ဂန္တဝင်ကစားသမား ဆာဘော်ဘီချာလ်တန်၏ ဈာပနနှင့်ဆက်နွယ်ပြီး ဝေဖန်ပြစ်တင်ခံနေသည့် ဂလေဇာ မိသားစု
Pika (NSS) - နိုဝင်ဘာ ၁၄
မန်ယူအသင်းပိုင်ရှင် ဂလေဇာမိသားစုသည် နိုဝင်ဘာလ(၁၃)ရက် ညနေပိုင်းကပြုလုပ်ခဲ့သော အင်္ဂလန်အသင်း နှင့် မန်ယူအသင်းတို့၏ ဂန္တဝင်ကစားသမား ဆာဘော်ဘီချာလ်တန်၏ ဈာပနကို တက်ရောက်ခြင်းမျိုးမရှိခဲ့သည့် အတွက် အသင်းပရိသတ်များက ပြစ်တင်ဝေဖန်ပြောဆိုမှုများရှိခဲ့ကြောင်း သိရသည်။
Manchester Cathedral တွင် လူ(၁)ထောင်နီးပါး စုဝေးခဲ့ကြပြီး အခြားလူထောင်ချီသည် မြို့လယ်နှင့် အိုးထရက်ဒ်ဖို့ ကွင်းအနီးရှိ လမ်းမများပေါ်တွင် စုဝေးခဲ့ကြပြီး ဆာဘော်ဘီချာလ်တန်၏ ရုပ်အလောင်းကို ဂါရဝ ပြုခဲ့ကြကြောင်း သိရသည်။ ဆာဘော်ဘီချာလ်တန်၏ ဈာပနကို မန်ယူအသင်း၏ လက်ရှိကစားသမားများ၊ ကစားသမားဟောင်းများ နှင့် အခြားအသင်းများ၏ ကိုယ်စားလှယ်များတက်ရောက်ခဲ့ပြီး ဂုဏ်ပြုပွဲကို ဆာအဲလက်စ်ဖာဂူဆန်က ဦးဆောင်ခဲ့ကြောင်း သိရသည်။
မန်ယူပရိသတ်အဖွဲ့ The 1958 ၏ ထုတ်ပြန်ချက်တွင် "မန်ယူအသင်းဂန္တဝင်ကစားသမား ဆာဘော်ဘီချာလ်တန်ရဲ့ ဈာပနကို ဂလေဇာမိသားစုဝင်တွေ လာရောက်ဂါရဝပြုတာမျိုး မရှိခဲ့ပါဘူး။ ဒါက ဂလေဇာမိသားစုဟာ အသင်း ပရိသတ်တွေပြီးတော့ အသင်းနဲ့ ကင်းကွာနေတာကို ပြသနေတာဖြစ်ပြီး နောက်ထပ်ရှက်ဖို့ကောင်းတဲ့ လုပ်ရပ် တစ်ခုပါပဲ" ဟု ရေးသားဖော်ပြထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရွှေတိဂုံစေတီတော်ရှိ နောင်တော်ကြီးစေတီတော်အား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်မည်
RELATED POSTS
01 Aug 2024 | အားကစား,နိုင်ငံတကာ
30 Jul 2024 | အားကစား,နိုင်ငံတကာ
07 Jul 2024 | အားကစား,နိုင်ငံတကာ
23 May 2024 | အားကစား,ပြည်တွင်း