Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
NLD ဗဟိုအလုပ်ကော်မတီ(CWC)အပေါ် ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးဝင်းမြင့်တို့၏ သဘောထားအား ထုတ်ဖော်ပြောဆို

NP News - မတ် ၅

NLD ဗဟိုအလုပ်ကော်မတီ(CWC)အပေါ် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့၏ သဘောထားအား ဗဟိုကော်မတီဝင်ဖြစ်သူ ဦးတိုးလွင်က ထုတ်ဖော်ပြောဆိုထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဗဟိုကော်မတီဝင်ဦးတိုးလွင်က မတ်လ ၄ ရက် ညပိုင်းက အထက် ပါကဲ့သို့ ထုတ်ဖော်ပြောဆိုထားခြင်းဖြစ်သည်။

ပြီးခဲ့သော ၂ဝ၂၁ ခုနှစ် နိုဝင်ဘာလ ၈ ရက်တွင် ဒေါ်အောင်ဆန်စုကြည်နှင့် ဦးဝင်းမြင့်တို့အပေါ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ဖြင့် စွဲဆိုထားသည့် တရားရုံးချိန်းရှိခဲ့ကြောင်း NLD ပါတီဗဟိုကော်မတီဝင် ဦးတိုးလွင်က ဆိုသည်။

“အဲဒီနေ့ ရုံးချိန်းမှာပဲ အန်တီရှေ့နေတွေ (မမင်းမင်းစိုး၊ ဦးသဲမောင်မောင်၊ ဦးခင်မောင်ဇော်) တို့ထဲက ရှေ့နေ မမင်းမင်းစိုးက အန်တီကို NLD CEC နာမည်ဖြင့် NLD CWC (ဗဟိုအလုပ်ကော်မတီ) ဖွဲ့လိုက်ကြောင်း တင်ပြပါတယ်။ အန်တီစုက သူ့သဘောထားနဲ့ NLD CEC တွေရဲ့ သဘောထားတွေကို အပြတ်ပြောလိုက်ပါတယ်။ မမင်းမင်းစိုးက အန်တီပြောသမျှ စကားတွေကို အမြန်လိုက်ရေးမှတ်ရပါတယ်။ ပြီးတော့ အန်တီအမှုကို စစ်ဆေးပြီး အန်တီ ကားပေါ် မတတ်ခင် ရှေ့နေတွေကို မှာပါတယ်။ ဒီကိစ္စကို ဦးဝင်းမြင့်ကိုလည်း ဆက်ရှင်းပြဖို့ ညွှန်ကြားပါတယ်” ဟု ဦးတိုးလွင်က ပြောဆိုထားသည်။

အဆိုပါရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့အား သီးခြားစီ ရုံးထုတ်ကာ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ထုတ်ဖော်ပြောဆိုထားသည်။

“သိပ်မကြာခင်မှာ ဦးဝင်းမြင့် ရောက်လာပါတယ်။ ရှေ့နေတွေနဲ့ တွေ့ချိန်မှာ မမင်းမင်းစိုးက အန်တီမှာတာကို ရှင်းပြလိုက်ပါတယ်။ ဦးဝင်းမြင့်ကလည်း သူ့သဘောထား ရပ်တည်ချက်ကို အပြတ်ပြောပါတယ်။ အား လုံးကို ချုံပြောရရင် ပြည်ပရောက်နေကြတဲ့သူတွေက NLD CWC ဖွဲ့တာဟာ တရားမဝင်ဘူး။ အန်တီအပါ အဝင် NLD CEC တွေက ဒီလိုဖွဲ့တာကို တာဝန်လည်း မယူသလို တာဝန်လည်း ခံမှာမဟုတ်ဘူးတဲ့။ သူတို့တွေအနေနဲ့လည်း ဒီလိုဖွဲ့စည်းဖို့ကို တာဝန်မရှိကြပါဘူးလို့ ပြောခဲ့ပါတယ်” ဟု ဗဟိုကော်မတီဝင်ဦးတိုးလွင်က ထုတ်ဖော်ပြောဆိုထားသည်။

ထို့ပြင် ဗဟိုကော်မတီဝင်ဦးတိုးလွင်က အထက်ပါအချက်အလက်များနှင့်ပတ်သက်၍ ရှေ့နေဒေါ်မင်းမင်းစိုး၏လက်ရေးမူ စာနှင့် ၎င်းကိုယ်တိုင်ရှင်းပြခဲ့သည့် အသံဖိုင်များလည်း သက်သေအထောက်အထားခိုင် မာစွာရှိကြောင်း အသိပေးပြောဆိုထားသည်။

ပြီးခဲ့သော ရက်ပိုင်းအတွင်း ပြည်ပရောက် NLD ဗဟိုအလုပ်ကော်မတီမှ ဦးဖြိုးမင်းသိန်း၊ ဒေါ်စန္ဒာမင်း၊ ဦးတိုးလွင် နှင့် ဦးဝင်းမြင့်အောင်တို့ကို NLD ပါတီမှထုတ်ပယ်လိုက်ကြောင်း ကြေညာပြီးနောက်ပိုင်းတွင် ဦးတိုးလွင်ဘက်ကလည်း ဆက်တိုက်ပြန်လည်တုံ့ပြန်လျက်ရှိသည်ကို တွေ့ရသည်။

zawgyi version

NLD ဗဟိုအလုပ္ေကာ္မတီ(CWC)အေပၚ ေဒၚေအာင္ဆန္းစုၾကည္ ႏွင့္ ဦးဝင္းျမင့္တို႔၏ သေဘာထားအား ထုတ္ေဖာ္ေျပာဆို

NP News - မတ္ ၅

NLD ဗဟိုအလုပ္ေကာ္မတီ(CWC)အေပၚ ပါတီဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ဦးဝင္းျမင့္တို႔၏ သ ေဘာထားအား ဗဟိုေကာ္မတီဝင္ျဖစ္သူ ဦးတိုးလြင္က ထုတ္ေဖာ္ေျပာဆိုထားသည္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ၏ ဗဟိုေကာ္မတီဝင္ဦးတိုးလြင္က မတ္လ ၄ ရက္ ညပိုင္းက အထက္ ပါကဲ့သို႔ ထုတ္ေဖာ္ေျပာဆိုထားျခင္းျဖစ္သည္။

ၿပီးခဲ့ေသာ ၂ဝ၂၁ ခုႏွစ္ ႏိုဝင္ဘာလ ၈ ရက္တြင္ ေဒၚေအာင္ဆန္စုၾကည္ႏွင့္ ဦးဝင္းျမင့္တို႔အေပၚ သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲမႈဥပေဒ ပုဒ္မ ၂၅ ျဖင့္ စြဲဆိုထားသည့္ တရား႐ုံးခ်ိန္းရွိခဲ့ေၾကာင္း NLD ပါတီဗဟိုေကာ္မတီဝင္ ဦးတိုးလြင္က ဆိုသည္။

“အဲဒီေန႔ ႐ုံးခ်ိန္းမွာပဲ အန္တီေရွ႕ေနေတြ (မမင္းမင္းစိုး၊ ဦးသဲေမာင္ေမာင္၊ ဦးခင္ေမာင္ေဇာ္) တို႔ထဲက ေရွ႕ေန မမင္းမင္းစိုးက အန္တီကို NLD CEC နာမည္ျဖင့္ NLD CWC (ဗဟိုအလုပ္ေကာ္မတီ) ဖြဲ႕လိုက္ေၾကာင္း တင္ျပပါတယ္။ အန္တီစုက သူ႔သေဘာထားနဲ႔ NLD CEC ေတြရဲ႕ သေဘာထားေတြကို အျပတ္ေျပာလိုက္ပါတယ္။ မမင္းမင္းစိုးက အန္တီေျပာသမွ် စကားေတြကို အျမန္လိုက္ေရးမွတ္ရပါတယ္။ ၿပီးေတာ့ အန္တီအမႈကို စစ္ေဆးၿပီး အန္တီ ကားေပၚ မတတ္ခင္ ေရွ႕ေနေတြကို မွာပါတယ္။ ဒီကိစၥကို ဦးဝင္းျမင့္ကိုလည္း ဆက္ရွင္းျပဖို႔ ၫႊန္ၾကားပါတယ္” ဟု ဦးတိုးလြင္က ေျပာဆိုထားသည္။

အဆိုပါ႐ုံးခ်ိန္းတြင္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ဦးဝင္းျမင့္တို႔အား သီးျခားစီ ႐ုံးထုတ္ကာ စစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း ၎က ထုတ္ေဖာ္ေျပာဆိုထားသည္။

“သိပ္မၾကာခင္မွာ ဦးဝင္းျမင့္ ေရာက္လာပါတယ္။ ေရွ႕ေနေတြနဲ႔ ေတြ႕ခ်ိန္မွာ မမင္းမင္းစိုးက အန္တီမွာတာကို ရွင္းျပလိုက္ပါတယ္။ ဦးဝင္းျမင့္ကလည္း သူ႔သေဘာထား ရပ္တည္ခ်က္ကို အျပတ္ေျပာပါတယ္။ အား လုံးကို ခ်ဳံေျပာရရင္ ျပည္ပေရာက္ေနၾကတဲ့သူေတြက NLD CWC ဖြဲ႕တာဟာ တရားမဝင္ဘူး။ အန္တီအပါ အဝင္ NLD CEC ေတြက ဒီလိုဖြဲ႕တာကို တာဝန္လည္း မယူသလို တာဝန္လည္း ခံမွာမဟုတ္ဘူးတဲ့။ သူတို႔ေတြအေနနဲ႔လည္း ဒီလိုဖြဲ႕စည္းဖို႔ကို တာဝန္မရွိၾကပါဘူးလို႔ ေျပာခဲ့ပါတယ္” ဟု ဗဟိုေကာ္မတီဝင္ဦးတိုးလြင္က ထုတ္ေဖာ္ေျပာဆိုထားသည္။

ထို႔ျပင္ ဗဟိုေကာ္မတီဝင္ဦးတိုးလြင္က အထက္ပါအခ်က္အလက္မ်ားႏွင့္ပတ္သက္၍ ေရွ႕ေနေဒၚမင္းမင္းစိုး၏လက္ေရးမူ စာႏွင့္ ၎ကိုယ္တိုင္ရွင္းျပခဲ့သည့္ အသံဖိုင္မ်ားလည္း သက္ေသအေထာက္အထားခိုင္ မာစြာရွိေၾကာင္း အသိေပးေျပာဆိုထားသည္။

ၿပီးခဲ့ေသာ ရက္ပိုင္းအတြင္း ျပည္ပေရာက္ NLD ဗဟိုအလုပ္ေကာ္မတီမွ ဦးၿဖိဳးမင္းသိန္း၊ ေဒၚစႏၵာမင္း၊ ဦးတိုးလြင္ ႏွင့္ ဦးဝင္းျမင့္ေအာင္တို႔ကို NLD ပါတီမွထုတ္ပယ္လိုက္ေၾကာင္း ေၾကညာၿပီးေနာက္ပိုင္းတြင္ ဦးတိုးလြင္ဘက္ကလည္း ဆက္တိုက္ျပန္လည္တုံ႔ျပန္လ်က္ရွိသည္ကို ေတြ႕ရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပုသိမ်ကြီးမြို့နယ်ရှိ ဆည်တော်ကြီးမြောင်းအတွင်း၌ ပိုင်ရှင်မဲ့ ဦးခေါင်းပြတ်အလောင်းတစ်ခုတွေ့ရှိ

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved