(၁၀)လတာကာလ၌ နိုင်ငံအတွင်း ယာဉ်တိုက်မှုပေါင်း (၄၀၀၀)ကျော်ဖြစ်ပွားခဲ့ရာ လူ(၂၀၀၀)ကျော် သေဆုံးခဲ့
စော (NSS) - နိုဝင်ဘာ ၁၃
(၁၀)လတာကာလ၌ နိုင်ငံအတွင်း ယာဉ်တိုက်မှုပေါင်း (၄၀၀၀)ကျော်ဖြစ်ပွားခဲ့ရာ လူ(၂၀၀၀)ကျော် သေဆုံးခဲ့ကြောင်း ပို့ဆောင်ရေ းနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ (၁၀)လအတွင်း မြန်မာတစ်နိုင်ငံလုံး၌ ယာဉ်တိုက်မှုပေါင်း (၄၀၅၀)မှုဖြစ်ပွားခဲ့ရာ ဒဏ်ရာရရှိသူ (၅၆၅၆)ဦးနှင့် သေဆုံးသူ (၂၀၆၈)ဦး ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုများအနက် ရန်ကုန်တိုင်း၌ ယာဉ်တိုက်မှု အကြိမ်ရေ (၇၁၂)ဖြင့် အများဆုံးဖြစ်ပွားခဲ့ပြီး ဧရာဝတီတိုင်းတွင် ယာဉ်တိုက်မှု (၆၁၇)ဖြင့် ဒုတိယအများဆုံးဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ယာဉ်မောင်းတွေအနေနဲ့ အစစအရာရာ ဂရုစိုက်ပြီးတော့ အိပ်မငိုက်သင့်ရင် အိပ်မငိုက်ဖို့ရယ်။ ယာဉ်ကြံ့ခိုင်ဖို့ကို စစ်ဆေးဖို့ရယ်။ သတ်မှတ်ထားတဲ့အရှိန်နဲ့ မောင်းနှင်ဖို့ အကြံပြုချင်ပါတယ်။ ယာဉ်တိုက်မှု အများစုက ယာဉ်မောင်းအိပ်ငိုက်တာနဲ့ ယာဉ်ပေါ့ဆမှုဖြစ်တာတွေက အများဆုံးပဲ"ဟု အမြန်လမ်းမီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက အကြံပြုပြောကြားသည်။
အလားတူ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ယာဉ်တိုက်မှုပေါင်း (၁၃၇)ကြိမ်ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုအနေဖြင့် (၇၇)ဦးရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် (၂၀၂၂)ခုနှစ်၌ အလားတူ ကာလအတွင်း ယာဉ်တိုက်မှု အကြိမ်ရေ (၄၇၄၄)ကြိမ်ဖြစ်ပွားခဲ့ရာ သေဆုံးသူ (၂၃၄၃)ဦး ရှိခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပူလော့ဆာတန်ကျွန်းမှ Raffles မီးပြတိုက်ကို နေရောင်ခြည်စွမ်းအင်နဲ့ လျှပ်စစ်ပေးဖို့ဆောင်ရွက်နေ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း