ချဲလ်ဆီးအသင်းကြီးနည်းပြအဖြစ် တာဝန်ယူလိုသည့် အိမ်မက်အဆုံးသတ်သွားရခြင်းကို ဂန္တဝင်နောက်ခံလူ ဂျွန်တယ်ရီ ထုတ်ဖော်ပြော
Pika (NSS) - နိုဝင်ဘာ ၁
ချဲလ်ဆီးအသင်း ဂန္တဝင်ကစားသမားဂျွန်တယ်ရီက ၎င်းသည် ချဲလ်ဆီးအသင်းကြီးး၏ နည်းပြဖြစ်ချင်သည့် အိမ်မက် ကိုစွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း ထုတ်ဖော်ပြောခဲ့သည်။
ယခင်ကအက်စတွန်ဗီလာအသင်းတွင် လက်ထောက်နည်းပြအဖြစ် လုပ်ခဲ့ဖူးသော ဂျွန်တယ်ရီသည် ချဲလ်ဆီး အကယ်ဒမီတွင် နည်းပြအဖြစ် တာဝန်ယူရန်အတွက် ယခုနှစ်နွေရာသီတွင် ချဲလ်ဆီးအသင်းသို့ ပြန်လာခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ ဂျွန်တယ်ရီသည် ချဲလ်ဆီးအကယ်ဒမီတွင် နည်းပြအဖြစ် တာဝန်ယူမည်ဖြစ်သော်လည်း ၎င်း၏ အိမ်မက်တစ်ခုဖြစ်သော ချဲလ်ဆီးအသင်းကြီး၏ နည်းပြဖြစ်ချင်သည့်ဆန္ဒကို စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း ပြောခဲ့သည်။
ဂျွန်တယ်ရီက "ဒါဟာ ဘယ်တော့မှဖြစ်မလာနိုင်ဖူးဆိုတာ ကျွန်တော်နားလည်သွားပါပြီ။ ကျွန်တော်ရဲ့အိမ်မက်က ချဲလ်ဆီးအသင်းကနေ ထွက်သွားပြီးနောက် နည်းပြအဖြစ် ပြန်လာချင်ခဲ့တာပါ။ ဒါပေမယ့် အဲဒါက ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်တော့ဖူးဆိုတာ ကျွန်တော်သိသွားပါပြီ။ အဲဒါက ကျွန်တော့်ကို တကယ် နာကျင်စေပါတယ်" ဟု ပြောခဲ့သည်။ ဂျွန်တယ်ရီသည် ချဲလ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၇၁၇)ပွဲ ကစားပေးခဲ့ပြီး (၆၇)ဂိုး သွင်းယူခဲ့ ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Nov 1/ 7:00 PM)
RELATED POSTS
01 Aug 2024 | အားကစား,နိုင်ငံတကာ
30 Jul 2024 | အားကစား,နိုင်ငံတကာ
07 Jul 2024 | အားကစား,နိုင်ငံတကာ
23 May 2024 | အားကစား,ပြည်တွင်း