အမေရိကန်စစ်စခန်းတွေကိုတိုက်ခိုက်နေမှု မရပ်ဘူးဆိုရင် ပြန်လည်တိုက်ခိုက်တော့မယ်လို့ အမေရိကန်စစ်ဘက်သတိပေး
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၁၃
အမေရိကန်ကာကွယ်ရေးဝန်ကြီးလွိုင်အော်စတင်က ဆီးရီးယား နဲ့ အီရတ်နိုင်ငံတို့ရှိ အမေရိကန်စစ်အခြေစိုက်စခန်းတွေကို တိုက်ခိုက်မှုတွေ မရပ်တန့်ဘူးဆိုရင် အီရန် အစိုးရက ကျောထောက်နောက်ခံပြုထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို တိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်သွားရဖွယ်ရှိနေကြောင်း သတိပေးပြောဆိုလိုက်ပါတယ်။
အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲစတင်လာခဲ့ပြီးနောက်ပိုင်း အရှေ့အလယ်ပိုင်းဒေသရှိလက်နက်ကိုင်အဖွဲ့တွေဟာ အမေရိကန်နိုင်ငံရဲ့စစ်အေခြစိုက်စခန်းတွေကို တိုက်ခိုက်လာခဲ့ကြောင်းသိရပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးက"အီရန်နိုင်ငံရဲ့အထောက်အပံ့ရထားတဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ အမေရိကန်စစ်အခြေစိုက်စခန်းတွေကို တိုက်ခိုက်နေတာတွေ မရပ်တန့်ဘူးဆိုရင် ကျွန်တော်တို့ဟာ လိုအပ်တာထက် ပိုပြီးသည်းခံနေတော့မှာမဟုတ်ဘူး။ လက်နက်ကိုင်အဖွဲ့တွေဟာ အမေရိကန်စစ်အခြေစိုက်စခန်းတွေကို တိုက်ခိုက်နေတာတွေ ရပ်တန့်ရမယ်။ ကျွန်တော်တို့ကတော့ အမေရိကန်စစ်သားတွေကို ကာကွယ်ပေးသွားရမယ်"လို့ပြောပါတယ်။
အမေရိကန်အစိုးရဟာ အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲစတင်ခဲ့ပြီးနောက် အစ္စရေးနိုင်ငံဘက်က ရပ်တည်ကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် အခုလိုမျိုးဒေသအတွင်းရှိ လက်နက်ကိုင်အဖွဲ့တွေရဲ့တိုက်ခိုက်ခြင်းကို ခံခဲ့ရပါတယ်။ ဟားမက်စ်နဲ့ အစ္စရေးနိုင်ငံကြား စစ်ပွဲစတင်ခဲ့ပြီးနောက် အမေရိကန်စစ်ဘက်ဟာ အရှေ့အလယ်ပိုင်းဒေသကို လေယာဉ်တင်သင်္ဘောတွေနဲ့ တပ်ဖွဲ့ဝင်ထောင်နဲ့ချီပြီး စေလွှတ်ထားရာ အာရပ်ဒေသအတွင်း နိုင်ငံတွေက စိတ်ဆိုးဒေါသဖြစ်နေခဲ့ကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျောက်ဆည်ခရိုင်တရားရုံးဝန်းအတွင်းသို့ PDF အဖွဲ့က လက်လုပ်ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်
RELATED POSTS
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ