Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အကြမ်းဖက်မှုများရှိနေသည့် နယ်မြေများတွင် ဖွံ့ဖြိုးတိုးတက်မှုနောက်ကျကျန်ခဲ့ခြင်းအကျိုးဆက်ကို နယ်မြေခံလူထု နှင့် တိုင်းရင်းသားများက ခံစားနေရလျက်ရှိဟု နစက ဥက္ကဋ္ဌဆို

ကျော်(NSS) - နိုဝင်ဘာ ၇

အကြမ်းဖက်မှုများရှိနေသည့် နယ်မြေများတွင် ဖွံ့ဖြိုးတိုးတက်မှုနောက်ကျကျန်ခဲ့ခြင်းအကျိုးဆက်ကို နယ်မြေခံလူထုနှင့်တိုင်းရင်းသားများက ခံစားနေရလျက်ရှိဟု နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။


ယနေ့ (နိုဝင်ဘာလ ၇ ရက်)တွင်ကျရောက်သည့် (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားသို့ နစက ဥက္ကဋ္ဌမှသဝဏ်လွှာပေးပို့ရာ၌ အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် တစ်နိုင်ငံလုံး တစ်ပြေးညီအကြားအလပ်မရှိအောင်ဆောင်ရွက်ပေးလျက်ရှိသည်ဟု သဝဏ်လွှာ၌ ပြောကြားထား သည်။ 

"အကြမ်းဖက်မှုတွေရှိနေတဲ့ နယ်မြေတွေမှာ ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်မှုဆောင်ရွက်လို့မရတဲ့အ တွက် နောက်ကျကျန်ခဲ့ခြင်းအကျိုးဆက်ကို နယ်မြေခံလူထုနဲ့တိုင်းရင်းသားပြည်သူတွေ ခံစားနေရပါတယ်" ဟု နစက ဥက္ကဋ္ဌက ပြောသည်။

အသိဉာဏ်ဆင်ခြင်မှုတရားကင်းမဲ့သည့် အဖျက်သမား သစ္စာဖောက်များ၏ နှောင့်ယှက်ဖျက်ဆီး မိုက်မဲမှုများကြောင့် ဒေသခံပြည်သူများဆင်းရဲဒုက္ခများစွာခံစားနေရသည်ဟုလည်း နစက ဥက္ကဋ္ဌ ပေးပို့သည့် သဝဏ်လွှာ၌ရေးသားထားသည်။

ထို့ကြောင့် တိုင်းရင်းသားပြည်သူများအနေဖြင့် ဒေသအကျိုး၊ နယ်မြေအကျိုး၊ ပြည်သူအကျိုးကိုကြည့်၍ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ တည်ငြိမ်အေးချမ်းရေးကို ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် နစက ဥက္ကဋ္ဌက တိုက်တွန်းပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းစေရန် နှင့် ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်လျက်ရှိကာ တိုင်းရင်းသားပြည်သူတစ်ဦးချင်း၏ လူမှုစီးပွားဘဝများတိုးတက်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုများဖြစ်ပေါ်လာမည်ဖြစ်၍ လူတစ်ဦးချင်း၏ လူမှုစီးပွားဘဝတိုးတက်ရေးကို ဦးတည်ချက်ထားဆောင် ရွက်ရန်လည်း နစက ဥက္ကဋ္ဌ ပေးပို့သည့်သဝဏ်လွှာ၌ရေးသားထားသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

စစ်ကိုင်းတိုင်းအတွင်းရှိ ကောလင်းမြို့ကို PDF ပူးပေါင်းအဖွဲ့များ ထိန်းချုပ်ထား

RELATED POSTS
RECENT POSTS
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved