ပုသိမ်ကြီးမြို့နယ်ရှိ ဆည်တော်ကြီးမြောင်းအတွင်း၌ ပိုင်ရှင်မဲ့ ဦးခေါင်းပြတ်အလောင်းတစ်ခုတွေ့ရှိ
Pearl (NP News)- မတ် ၅
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်ရှိ ဆည်တော်ကြီးမြောင်းအတွင်း၌ ပိုင်ရှင်မဲ့ ဦးခေါင်းပြတ်အလောင်း တစ်ခုအားတွေ့ရှိခဲ့ကြောင်း ရွှေကြေးစည်လူမှုကူညီရေးအသင်းထံမှ သတင်းရရှိသည်။
ယနေ့(မတ်လ ၅ ရက်)၊ နံနက်(၁ဝ)နာရီအချိန်ခန့်တွင် ပုသိမ်ကြီးမြို့နယ်၊ ရှင်တော်ကုန်းကျေးရွာနှင့် ရွေးစု ကျေးရွာကြား၊ ဆည်တော်ကြီးမြောင်းတွင် ဦးခေါင်းပြတ်အလောင်းတစ်ခုအားတွေ့ရှိခဲ့ရကြောင်း သိရသည်။
" မနက် (၁ဝ)နာရီလောက်မှာ ဒေသခံတွေ သတင်းပေးလို့ ကျွန်တော်တို့ သွားခဲ့တယ်။ မနက် (၁၁)နာရီလောက်မှာ Dead Body ကို ဆယ်ယူတယ်။ ပြီးတော့ မန္တလေးဆေးရုံကြီး ရင်ခွဲရုံဌာနကို ပို့ဆောင်ပေးခဲ့ပါတယ်" ဟု ရွှေကြေးစည် လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးမှ NP News ကို အတည်ပြုပြောဆိုထားသည်။
အဆိုပါ Dead Body သည် အမျိုးသားတစ်ဦးဖြစ်ပြီး ဦးခေါင်းပြတ်နေကာ ခန္ဓာကိုယ်တွင် မည်သည့်ဒဏ် ရာမှ မရှိကြောင်း သိရသည်။
zawgyi version
ပုသိမ္ႀကီးၿမိဳ႕နယ္ရွိ ဆည္ေတာ္ႀကီးေျမာင္းအတြင္း၌ ပိုင္ရွင္မဲ့ ဦးေခါင္းျပတ္အေလာင္းတစ္ခုေတြ႕ရွိ
Pearl (NP News)- မတ္ ၅
မႏၲေလးတိုင္း၊ ပုသိမ္ႀကီးၿမိဳ႕နယ္ရွိ ဆည္ေတာ္ႀကီးေျမာင္းအတြင္း၌ ပိုင္ရွင္မဲ့ ဦးေခါင္းျပတ္အေလာင္း တစ္ခုအားေတြ႕ရွိခဲ့ေၾကာင္း ေ႐ႊေၾကးစည္လူမႈကူညီေရးအသင္းထံမွ သတင္းရရွိသည္။
ယေန႔(မတ္လ ၅ ရက္)၊ နံနက္(၁ဝ)နာရီအခ်ိန္ခန႔္တြင္ ပုသိမ္ႀကီးၿမိဳ႕နယ္၊ ရွင္ေတာ္ကုန္းေက်း႐ြာႏွင့္ ေ႐ြးစု ေက်း႐ြာၾကား၊ ဆည္ေတာ္ႀကီးေျမာင္းတြင္ ဦးေခါင္းျပတ္အေလာင္းတစ္ခုအားေတြ႕ရွိခဲ့ရေၾကာင္း သိရသည္။
" မနက္ (၁ဝ)နာရီေလာက္မွာ ေဒသခံေတြ သတင္းေပးလို႔ ကြၽန္ေတာ္တို႔ သြားခဲ့တယ္။ မနက္ (၁၁)နာရီေလာက္မွာ Dead Body ကို ဆယ္ယူတယ္။ ၿပီးေတာ့ မႏၲေလးေဆး႐ုံႀကီး ရင္ခြဲ႐ုံဌာနကို ပို႔ေဆာင္ေပးခဲ့ပါတယ္" ဟု ေ႐ႊေၾကးစည္ လူမႈကူညီေရးအသင္း၏ တာဝန္ရွိသူတစ္ဦးမွ NP News ကို အတည္ျပဳေျပာဆိုထားသည္။
အဆိုပါ Dead Body သည္ အမ်ိဳးသားတစ္ဦးျဖစ္ၿပီး ဦးေခါင္းျပတ္ေနကာ ခႏၶာကိုယ္တြင္ မည္သည့္ဒဏ္ ရာမွ မရွိေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရွှေတိဂုံစေတီတော်ကြီးတွင် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ပိတ်ပွဲ(အောင်ပွဲ)ကျင်းပ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း