Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အိုဟိုင်းယိုးပြည်နယ် ဓါတုပစ္စည်းတင်မီးရထား လမ်းချော်မှုမှ ကင်ဆာအဆိပ်သင့်ပမာဏ ပုံမှန်ထက် မြင့်မားနေကြောင်း သိပ္ပံပညာရှင်များ ပြောကြား
Htay Oung (NP News) - ‌မတ် ၄
အိုဟိုင်းယိုးပြည်နယ် အိစ်ပါလက်စတိုင်းမြို့က ဓါတုပစ္စည်းတင်မီးရထား လမ်းချော်မှုမှာ စမ်းသပ်မှုများအရ ပုံမှန် မဟုတ်တဲ့ ဓါတုအဆိပ်ပမာဏ မြင့်မားနေကြောင်း သိပ္ပံပညာရှင်များက တင်ပြလိုက်ပါတယ်။ အဲဒီဖြစ်ရပ် နောက်ဆက်တွဲဟာ အခြားပြည်နယ်သို့တိုင် ဦးတည်သွားနေကြောင်းသိရှိရတဲ့အတွက် လူအများ ထိတ်လန့်နေကြတယ်လို့ CNN မတ်လ ၁ ရက်က ရေးသားပါတယ်။
အမေရိကန်အမျိုးသား သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးဆိုင်ရာ အေဂျင်စီ (EPA) အာဏာပိုင်များက အန္တရာယ်ရှိတဲ့ စွန့်ပစ္စည်းအပိုင်းအစတွေကို ဘေးကင်းစွာ စွန့်ပစ်ဖို့အတွက် အိုဟိုင်းယိုးပြည်နယ်အတွင်း နှစ်နေရာကို အတည်ပြုခဲ့ပြီးနောက် တက္ကဆက်နဲ့ မီချီဂန်ပြည်နယ်ကို အံ့အားသင့်စရာကောင်းလောက်အောင် တင်ပို့လွှတ်လိုက်ကြပါတယ်။ ဒီအတွက် အိုဟိုင်းယိုးရဲ့ အနောက်ဖက်ကပ်ရက် အင်ဒီယားနားပြည်နယ် အုပ်ချုပ်ရေးမှူခမျာ ထိတ်လန့်တကြား စိတ်မသက်မသာ ဖြစ်နေရပါတယ်။
နောက်ထပ် နှစ်နေရာကတော့ အမွေအနှစ် စွန့်ပစ္စည်းဆိုင်ရာ ဝန်ဆောင်မှု အစီအစဉ်နဲ့ အင်ဒီယားနား ပြည်နယ်မှာ တစ်နေရာ၊ အိုဟိုင်းယိုးပြည်နယ်ထဲက အမှိုက်မီးရှို့ဖျက်ဆီးဋ္ဌာနကို တစ်နေရာဖြစ်ပြီး လာမည့် အင်္ဂါနေ့မှာ စတင်ပေးပို့မှာဖြစ်ကြောင်း၊ ခုလို မပေးပို့မီ သက်ဆိုင်ရာ ပြည်နယ်နဲ့ ခရိုင်ဋ္ဌာနများကို အသီးသီးအကြောင်း ကြားခဲ့ပြီး ဖြစ်ကြောင်း၊ ဒါပေမဲ့ သူတို့အနေနဲ့ ရွှေ့ပြောင်းပေးရမည့်နေရာကိုသာ ညွှန်ပြပေးခြင်းဖြစ်ပြီး တင်ပို့မှု ကိစ္စအရပ်ရပ်ကို “ နော့သ်ဖလော့ဆောက်သမ်” မီးရထားကုမ္ပဏီက တာဝန်ယူမှာဖြစ်တယ်လို့ EAO အာဏာပိုင်များက တနင်္လာနေ့မှာ ပြောပါတယ်။
အိုဟိုင်းယိုး အရှေ့ဖက် ပင်ဆယ်ဗေးနီးယားပြည်နယ် ဗီးဗားကောင်တီမှာ ပြည်နယ် ကျန်းမာရေးဋ္ဌာက ရင်းမြစ်စင်တာ တစ်ခုဖွင့်လှစ်ပြီး ရေတွင်းရေကန်များကို စာရင်းကောက်ယူရေး၊ ကျွမ်းကျင်သူများနဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ အခုလို စီစဉ်ရတာကလည်း အိစ်ပါလက်စတိုင်းမှာ မီးရထားလမ်းချော် မီးလောင်ရာမှ အလွန်အန္တရာယ်ကြီးတဲ့ ဗီနိုင်းလ်ကလိုရိုဒ်ဓါတုမီးခိုးငွေ့တွေဟာ အနီးကပ်ရက် ဗီးဗားကောင်တီနေ ရွာခံ ၅ဝဝဝ တို့အပေါ် ရောက်ရှိသွားလို့ ဖြစ်ပါတယ်။
ဒီအတွက် အိုဟိုင်းယိုး ပြည်နယ်ဘက် ကျန်းမာရေးစင်တာမှာ ရက်သတ္တ တစ်ပတ်အတွင်း လူနာ ၁၃ဝ ရောက်ရှိလာပါတယ်။ ပင်ဆယ်ဗေးနီးယားပြည်နယ်မှာ ဓါတုပစ္စည်း ဒါဇင်ပေါင်းများစွာ တွေ့ရှိရပြီး အဲ့ဒီအနက် (၉)ခုဟာ အိစ်ပါလက်စတိုင်းမှာ ပုံမှန်တွေ့နေကျထက် ပိုများနေတယ်လို့ အေအင်အမ်နဲ့ ကာနက်ဂျီတက္ကသိုလ်များမှာ သိပ္ပံပညာရှင်များ အဆိုအရ သိရှိရပါတယ်။
ဓါတုပစ္စည်းအချို့အနေနဲ့ ပါဝင်မှု လွန်ကဲနေရင် အချိန်ကြာလာသည်နှင့်အမျှ နေထိုင်သူများရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အပူချိန်ပြောင်းလဲခြင်း သို့မဟုတ် လေပြင်းတိုက်ခတ်ခြင်းဖြင့်လည်း ဓာတု ပစ္စည်းများဟာ လေထုအတွင်းမှာ ပျံ့နှံ့နိုင်ပါတယ်။ အိစ်ပါလက်စတိုင်းမှာ အများဆုံးတွေ့ရှိရတဲ့ ဓါတုပစ္စည်းဟာ “အက်ခရိုလင်း"လို့ခေါ်ပြီး အပင်များ၊ ရေညှိများ၊ ကြွက်များနဲ့ အဏုဇီဝသက်ရှိများကို ထိန်းချုပ်ရန်အတွက် အသုံးပြုပါတယ်။ အခန်းအပူချိန်မှာ ကြည်လင်တဲ့ အဆိပ်ရည်ဖြစ်ပြီး အရေပြား၊ အသက်ရှူလမ်းကြောင်းနဲ့ ချွဲကျိအမြှေးပါးများ ရောင်ရမ်းခြင်း၊ ယားယံခြင်းတို့ကို ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။
အက်ခရိုလင်းဟာ လမ်းချော် ရထားတွဲမှာ သယ်ဆောင်လာတဲ့ ဓာတုပစ္စည်းစာရင်းမှာ မပါဝင်ပေမဲ့ လောင် စာများ၊ သစ်သားနဲ့ ပလတ်စတစ်များကို လောင်ကျွမ်းနေချိန်မှာ ဖြစ်ပေါ်လာနိုင်တယ်လို့ နိုင်ငံတကာ ကင် ဆာသုတေသနဆိုင်ရာအေဂျင်စီမှာ ဖော်ပြထားပါတယ်။ ဒီအတွက် ရေရှည်အနေနဲ့ ဒေသတွင်းမှာ ဘယ်လိုဖြစ်လာနိုင်တယ်ဆိုတာ ဘယ်သူမှ တပ်အပ် မပြောနိုင်ပါဘူး။
တွဲပေါင်း ၁၄၈ တွဲပါ မီးရထားလမ်းချော်ရာမှ ဗီနိုင်ကလိုရိုဒ်များ မီးလောင်ကျွမ်းပြီးနေပြီးနောက် ၃-ရက်အကြာ ဖေဖော်ဝါရီလ ၆ ရက် အိစ်ပါလက်စတိုင်းဒေသခံအချို့ဟာ အရေပြားနီမြန်းခြင်း၊ ခေါင်းကိုက်ခြင်း၊ မအီမသာဖြစ်ခြင်းနဲ့ နှာခေါင်း သွေးလျှံခြင်းဝေဒနာများ ဖြစ်ပွားခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့ပါတယ်။
အင်္ဂါနေ့ အိစ်ပါလက်စတိုင်းမြို့သို့ တတိယအကြိမ် ရောက်ရှိလာတဲ့ EPA အကြီးအကဲက လေထုနဲ့ စည်ပင်သာယာရေကို စမ်းသပ်မှုများ ဆက်လက်ပြုလုပ်နေပေမဲ့ ယခုအချိန်ထိ ဘေးအန္တရာယ်ကင်းရှင်းကြောင်း၊ ပြည်နယ် အတွင်းရေထုကို ဆက်လက်စမ်းသပ်နေကြောင်း၊ အဲဒီရထားပေါ်က ဓာတုပစ္စည်းတွေနဲ့ အဲ့ဒီကနေ ထွက်ပေါ်လာတဲ့ ဘေးထွက်ပစ္စည်းတိုင်းကို စမ်းသပ်ပြီးဖြစ်ကြောင်း၊ ရွေ့လျားဓါတ်ခွဲခန်းများလည်း ရှိနေပြီး စမ်းသပ်မှု နည်းစနစ်များက အကာအကွယ်ပေးနိုင်တယ်လို့ အခိုင်အမာ ယုံကြည်ကြောင်း၊ နော့သ်ဖလော့ မီးရထား ကုမ္ပဏီအနေနဲ့ လမ်းချော်မှုကို ထိန်းချုပ်ရာမှာ ပျက်စီး သို့မဟုတ် ညစ်ညမ်းသွားသော စက်ပစ္စည်းများအတွက် ပင်ဆယ်ဗေးနီးယားခရိုင် မီးသတ်ဌာနများကို ငွေပြန်လည်ပေးချေခြင်းအပါအဝင် သန့်ရှင်းရေးကုန်ကျစရိတ် တစ်ခုလုံးအတွက် ပေးဆောင်ရမှာဖြစ်ကြောင်းလည်း ပြောပါတယ်။
အမေရိကန် သယ်ယူ ပို့ဆောင်ရေးဝန်ကြီးဋ္ဌာနကတော့ နော့သ်ဖလော့ဖ်ဆောက်သမ်းအပါအဝင် အခြား ကုန်စည်ပို့ဆောင်ရေး မီးရထားလုပ်ငန်းများအနေနဲ့ ၂ဝ၂၅ ခုနှစ်အရောက် ပိုမိုလုံခြုံတဲ့ သိုလှောင်ကန်များနဲ့ အစားထိုးရန် ကတိပြုစေခြင်း အပါအဝင် ချက်ချင်းဆောင်ရွက်ရမည့် အချက်အတော်များများကို ချမှတ်ပေးခဲ့ပါတယ်။ သယ်ယူပို့ဆောင်ရေး လုံခြုံရေးဆိုင်ရာ စည်းမျဉ်းများကို ချိုးဖောက်တဲ့ မီးရထားကုမ္ပဏီများအပေါ် အမြင့်ဆုံးဒဏ်ငွေများ တိုးမြှင့် ပေးမည့် ဥပဒေများကို ကွန်ဂရက်လွှတ်တော် ပြဋ္ဌာန်းပေးဖို၊့ မီးရထားကုမ္ပဏီ စီအီးအိုများ အနေနဲ့ကလည်း မတော်တဆမှု သတင်းပေးသူများကို အကာအကွယ်ပေးဖို့ တောင်းဆိုသွားမှာဖြစ်တယ်လို့ ဝန်ကြီးက ပြောပါတယ်။
ဒါပေမဲ့ တက္ကဆက်နှင့် မစ်ချီဂန်ပြည်နယ် တာဝန်ရှိသူတွေကလည်း သူတို့ထံ အဲဒီစွန့်ပစ္စည်းတွေ ရောက်ရှိလာမှာဖြစ်ကြောင်း ကြိုတင်အကြောင်းကြားချက် မရရှိခဲ့ဖူးလို့ တိုင်ကြားကြပါတယ်။ ဒီအတွက် နော့သ်ဖလော့ဆောက်သမ် ကုမ္ပဏီအနေနဲ့ အခင်းဖြစ်ပွားရာနေရာမှ အန္တရာယ်ရှိ အမှိုက်သရိုက်များကို တင်ပို့နေခြင်းမှ ရပ်တန့်ပြီး စွန့်ပစ် ခြင်းအစီအစဉ်များကို ပြန်လည်သုံးသပ်စေရန် ဖက်ဒရယ်သဘာ ကာကွယ်ရေးအေဂျင်စီက အမိန့်ပေးလိုက်ပါတယ်။
ညစ်ညမ်း အမှိုက်သရိုက်တွေကို ထရပ်ကားစီးရေ ၂ဝ နဲ့ သယ်ဆောင်သွားတာကို တွေ့ရှိရပြီး အဲဒီအထဲက ၁၅ စီးဟာ မီချီဂန်ပြည်နယ်ကို ရောက်ရှိသွားကြောင်း၊ ကျန် ၅ စီးကတော့ အိစ်ပါလက်စတိုင်းထံ ပြန်ရောက်လာကြောင်း၊ စွန့်ပစ္စည်းအရည် ဂါလန် ၁ဝ၂ဝဝဝ ခန့်နဲ့ မြေသား ၄၅ဝဝ ကုဗကိုက်ခန့်တို့ဟာ အဲ့ဒီအထဲမှာ မပါသေးပဲ အခင်းဖြစ်နေရာမှာ ယခုတိုင် ဒီအတိုင်းရှိနေပြီး နောက်ထပ်လည်း ထွက်လာနေသေးကြောင်း၊ ဒေသခံတွေအနေနဲ့ လေထု၊ ရေနှင့် မြေဆီလွှာအတွင်းသို့ ဓါတုဗေဒအဆိပ်များ စိမ့်ဝင်သွားပြီး ဖျားနာနေကြရတယ်လို့ ပြောဆိုလျှက်ရှိကြောင်း အိုဟိုင်းယိုပြည်နယ်အုပ်ချုပ်ရေးမှူးက CNN ကို ပြောပြပါတယ်။
လမ်းချော် မီးလောင်ရာမှာ အသုံးပြုခဲ့တဲ့ မီးသတ်ရေဂါလန် (၂) သန်းခန့်အနက် ဂါလန်တစ်သန်းခွဲခန့်ဟာ တက္ကဆက်ပြည်နယ် ဟာရစ်ကောင်တီကို ရောက်ရှိသွားပြီး အခင်းဖြစ်နေရာမှ ခြစ်ယူထားတဲ့ အပေါ်ယံမြေလွှာများကိုလည်း စွန့်ပစ်ဖို့ရှိနေပါတယ်။ တက္ကဆက်ပြည်နယ်ကို ညစ်ညမ်းရေတွေ ရောက်ရှိသွားပြီး ရက်သတ္တပတ် လောက်ကြာမှ ဖက်ဒရယ်တရားသူကြီးတို့အနေနဲ့ သတင်းအမှန်သိကြရတယ်လို့ ဆိုပါတယ်။ EPA ညွှန်ကြားရေးမှူးကတော့ အိစ်ပါလက်စတိုင်းရဲ့ သဘာဝပတ်ဝန်းကျင်ဟာ လမ်းချော်ပြီး ၃-ပတ်အကြာမှာ ပိုကောင်းလာတယ်လို့ အခိုင်အမာပြောနေပါတယ်။
(လွန်ခဲ့တဲ ဖေဖော်ဝါရီလ ၃ ရက် အိုဟိုင်းယိုးပြည်နယ် အိစ်ပါလက်စတိုင်းမြို့ ဓါတုအဆိပ်သင့်ပြီး အန္တရာယ်ကပ်ဘေး ဆိုက်ရောက်နေပုံကို ဖေဖော်ဝါရီလ ၂၃ ရက်မှာ အသေးစိတ် အစောဆုံးတင်ပြသူဟာ အမေရိကန် မီချီ ဂန်ပြည်နယ် စတုတ္ထမြောက်နိုင်ငံတကာကော်မတီ (ICFI) ရဲ့ “အွန်လိုင်းသတင်းစာ WSWS ဖြစ်ပါတယ်။ သက်တမ်း ၂၅ နှစ်ရှိပြီဖြစ်တဲ့ “ထရောက်စကီးဝါဒ” လှုပ်ရှားမှု လက်ဝဲသတင်းစာဟာ နိုင်ငံသား သောင်းသိန်းချီပြီး အန္တရာယ်ကျရောက်နေတဲ့အဖြစ်ကို သာမန် မီးရထားလမ်းချော်မှု သတင်းအဖြစ်သာ ဖော်ပြနေတဲ့ အထင်ကရ မီဒီယာကြီးများကို အမည်နာမ ဖော်ပြပြီး တာဝန်မကျေကြောင်း ပျစ်ပျစ်နှစ်နှစ် ရှတ်ချခဲ့ပါတယ်။ CNN ရဲ့ ဝေဖန်ရေး သတင်းဆောင်းပါးထက် ရက်သတ္တပတ်မျှ စောခဲ့ပြီး HtayOung, OungMarine နဲ့ ဟိန်းဆက်တို့က ၎င်းရက်ပိုင်းအတွင်း မြန်မာဘာသာပြန်ဆို ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။
ကွန်မြူနစ်သတင်းစာက ဆဲလွန်း၍ ကမန်းကတန်း ထရေးရပေမဲ့ ကျွန်တော်လက်လှမ်းမီသမျှ CNN သတင်း ၃ ပုဒ်စလုံး အိစ်ပါလက်စတိုင်း ဓါတုအဆိပ်သင့်ရခြင်းတွင် တာဝန်ရှိသူများဖက်မှ ကာကွယ်ရေးသားနေခြင်းသာ များပြားပါတယ်။ အထူးသဖြင့် မီးရထားတွင် ဓါတု အဆိပ်ပစ္စည်းမည်မျှ တင်ဆောင်လာကြောင်း၊ ဒီလို တင်ဆောင်နေခြင်းမှာ မည်မျှကြာမြင့်ခဲ့ပြီး မည်သည့်စည်းကမ်းချက်အရ ဖြစ်ကြောင်း၊ ဖိတ်စင်သွားတဲ့ ဗီနိုင်းကလိုရိုဒ်များမှာ မတော်တဆ မီးလောင်သည်ဆိုခြင်းထက် အမှိုက်ရှင်းသည့်သဘော တမင်မီးရှို့ပစ်ကြောင်း စွပ်စွဲချက်များနှင့်ပတ်သက်၍ ဖြေရှင်းခြင်းများ ပါဝင်ခြင်း မတွေ့ရပါ။ ။သတင်းဘာသာ ပြန်သူ၏ သုံးသပ်ချက်ဖြစ်ပါသည်။)
(CNN., 01 March 2023,” Ohio toxic train disaster leads to more concerns in other states while scientists say chemical tests in East Palestine are unusually high’” နှင့် “High levels of chemicals could pose long-term risks at Ohio train derailment site, researchers say” ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)
zawgyi version
Htay Oung (NP News) - ‌မတ် ၎
Comments :
0 comments
PREVIOUS
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Next
SME လုပ်ငန်းရှင်တစ်ဦးလျှင် ချေးငွေကျပ် သန်း(၅ဝဝ)အထိကို ‌အရစ်ကျပြန်ဆပ်စနစ်ဖြင့် ထုတ်ချေးထားကြောင်း ဒုဝန်ကြီးပြော
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US
Copyright © News Services Station | All Right Reserved