ကမ္ဘာ့ဖလားရရှိပြီးနောက် ၂ဝ၂၃ ခုနှစ် Ballond'Or ဆုကို ရှစ်ကြိမ်မြောက် ထပ်မံဆွတ်ခူးနိုင်ခဲ့တဲ့ မက်ဆီ
Pika (NSS) - အောက်တိုဘာ ၃၁
ကမ္ဘာကျော်တိုက်စစ်မှူးမက်ဆီသည် ၂ဝ၂၂ ခုနှစ် ကမ္ဘာ့ဖလားကို အာဂျင်တီးနားအသင်းနှင့်အတူ ဆွတ်ခူးနိုင်ခဲ့ပြီး နောက် Ballon d'Or ဆုကို ရှစ်ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။
Ballon d'Or ဆုကို ၂ဝ၂၁ ခုနှစ်တွင် နောက်ဆုံးဆွတ်ခူးရရှိခဲ့သော မက်ဆီသည် ၂ဝ၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ဖိုင်နယ်တွင် ပြင်သစ်အသင်းကို အနိုင်ယူခဲ့ပြီးနောက် အာဂျင်တီးနားအသင်းကို (၃၆)နှစ်အတွင်း ပထမဆုံး ကမ္ဘာ့ဖလားချန်ပီယံဆုရရှိအောင် ဦးဆောင်ကစားပေးနိုင်ခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်တွင် မက်ဆီသည် ပြိုင်ဖက်စီရော်နယ်ဒိုနယ်ထက် Ballon d'Or ဆု သုံးခု ပိုများသွားပြီဖြစ်ကြောင်း သိရသည်။
စီရော်နယ်ဒိုသည် ၎င်း၏ နောက်ဆုံး Ballon d'Or ဆုကို ၂ဝ၁၇ ခုနှစ်တွင် ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်သည်။ မက်ဆီ က "ဒီလိုကစားသမားဘဝမျိုုး ကျွန်တော့်မှာ ရှိခဲ့တယ်ဆိုတာ စိတ်ကူးနဲ့တောင် တွေးကြည့်လို့မရပါဘူး။ ကစားသမားဘဝအတွင်း အရာအားလုံးကို ကျွန်တော်ဆွတ်ခူးရရှိခဲ့ပါတယ်။ ကျွန်တော့်မှာရှိတဲ့ ကံကြမ္မာကတော့ ကမ္ဘာ့အကောင်းဆုံးအသင်း၊ သမိုင်းတစ်လျှောက် အကောင်းဆုံးအသင်းအတွက် ကစားပေးခဲ့ရတာပါပဲ။ ဒီလိုတစ်ဦးချင်းစီရတဲ့ ဆုဖလားတွေကို ဆွတ်ခူးရရှိတာဟာ တကယ်ကိုကောင်းပါတယ်။ ကိုပါအမေရိက ဆုဖလားနဲ့ ကမ္ဘာ့ဖလားတို့ပြီးရင် Ballon d'Or ဆုကို ရရှိတာက အံ့ဩစရာပါပဲ" ဟု ပြောခဲ့သည်။
ထို့အပြင် မက်ဆီနှင့်အတူ ကမ္ဘာ့ဖလားကိုဆွတ်ခူးရရှိခဲ့သော အသင်းဖော် ဂိုးသမား မာတီနက်ဇ်သည်လည်း ကမ္ဘာ့ အကောင်းဆုံးဂိုးသမားအဖြစ် Lev Yashin ဆုကို ဆွတ်ခူးရရှိခဲ့ကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒေါ်အောင်ဆန်းစုကြည်ကို သားဖြစ်သူနဲ့ တွေ့ခွင့်ပေးနိုင်ခြေရှိသလား၊ ဗိုလ်ချုပ်ဂွမ်မော် ပြောစကားထဲက ကောက်နှုတ်ချက်၊ ရှမ်းမြောက်တိုက်ပွဲ နောက်ဆုံးရအခြေအနေ (၃၁-၁ဝ-၂ဝ၂၃)
RELATED POSTS
01 Aug 2024 | အားကစား,နိုင်ငံတကာ
30 Jul 2024 | အားကစား,နိုင်ငံတကာ
07 Jul 2024 | အားကစား,နိုင်ငံတကာ
23 May 2024 | အားကစား,ပြည်တွင်း