မြေနီကုန်းတံတားပေါ်မှ ခုန်ချရန်ကြိုးစားသည့် အမျိုးသမီးတစ်ဦးကို ပရဟိတအသင်းများမှ ကယ်တင်ခဲ့
စော(NSS) - နိုဝင်ဘာ ၁
ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတံတားပေါ်မှ ခုန်ချရန်ကြိုးစားသည့် အမျိုးသမီးတစ်ဦးကို ပရဟိတအသင်းများမှ ကယ်တင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(အောက်တိုဘာလ ၃၁ ရက်)၊ ည (၁၀)နာရီဝန်းကျင်အချိန်တွင် အထက်ပါကဲ့သို့ သေကြောင်းကြံစည်ခဲ့ကြောင်း စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
“ကျွန်တော်တို့က စမ်းချောင်းမီသတ်စခန်းကို ရောက်နေတဲ့အချိန် တက္ကစီသမားကလာပြောတာပါ။ အနီးအနားမှာ လူတစ်ယောက်ခုန်ချဖို့လုပ်နေတယ်ဆိုလို့ သွားကြည့်တာပေါ့။ ဘာကြောင့်ခုန်ချတာလဲဆိုတော့ မိသားစုပြဿနာဖြစ်လို့ ပြောတယ်။ သူကို ရန်ကုန်ဆေးရုံကြီးကို ပို့လိုက်တယ်။ လက်ရှိကတော့ မိသားစုနဲ့လိုက်သွားပြီလို့ပြောတယ်။ ကျန်တာတော့ မသိရသေးဘူး” ဟု စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ အမျိုးသမီးသည် အသက် (၂၄)နှစ်အရွယ်ရှိပြီး မှော်ဘီမြို့နယ်တွင် နေထိုင်သူတစ်ဦးဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။
၎င်းအား သက်ဆိုင်ရာ ပရဟိတအသင်းများက ကယ်တင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် မိသားစုနှင့် ပြန်လိုက်သွားပြီဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဝါကျွတ်ကာလ၌ ရန်ကုန်အိမ်ခြံမြေဈေးကွက် အေးနေ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း