ကလေးဝမြို့နယ်၌ အမျိုးသား(၆)ဦးနှင့် ကျောင်းဆရာမ(၄)ဦးကို PDF အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား
NSS - နိုဝင်ဘာ ၁၁
စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်တွင် ဒေသခံအမျိုးသား(၆)ဦးနှင့် ကျောင်းဆရာမ(၄)ဦးကို PDF အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။
ပြီးခဲ့သော (နိုဝင်ဘာလ ၇ ရက်)၊ နံနက် ၁၀ နာရီတွင် ကလေးဝမြို့နယ်၊ မန်လုံကျေးရွာ၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာအတွင်းသို့ PDF အဖွဲ့ဝင်များက ရောက်ရှိလာပြီး ဒေသခံအမျိုးသား(၆)ဦးနှင့် အခြေခံ ပညာမူလတန်းကျောင်းမှ ကျောင်းဆရာမ(၄)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် အဆိုပါဖမ်းဆီးခံရသူများအား ပြန်လည်လွတ်မြောက်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
လက်ရှိ နစကအစိုးရလက်ထက်တွင် ကျောင်းဆရာ၊ ဆရာမ ဦးရေ (၁၀၀)နီးပါး အကြမ်းဖက်အဖွဲ့၏ ဖမ်းဆီးသတ်ဖြတ်ခြင်းကိုခံထားရသည်။
အလားတူ အုပ်ချုပ်ရေးမှူး၊ နိုင်ငံ့ဝန်ထမ်းများအပါအဝင် အရပ်သားပြည်သူ (၆၀၀၀)ကျော်သည်လည်း အကြမ်းဖက်အဖွဲ့၏ သတ်ဖြတ်ခြင်းကို ခံထားရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဇာဒေသမှာဖြစ်ပွားနေတဲ့စစ်ပွဲတွေကြောင့် (၁၀)မိနစ်ကို ကလေးငယ်တစ်ဦးသေဆုံးနေဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့သတိပေး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း