Blackpink အဖွဲ့ရဲ့မန်နေဂျာ ၂ ဦး YG Entertainment မှ နှုတ်ထွက်
ရောင်နီ (NSS) - နိုဝင်ဘာ ၁၇
YG Entertainment နဲ့ ကမ္ဘာကျော်အမျိုးသမီး K POP အဖွဲ့ဖြစ်တဲ့ BLACKPINK ကြား အခြေအနေတွေ တင်းမာနေပုံ ရပါတယ်။
YG Entertainment က Blackpink အဖွဲ့နဲ့ ဆက်လက်စာချုပ်ချုပ်ဆိုလိုပေမယ့် Blackpink အဖွဲ့က ငြိမ်ချက်သားကောင်းနေတာပါ။ ဒါ့အပြင် မကြာသေးခင်က BLACKPINK အဖွဲ့ဝင်နှစ်ဦးဖြစ်တဲ့ လီဆာနဲ့ ဂျင်းနီရဲ့ မန်နေဂျာတွေဟာလည်း YG Entertainment မှ နှုတ်ထွက်ခဲ့ကြပါတယ်။
လီဆာနဲ့ ဂျင်းနီတို့ရဲ့မန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အဲလစ်ကန် နဲ့ အဲလီဆွန်ချန်တို့ဟာ ၂ဝ၂၃ ခုနှစ်၊ အောက်တိုဘာလက နှုတ်ထွက်သွားခဲ့တာဖြစ်ပြီး မကြာသေးခင်ကမှ ၎င်းတို့ရဲ့ LinkedIn ပရိုဖိုင်တွေမှာ အလုပ် အကိုင်ကို အပ်ဒိတ်လုပ်ခဲ့တာကြောင့် ပရိသတ်တွေ သတိထားမိခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် BLACKPINK နဲ့ YG အေဂျင်စီကြား ဆက်ဆံရေးနဲ့ပတ်သက်ပြီး ထင်ကြေးတွေ မြင့်တက်လာနေပါတယ်။ YG ဘက်ကတော့ Blackpink နဲ့ ထပ်မံစာချုပ်ချုပ်ဆိုလိုတဲ့အကြောင်း အတိအလင်း ဖော်ပြထားပေမယ့် Blackpink အဖွဲ့ဘက်မှ အကြောင်းပြန်ခြင်းမရှိတာကြောင့် YG နဲ့ စာချုပ်ထပ်မချုပ်ဖြစ်တော့ဘဲ Blackpink အဖွဲ့ တကွဲ တပြားစီ ဖြစ်သွားမလားဆိုတာ ပရိသတ်က စိုးရိမ်ပူပန်နေပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပီရူးနိုင်ငံမှာ အပူချိန်ကြောင့် ရှားပါးလိပ်ပေါက်ဖွားမှု မြင့်တက်
RELATED POSTS
19 Sep 2024 | အနုပညာ,နိုင်ငံတကာ
18 Sep 2024 | အနုပညာ,နိုင်ငံတကာ
17 Sep 2024 | အနုပညာ,နိုင်ငံတကာ