၂ဝ၂၃ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုအဖွင့်ပွဲတွင် မြန်မာအသင်း ဂျပန်အသင်းကို ရှုံးနိမ့်
သန့်ဇင် (NSS) - နိုဝင်ဘာ ၁၆
၂၀၂၃ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့်အုပ်စုအဖွင့်ပွဲတွင် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနှင့် ဂျပန်အသင်း တို့ ယှဉ်ပြိုင်ကစားခဲ့ရာ ၅ဂိုး-ဂိုးမရှိ ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့သည်။
ယနေ့(နိုဝင်ဘာ ၁၆ ရက်)၊ ညနေ ၄ နာရီ ၃ဝ မိနစ်အချိန်တွင် ဂျပန်နိုင်ငံ၊ အိုဆာကာမြို့ရှိ PANASONIC STADIUM SUITA တွင် ဂျပန်အသင်း နှင့် မြန်မာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် အင်အားကြီးဂျပန်အသင်းအား ခံစစ်အသားပေး ယှဉ်ပြိုင်ခဲ့သော်လည်း Ueda၊ Kamada နှင့် Doan ၏ သွင်းဂိုးများ၊ကို ခွင့်ပြုပေးခဲ့ရပြီး ၅ ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။
အဆိုပါပွဲစဉ်နှင့်ပတ်သက်၍ မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် Michael Feichtenbenir က "ဒီနေ့ပွဲအတွက် ခံစစ်ကို ဦးစားပေးပြီး အတတ်နိုင်ဆုံး ပေးဂိုးနည်းအောင် စီစဉ်ထားခဲ့ပါတယ်။ ဂျပန်အသင်းလို ကမ္ဘာ့အဆင့် အသင်းတစ်သင်းကို သူ့အိမ်ကွင်းမှာ အနိုင်ရဖို့၊ အမှတ်ယူဖို့ ဆိုတာတွေကို မျှော်လင့်မထားပါဘူး။ ကျွန်တော်တို့ လက်တွေ့ဆန်ဆန်ပဲ ဆုံးဖြတ်ပါတယ်။ ဒါကြောင့် ခံစစ် ဦးစားပေးပြီး အကောင်းဆုံး ကစားခဲ့ပါတယ်" ဟု ပွဲပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
မြန်မာအသင်းအနေဖြင့် လာမည့် (နိုဝင်ဘာ ၂၁ ရက်)တွင် မြောက်ကိုရီးယားအသင်းအား ရန်ကုန်မြို့ရှိ သုဝဏ္ဏ ကွင်းတွင် လက်ခံကစားသွားရမည်ဖြစ်ပြီး ရလဒ်ကောင်းများရရှိအောင် စွမ်းဆောင်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်-မြန်မာဖမ်းဝရမ်းထုတ်ထားတဲ့ ၃ ဦးကို ဖမ်းဆီးခဲ့ပြီး လွှဲပြောင်း၊ ရှမ်းမြောက်တိုက်ပွဲ ရည်ရွယ်ချက် နဲ့ ဒီနေ့ တိုက်ပွဲများ အခြေအနေ
RELATED POSTS
01 Aug 2024 | အားကစား,နိုင်ငံတကာ
30 Jul 2024 | အားကစား,နိုင်ငံတကာ
07 Jul 2024 | အားကစား,နိုင်ငံတကာ
23 May 2024 | အားကစား,ပြည်တွင်း