Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တရုတ်နိုင်ငံက ပိုးလမ်းမ စီမံကိန်းမှာ ပါဝင်နေတဲ့နိုင်ငံများထံကနေ အကြွေး အမေရိကန်ဒေါ်လာ ၁ ထရီလီယံကျော်ရဖို့ ကျန်ရှိနေ

ဂျန်ဇက် (NSS) - နိုဝင်ဘာ ၈ 

တရုတ်နိုင်ငံဟာ မြန်မာ အပါအဝင် နိုင်ငံပေါင်း ရာချီ ပူးပေါင်းဆောင်ရွက်မယ့် ပိုးလမ်းမရပ်ဝန်း စီမံကိန်းနဲ့ပတ်သက်ပြီး နိုင်ငံများထံကနေ အကြွေးစုစုပေါင်း ၁ ထရီလီယံကျော်ရဖို့ ကျန်ရှိနေသေးကြောင်း သိရပါတယ်။

အဆိုပါ ပိုးလမ်းမစီမံကိန်းဟာ ကမ္ဘာတဝန်းရှိ စီမံကိန်းတွေထဲမှာ အကြွေးအများဆုံးစီမံကိန်းဖြစ်လာဖွယ်ရှိနေ ကြောင်း သုံးသပ်ချက်တွေလည်း ထွက်ပေါ်နေပါတယ်။ တရုတ်အစိုးရက ၎င်းတို့ဟာ ဥရုဂွေးနိုင်ငံကနေ သီရိလင်္ကာ နိုင်ငံအထိ နိုင်ငံပေါင်း ၁၅ဝ ကျော်ကို ပိုးလမ်းမစီမံကိန်းမှာ ပါဝင်ဖို့ လက်မှတ်ရေးထိုးထားကြောင်း၊ အဆိုပါ စီမံကိန်းကို ပြီးခဲ့တဲ့ ၁ဝ နှစ်ကျော်မှာ တရုတ်သမ္မတရှီကျင့်ဖျင့် ကမ္ဘာအကြီးဆုံးအခြေခံအဆောက်အဦးအဖြစ် လုပ်ဆောင်ဖို့ စီစဉ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။


တရုတ်အစိုးရဟာ ပိုးလမ်းမစီမံကိန်းမှာ ပါဝင်မယ့် ဝင်ငွေနည်းနိုင်ငံတွေ၊ အလယ်အလတ်ဝင်ငွေရရှိတဲ့ နိုင်ငံတွေမှာ တံတားတွေ၊ ဆိပ်ကမ်းတွေနဲ့ အမြန်လမ်းတွေ တည်ဆောက်ရာမှာ လိုအပ်တဲ့ငွေကြေးကို အတိုးနဲ့ချေးယူပေးတာ မျိုးရှိနေကြောင်း ဆိုပါတယ်။

AidData  အဖွဲ့ရဲ့အဆိုအရ ပိုးလမ်းမစိမံကိန်းမှာပါဝင်ပြီး တရုတ်နိုင်ငံထံကနေ အတိုးနဲ့ငွေကြေးချေးယူထားတဲ့ နိုင်ငံအားလုံးရဲ့တစ်ဝက်ကျော်ဟာ သတ်မှတ်ကာလအတွင်း အကြွေးများကို ပြန်လည်ပေးချေထားပြီးဖြစ်ကြောင်း သိရပါတယ်။ တရုတ်နိုင်ငံက ဦးဆောင်ပြုလုပ်မယ့် ပိုးလမ်းမစီမံကိန်းမှာ နိုင်ငံပေါင်း ၁၆၅ နိုင်ငံ ပါဝင်နေပြီး စီမံကိန်းပေါင်းအနည်းဆုံး ၂၁ဝဝဝ၊ လုပ်ဆောင်သွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

"ဖွံ့ဖြိုးဆဲ ကမ္ဘာမှာ ငွေကြေးချေးယူသူတွေဟာ တရုတ်နိုင်ငံကို ငွေအရင်းအနှီးသာမက အတိုး အပါအဝင် စုစုပေါင်း ပေးဖို့ ကျန်ရှိနေတဲ့အကြွေးဟာ အနည်းဆုံး အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ထရီလီယံ ရှိနေတယ်”လို့  AidData က ဆိုပါတယ်။

တရုတ်အစိုးရဟာ စီမံကိန်းထဲမှာပါဝင်တဲ့ ဝင်ငွေနည်းနိုင်ငံတွေနဲ့ အလယ်အလတ်ဝင်ငွရရှိတဲ့နိုင်ငံတွေကို တစ်နှစ် အမေရိကန်ဒေါ်လာ ၈ဝ ဘီလျံကျော် အတိုးနဲ့ ချေးယူပေးတာ၊ ကူညီပေးတာတွေ လုပ်ဆောင်သွားမယ်လို့ ကတိပြုထားကြောင်း သိရပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မောင်းသူမဲ့လေယာဉ် (Drone) ကို အသုံးပြုလျက် သီးနှံစိုက်ပျိုးမှုစာရင်းကောက်ယူသည့်စနစ်ကို အကောင်အထည်ဖော်မည်

RELATED POSTS
RECENT POSTS
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved