Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကမ္ဘာ့ယူရေနီယမ်ဈေးနှုန်းများ (၁၅)နှစ်ကျော်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိလာခဲ့

Pika (NSS) - နိုဝင်ဘာ ၃

အောက်တိုဘာလနှောင်းပိုင်းတွင် ကမ္ဘာ့ယူရေနီယမ်ဈေးနှုန်းများသည် ပြီးခဲ့သည့်(၁၅)နှစ်ကျော်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိသွားခဲ့ကြောင်း  COMEX ကုမ္ပဏီ၏ ဒေတာအချက်အလက်များအရ သိရသည်။ 

ယူရေနီယမ်ဈေးနှုန်းများ မြင့်တက်လာရခြင်း အကြောင်းအရင်းများမှာ ပထဝီဝင်နိုင်ငံရေးဆိုင်ရာ တင်းမာမှုများ အပါအဝင် အခြားအချက်များစွာကြောင့်ဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။ 

အောက်တိုဘာလ(၃၁)ရက်မှ စတင်ပြီး လာမည့်နိုဝင်ဘာလအတွက် ယူရေနီယမ်ပေးပို့မှုများသည်  တစ်ပေါင်လျှင် အမေရိကန်ဒေါ်လာ (၇၄ ဒသမ ၅) ဒေါ်လာထိ မြင့်တက်သွားခဲ့ကြောင်း ဒေတာအချက်အလက်များအရ သိရသည်။ ယူရေနီယမ်ဈေးနှုန်းများသည် ယခုနှစ်အစောပိုင်းကတည်းက (၅၅)ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နျူကလီးယားစွမ်းအင်အတွက် ကျယ်ပြန့်စွာအသုံးပြုသော ယူရေနီယမ် ဝယ်လိုအားသည် ကမ္ဘာလုံးဆိုင်ရာ အရန်ပမာဏကန့်သတ်ချက်များနှင့်အတူ ဈေးနှုန်းများအပေါ် ဖိအားများပေးလျက်ရှိကြောင်းလည်း သိရသည်။


ရုရှားနိုင်ငံမှ စွမ်းအင်ထောက်ပံ့မှုများ ကျဆင်းနေချိန်တွင် နျူကလီးယားစွမ်းအင်အပေါ် တစ်ကမ္ဘာလုံးက အသစ် တဖန်ပြန်လည်အာရုံစိုက်လာခဲ့ကြောင်း လေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။ စိုးရိမ်မှုများမြင့်တက်နေမှု နှင့်အတူ ကမ္ဘာ့ဒုတိယအကြီးဆုံး ယူရေနီယမ်ထုတ်လုပ်သည့် ကနေဒါကုမ္ပဏီ Cameco က ၂ဝ၂၃ ခုနှစ်အတွက် ထုတ်လုပ်မှု ခန့်မှန်းချက်များကို လျှော့ချခဲ့ကြောင်းလည်း သိရသည်။

ထို့အပြင် ယူရေနီယမ်ထုတ်လုပ်သည့် ပြင်သစ်ကုမ္ပဏီ Orano သည်လည်း ကမ္ဘာလုံးဆိုင်ရာ ယူရေနီယမ် ထွက်ရှိမှု ၏ (၄)ရာခိုင်နှုန်းရှိသော နိုင်ဂျာတွင် မကြာသေးမီကဖြစ်ပွားခဲ့သော အာဏာသိမ်းမှုများကြောင့် အခက်အခဲများ နှင့် ရင်ဆိုင်နေရကြောင်း သိရသည်။


ရုရှား၏ စွမ်းအင်ထောက်ပံ့မှု ကျဆင်းလာခဲ့ပြီးနောက် နိုင်ဂျာနိုင်ငံသည် ပြီးခဲ့သည့်နှစ်တွင် ဥရောပသမဂ္ဂသို့ ယူရေနီယမ်ထောက်ပံ့ပေးခဲ့သည့် ဒုတိယအကြီးဆုံးထောက်ပံ့သူဖြစ်လာခဲ့ကြောင်းလည်း သိရသည်။ နျူကလီးယားစွမ်းအင်အပေါ် အသစ်တဖန်ပြန်လည်အာရုံစိုက်မှုများကြောင့် ကမ္ဘာတစ်ဝှမ်းတွင် ယူရေနီယမ် အပါအဝင် အရေးပါသောသတ္တုတွင်းထွက်များ၏ ဝယ်လိုအားများ မြင့်တက်လာခဲ့ကြောင်း နိုင်ငံတကာစွမ်းအင် အေဂျင်စီ (IEA) က ခန့်မှန်းပြောခဲ့သည်။

ကမ္ဘာ့နျူကလီးယားအဖွဲ့၏ မကြာသေးမီကထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် နျူကလီးယားစွမ်းရည်သည် (၈ဝ) ရာခိုင်နှုန်းနီးပါး ကြီးထွားလာခဲ့ပြီး ၂ဝ၄ဝ ပြည့်နှစ်တွင် ယူရေနီယမ်လိုအပ်ချက်မှာ နှစ်ဆထိတိုးလာနိုင်ဖွယ်ရှိကြောင်း ခန့်မှန်းပြောထားသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမေရိကန်စစ်ဘက်ရဲ့နျူကလီးယားထိပ်ဖူးတပ်ဆင်ပစ်လွှတ်နိုင်အောင်စီစဉ်ထားတဲ့ Minuteman III အမျိုးအစား ဒုံးကျည်စမ်းသပ်မှု မအောင်မြင်ခဲ့

RELATED POSTS
RECENT POSTS
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved