မြစ်ကြီးနားမြို့၌ Light Truck ကားကို (၆)ဘီးကားက ဝင်တိုက်၊ (၂)ဦး ထိခိုက်ဒဏ်ရာရ
သန့်ဇင် (NSS) - နိုဝင်ဘာ ၅
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် Light truck ကားကို (၆)ဘီးကားမှ ဝင်တိုက်မိခဲ့ရာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းမှ သိရသည်။
ယာဉ်တိုက်မှုသည် ယနေ့(နိုဝင်ဘာလ ၅ ရက်)၊ နံနက် ၁၁ နာရီခန့်က မြစ်ကြီးနားမြို့၊ ခေမာသီရိလမ်းသွယ် ၁၃ ထိပ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“အတိုက်ခံရတဲ့ ကားက Light Truck ကားပါ။ တိုက်တဲ့ကားက သဲကျောက်တင်တဲ့ (၆)ဘီးကားပေါ့။ Light Truck ကားကလမ်းကြားထဲက ထွက်လာပြီး လမ်းမပေါ်ရောက်နေချိန် (၆)ဘီးကားက တိုက်ပြီး မောင်းပြေးသွားတယ်။ သို့သော် ပတ်ဝန်းကျင်ကလူတွေက လိုက်ဖမ်းပေးခဲ့တဲ့အတွက် သူ့ကို နောင်ခမ်းရှမ်းရွာနားမှာ ဖမ်းမိခဲ့တယ်” ဟု မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ယာဉ်တိုက်မှုတွင် Light Truck ကားပေါ်လိုက်ပါလာသည့် အသက်(၂၇)နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး Light Truck ကားခေါင်းတစ်ခုလုံးနီးပါး ပျက်စီးသွားခဲ့ကြောင်း သိရသည်။
“အမျိုးသမီးကတော့ ခေါင်းပေါက်ပြဲသွားတယ်။ ယာဉ်မောင်းကတော့ ထိခိုက်ဒဏ်ရာက သိပ်ကြီးကြီးမားမားတော့ မရှိပါဘူး။ Light Truck ကားတော့ ခေါင်းရောကိုယ်ထည်ပါ ပျက်စီးသွားတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ထိခိုက်ဒဏ်ရရှိသူ(၂)ဦးအား မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းမှ မြစ်ကြီးနားမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားနှင့်ဆွေးနွေးပွဲများ လုပ်ဆောင်မည်မဟုတ်ကြောင်း ယူကရိန်းသမ္မတ ထုတ်ဖော်ပြောဆို
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း