)ခန႔္ရွိသည့္ ကုန္း႐ြာတြင္ အိမ္ေျခေပါင္း (၇ဝဝ)ေက်ာ္ မီးရႈိ႕ဖ်က္ဆီးျခင္းခံခဲ့ရေၾကာင္း ေဒသခံမ်ားက အသိေပးေျပာဆိုထားသည္။

အလားတူ အိမ္ေျခ(၂၃ဝ)ရွိသည့္ ေျမာက္ႏုံး႐ြာတြင္လည္း အိမ္ေျခေပါင္း (၁ဝ၉)အိမ္မွာ မီးရႈိ႕ဖ်က္ဆီးခံခဲ့ရၿပီး ျမရိပ္႐ြာတြင္ အိမ္ေျခေပါင္း (၁ဝဝ)ေက်ာ္မွာလည္း မီးရႈိ႕ဖ်က္ဆီးခံခဲ့ရေၾကာင္း သိရသည္။

“ေျမာက္ႏုံး႐ြာဆိုရင္ ႐ြာအလယ္ထဲကို ဝင္ရႈိ႕တာ ေဘးက အိမ္ေျခေတြ က်န္ခဲ့တာေပါ့။ မီးေလာင္တာက တစ္အိမ္၊ ႏွစ္အိမ္ပဲ မဟုတ္ဘူး။ အမ်ားႀကီး ေလာင္တာ။ အလုပ္အကိုင္ကလည္း အဆင္မေျပ။ ဟိုသြား ဒီသြားဖို႔ကလည္း မျဖစ္နဲ႔ အဲဒါမ်ိဳးေတြ ျဖစ္ေနၾကတာ။ ေတာ္ေတာ္ကို ဒုကၡေရာက္ေနၾကတာ” ဟု ၎က ဆက္လက္ေျပာသည္။

ထို႔ျပင္ ယင္းမာပင္ၿမိဳ႕နယ္အတြင္း၌ အိမ္ေျခေပါင္ (၁ဝဝဝ)နီးပါးရွိသည့္ ကပိုင္႐ြာတြင္လည္း အိမ္ေျခေပါင္း (၂ဝဝ)ေက်ာ္မွာ မီးရႈိ႕ဖ်က္ဆီးျခင္းခံခဲ့ရေၾကာင္း သိရသည္။

“ေျပာရရင္ေတာ့ PDF နဲ႔ လက္နက္ရွိတဲ့လူေတြက လြဲရင္ က်န္တဲ့သူေတြကေတာ့ ဒုကၡသည္လို႔ ျဖစ္ေနတာေပါ့။ ကိန္းဂဏန္းနဲ႔ေတာင္ ေျပာဖို႔ခက္သြားၿပီ။ အကုန္လုံးက ဒီဒဏ္ကို လြတ္တဲ့သူမွ မရွိတာ။ လက္နက္ရွိတဲ့သူေတြေလာက္ပဲ လြတ္တာ။ တစ္နယ္လုံးကေတာ့ ေျမစာပင္ေတြ ျဖစ္သြားၾကၿပီ” ဟု ယင္းမာပင္ၿမိဳ႕နယ္ ေဒသခံတစ္ဦးက ဆိုသည္။

ထိုသို႔ မီးရႈိ႕ဖ်က္ဆီးျခင္းခံခဲ့ရသည့္ ႐ြာသူ၊ ႐ြာသားမ်ားအေနျဖင့္ မီးမေလာင္ဘဲ က်န္ရွိခဲ့သည့္ ေနအိမ္မ်ားတြင္ ပူးတြဲေနထိုင္ ေနရသလို ေတာေတာင္ထဲရွိ ယာခင္းမ်ားတြင္ သြားေရာက္ေနထိုင္ရလ်က္ရွိသည့္ အတြက္ ေနထိုင္ေရးအပါအဝင္ စားေသာက္ေရးပါ အခက္အခဲျဖစ္ေပၚလ်က္ရွိေၾကာင္း ေဒသခံမ်ားက ဆိုသည္။

တပ္မေတာ္အေနျဖင့္ ေဒသခံ႐ြာသူ၊ ႐ြာသားမ်ားႏွင့္ ထိေတြ႕ဆက္ဆံကာ တပ္မေတာ္၏ သေဘာထားအမွန္အား ေျပာျပစည္း႐ုံးကာ ေဒသခံ႐ြာသားမ်ားအား လုံၿခဳံေရးေဆာင္႐ြက္ေပးသင့္ေၾကာင္းလည္း ေဒသခံတစ္ဦးက အႀကံျပဳထားသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်၌ကျင်းပမည့် ယိမ်းအကပြိုင်ပွဲများအတွက် ပြိုင်ပွဲဝင်များခေါ်ယူ

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved