Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ယူကရိန်းနိုင်ငံသို့လာရောက်လည်ပတ်ရန် အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်ကို သမ္မတဇီလန်စကီး ဖိတ်ကြားခဲ့

Pika (NSS) - နိုဝင်ဘာ ၆ 

ယူကရိန်းသမ္မတဇီလန်စကီးသည် အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်ကို ယူကရိန်းနိုင်ငံသို့ လာရောက် လည်ပတ်ရန် ဖိတ်ကြားခဲ့ကြောင်းလည်း သိရသည်။

ထို့အပြင် ဒေါ်နယ်ထရမ့်သည် ရုရှားနှင့်ယူကရိန်း ပဋိပက္ခကို (၂၄)နာရီအတွင်း ဖြေရှင်းပေးနိုင်သည်ဟု ပြောဆိုခဲ့ သော်လည်း လက်ရှိအချိန်အထိ မဖြေရှင်းနိုင်သေးသည့်အကြောင်းအရင်းကို လက်တွေ့ပြသရန် ဇီလန်စကီးက တောင်းဆိုခဲ့ကြောင်းလည်း သိရသည်။


ဇီလန်စကီးက "အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က သူဟာ (၂၄)နာရီအတွင်း ရုရှား-ယူကရိန်းပဋိပက္ခကို စီမံခန့်ခွဲပြီး အဆုံးသတ်အောင်လုပ်ပေးနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော် ဒေါ်နယ်ထရမ့်ကို ဒီကို လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ခဲ့တာပါ။ ဒေါ်နယ်ထရမ့် ယူကရိန်းကိုလာရောက်လည်ပတ်ခဲ့မယ်ဆိုရင် ကျွန်တော်သူနဲ့စကားပြောဖို့ အချိန်(၂၄)မိနစ်ပဲ လိုပါတယ်။ ဒီစစ်ပွဲကို သူစီမံခန့်ခွဲမှုတွေ မလုပ်ဆောင်နိုင်ဘူး ဆိုတာကိုရှင်းပြဖို့ အချိန်(၂၄)မိနစ်ပဲ လိုပါတယ်" ဟု ပြောခဲ့သည်။

ဒေါ်နယ်ထရမ့်သည် လက်ရှိအချိန်တွင် လာမည့်နှစ်သမ္မတရွေးကောက်ပွဲတွင် သမ္မတအဖြစ် ရွေးချယ်ခံရရန် အတွက် ကြိုးပမ်းနေကြောင်းလည်း သိရသည်။ ယူကရိန်းသို့ စစ်လက်နက်ပစ္စည်းများ ဆက်လက်ပံ့ပိုးရန် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ကတိပြုထားသော်လည်း အဆိုပါလုပ်ရပ်မှာ အမေရိကန်နိုင်ငံကို နျူကလီးယား လက်နက်ပိုင်ဆိုင်သည့် ရုရှားနိုင်ငံနှင့်ဖြစ်ပွားမည့် တတိယကမ္ဘာစစ်ထဲသို့ ဆွဲခေါ်နေခြင်းမျိုးသာဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က သတိပေးပြောဆိုခဲ့သည်။


အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်က ၎င်းသည် ၂ဝ၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် သမ္မတအဖြစ် ရွေးချယ်ခံရမည်ဆိုပါက ရုရှား နှင့် ယူကရိန်းကြား ငြိမ်းချမ်းရေးသဘောတူညီချက်ကို(၂၄)နာရီအတွင်း ရရှိအောင် လုပ်ပေးမည်ဟု အကြိမ်ကြိမ်ကတိပြုပြောခဲ့ဖူးသည်။

ပြီးခဲ့သည့်စက်တင်ဘာလတွင် ဒေါ်နယ်ထရမ့်က "ကျွန်တော် ရုရှားသမ္မတပူတင်ကို အခန်းတစ်ခန်းထဲမှာ ထိုင်ခိုင်းမယ်။ ပြီးတော့ ယူကရိန်းသမ္မတဇီလန်စကီးကိုလည်း အဲဒီအခန်းထဲမှာပဲ ထိုင်ခိုင်းမယ်။ ပြီးတော့ သူတို့ နှစ်ယောက်နဲ့အတူ သဘောတူညီချက်တစ်ခုရအောင် ကျွန်တော်လုပ်မှာပါ" ဟု ပြောခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဆူဒန်နိုင်ငံတွင် စစ်တပ်နှင့် RSF အဖွဲ့ကြား တိုက်ပွဲများထပ်မံဖြစ်ပွားခဲ့ပြီး အရပ်သား(၂ဝ)ကျော် သေဆုံး

RELATED POSTS
RECENT POSTS
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved