နည်းပြတန်ဟက်နေရာတွင် အစားထိုးမှုများ လုပ်ဆောင်ရန် မန်ယူအသင်းတာဝန်ရှိသူများ စဉ်းစားနေဟုဆို
Pika (NSS) - နိုဝင်ဘာ ၃
မန်ယူအသင်းသည် ၎င်းတို့၏ဆိုးရွားသော ရာသီအစနှင့်ပတ်သက်ပြီး နည်းပြတန်ဟက်၏ နေရာကို အစားထိုးရန်စဉ်းစားနေကြောင်းသိရသည်။
မန်ယူအသင်းသည် မန်စီးတီးအသင်းနှင့်ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲတွင် (၃)ဂိုး၊ ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး နယူးကာဆယ်အသင်းနှင့်ကစားခဲ့သည့် ခါရာဘောင်ဆုဖလားပွဲတွင်လည်း (၃)ဂိုး၊ ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ မန်ယူအသင်းတွင် နည်းပြနေရာအတွက် မေးခွန်းများထုတ်ခံနေရပြီး နည်းပြတန်ဟက်ကို ရာထူးမှထုတ်ပယ်မည်ဆိုပါက ၎င်း၏နေရာတွင် အစားထိုးရန်အတွက် ရွေးချယ်မှုများကို စတင်စဉ်းစားနေပြီဖြစ်ကြောင်းသိရသည်။
ရီးရဲလ်မက်ဒရစ်အသင်း နည်းပြဟောင်း ဇီးဒန်းသည် မန်ယူအသင်းကစောင့်ကြည့်နေသော နည်းပြစာရင်းတွင်ပါဝင်ပြီး Sporting CP နည်းပြ Ruben Amorim သည်လည်း မန်ယူအသင်း၏ ဦးစားပေးစာရင်းထဲတွင် ပါဝင်ကြောင်းသိရသည်။ သို့သော်လည်း မန်ယူအသင်းတွင် လက်ရှိအချိန်၌ဖြစ်ပွားနေသော ရှယ်ယာနှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များကြောင့် အခြေအနေများမှာ ပိုမိုရှုပ်ထွေးနေကြောင်းလည်းသိရသည်။ ဆာဂျင်ရက်ကလစ်၏ INEOS အဖွဲ့သည် မန်ယူအသင်း၏ရှယ်ယာ(၂၅)ရာခိုင်နှုန်းကို ဝယ်ယူရန်၊ နည်းပြခန့်အပ်မှုများအပါ အဝင် အားကစားဆိုင်ရာဆုံးဖြတ်ချက်များအတွက် ထိန်းချုပ်ခွင့်ရရန် ညှိနှိုင်းမှုများ လုပ်ဆောင်နေကြောင်းလည်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ပိတ်မိနေသည့် ထိုင်းနိုင်ငံသား(၁၆ဝ) ကျော်ကို ကယ်ဆယ်ရန် ထိုင်းအစိုးရစီစဉ်နေ
RELATED POSTS
01 Aug 2024 | အားကစား,နိုင်ငံတကာ
30 Jul 2024 | အားကစား,နိုင်ငံတကာ
07 Jul 2024 | အားကစား,နိုင်ငံတကာ
23 May 2024 | အားကစား,ပြည်တွင်း