Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဂျပန်နိုင်ငံ ဟီယိုရှီးမားမြို့ကိုကြဲချခဲ့သော နျူကလီးယားဗုံးထက် ပြင်းအား ၂၄ ဆပိုရှိမည် နျူကလီးယားလက်နက်ကို စမ်းသပ်ထုတ်လုပ်မည်ဟု အမေရိကန်စစ်ဘက်ပြော

ဂျန်ဇက် (NSS) - အောက်တိုဘာ ၃၁ 

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန ထိပ်တန်းအရာရှိကြီးတစ်ဦးက ၎င်းတို့အနေဖြင့် ဂျပန်နိုင်ငံ ဟီယိုရှီးမားမြို့ကို ကြဲချခဲ့သော နျူကလီးယားဗုံးထက် ၂၄ ဆ ပိုမိုအင်အားပြင်းသော နျူကလီးယားလက်နက်အသစ်ကို ထုတ်လုပ် သွားဖွယ်ရှိနေကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ 

အမေရိကန်စစ်ဘက်သည် ဟီယိုရှီးမားမြို့ကို ကြဲချခဲ့သော နျူကလီးယားထက် ၂၄ ဆထက်ပိုပြင်းသော နျူကလီးယားလက်နက်ကို B61 ဟု အမည်ပေးထားကြောင်း၊ အဆိုပါနျူကလီးယားလက်နက်ပိုမိုဖွံ့ဖြိုးတိုးတက် စေရန်အတွက် လွှတ်တော်ထံမှ ရန်ပုံငွေများရရှိအောင် ကြိုးပမ်သွားရမည်ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာန က ဆိုသည်။


အမေရိကန်နိုင်ငံသည် ဒုတိယကမ္ဘာစစ်အတွင်းတွင် ဂျပန်နိုင်ငံ ဟီယိုရှီးမားမြို့ကို  ‘Little Boy’, အမည်ရှိ ပြင်းအား ၁၅ ကီလိုတန်ဗုံးကို ကြဲချခဲ့ပြီး၊ လက်ရှိလုပ်ဆောင်မည့်  B61 ဗုံး၏ ပြင်းအားသည် ၃၆ဝ ကီလိုတန်ရှိမည်ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး က ပြောသည်။

အဆိုပါနျူကလီးယား B61 ဗုံးသည်  အမေရိကန်နိုင်ငံရှိ လက်နက်များထဲတွင် ပြင်းအားအများဆုံးရှိစေမည့် နျူကလီးယားလက်နက်ဖြစ်လာဖွယ်ရှိနေကြောင်း သိရသည်။ ဆိုဗီယက်ပြည်ထောင်စုသည် နျူကလီးယားဗုံးများ ထဲတွင် ပြင်းအားအများဆုံး နျူကလီးယားဗုံးကို ထုတ်လုပ်ထားနိုင်သောနိုင်ငံဖြစ်ခဲ့ဖူးပြီး ၁၉၆၁ ခုနှစ်က ပြင်းအင်အား ၅၈ မီဂါတန်ရှိသော  ‘Tsar Bomba’ ဗုံးကို ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။


အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနမှ ထိပ်တန်းအရာရှိကြီးတစ်ဦးဖြစ်သူ John Plumb က "ကျွန်တော်တို့ဟာ နျူကလီးယားလက်နက်တွေနဲ့ပတ်သက်ပြီး လေ့လာဆန်းစစ်အကဲဖြတ်မှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်။ နျူကလီးယားလက်နက်တွေနဲ့ မဟာဗျူဟာမြောက်တုံ့ပြန်တိုက်ခိုက်တာတွေလည်း လုပ်ဆောင်သွားမယ်။ မဟာမိတ်နိုင်ငံတွေအတွက်လည်း တုံ့ပြန်သွားမယ်" ဟု ပြောသည်။

အမေရိကန်နိုင်ငံသည် ၁၉၉ဝ ပြည့်နှစ်က နီဗာဒါပြည်နယ်တွင်မြေအောက်တွင် နျူကလီးယားစမ်းသပ်ပေါက်ကွဲမှု များ လုပ်ဆောင်ခဲ့ဖူးကြောင်း သိရသည်။ ရုရှားသမ္မတပူတင်ကလည်း အမေရိကန်နိုင်ငံအနေဖြင့် နျူကလီးယား လက်နက်များ ပြန်လည်စမ်းသပ်လုပ်ဆောင်မည်ဆိုလျှင် ရုရှားနိုင်ငံကလည်း ၎င်းတို့၏ နျူကလီးယားလက်နက် များကို ပိုမိုခေတ်မီစေရန် စမ်းသပ်မှုများလုပ်ဆောင်သွားရမည်ဟု ယုံကြည်ကြောင်း ပြောထားသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တရုတ်နိုင်ငံ တားမြစ်ပိတ်ပင်မှုရှိသည့် ဂျပန်ပင်လယ်စာများကို ဝယ်ယူပြီး အမေရိကန်စစ်သားများကို ကျွေးသွားမည်ဟုဆို

RELATED POSTS
RECENT POSTS
မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ်မှ ဇိုလူမျိုးများ အိန္ဒိယ၌ ပြန်လည်ပေါင်းစည်းရေး အမေရိကန်၌ ရောက်ရှိစဉ် မီဇိုရမ် ပြည်နယ်ဝန်ကြီးချုပ်ပြောဆိုခဲ့
08 Nov 2024
ဖေ့ဘွတ်ပို့စ်တစ်ခုကြောင့် စစ်တကောင်းတွင် ဆူပူအကြမ်းဖက်မှုများဖြစ်ပွား
08 Nov 2024
ယခုဘဏ္ဍာနှစ်၌ မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ (၁၃ ဒသမ ၆၅ ) ရာခိုင်နှုန်းရှိနိုင်ဟု နစကအစိုးရ ခန့်မှန်း
08 Nov 2024
အမြင့်(၁၇)ပေနီးပါးရှိသော ရုံးပတီသီးပင် ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်ဖွယ်ရှိ
08 Nov 2024
နာမည်ကျော် WBC ၏ Title match ပွဲစဉ်တစ်ပွဲကို မြန်မာနိုင်ငံတွင် ပြုလုပ်ရန်စီစဉ်နေ
08 Nov 2024
နန်းတော်တွေအပြင် ခရီးသွားဆွဲဆောင်မှုနေရာပေါင်းများစွာရှိတဲ့ ဒိန်းမတ်မြို့တော် ကိုပင်ဟေဂင် အကြောင်း
08 Nov 2024
မြန်မာနိုင်ငံ၌ ရေနံဆိပ်ကမ်းများနှင့် LNG Terminal တည်ဆောက်ရန် နေရာကောင်းများလည်းရှိနေသည့်အတွက် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်
08 Nov 2024
ကြက်ရုပ်ပုံစံ ဖိလစ်ပိုင်ဟိုတယ် ကမ္ဘာ့အကြီးဆုံး ကြက်ပုံသဏ္ဍာန်ရှိ အဆောက်အအုံအဖြစ် ဂင်းနစ်မှတ်တမ်းဝင်ဖွယ်ရှိ
08 Nov 2024
မော်လမြိုင်တွင် ဆီဘောက်ဆာကား မီးလောင်ပေါက်ကွဲမှုကြောင့် တစ်ဦးသေဆုံးကာ မီးသတ်တပ်ဖွဲ့နှင့် ပရဟိတအသင်းသားများအပါအဝင် (၂၁)ဦး ဒဏ်ရာရ
08 Nov 2024
ပုံမှန်လိုမျိုးလုပ်ဆောင်နိုင်တဲ့ ကမ္ဘာ့အသေးဆုံး မြေတူးစက်ကို အမေရိကန်အမျိုးသားတစ်ဦး ဖန်တီး
08 Nov 2024
ကုန်စည်(၈)မျိုးအပြင် နောက်တိုး(၃)ခု ပို့ကုန်သတ်မှတ်ချက်ကြောင့် ကုန်ဈေးနှုန်းထပ်မံတက်လာနိုင်သည့် အခြေအနေရှိနေ
08 Nov 2024
အိန္ဒိယအတွက် သံတမန်ရေးဟန်ချက်ညှိခွင့်ရနေသည့် BRICS ပလက်ဖောင်း
08 Nov 2024
တောဆင်ရိုင်းများ၏ စားကျက်မြေရှားပါးလာခြင်းသည် လူနေရာ အနီးတစ်ဝိုက်ကို ပိုမိုကျူးကျော်စေနိုင်
08 Nov 2024
၂၀၂၄ ခုနှစ်ဟာ ကမ္ဘာပေါ်မှာ အပူဆုံးနှစ်အဖြစ် စံချိန်တင်ခဲ့တယ်လို့ EU သိပ္ပံပညာရှင်တွေပြော
08 Nov 2024
အစိုးရ၏လိုငွေကို ပြည်တွင်း၊ ပြည်ပချေးငွေများဖြင့် ဖြည့်ဆည်းနေပြီး ငွေကျပ်ဘီလျံ (၉၆၀ဝ)ထက် ပိုမချေးရန် သတ်မှတ်ထား
08 Nov 2024
တရုတ်ဇနီးမယားလုပ်ပါက ငွေကျပ်သိန်း(၁၀၀)ရမည်ဟု ပြောဆိုစည်းရုံးကာ အမျိုးသမီး (၃)ဦးအား ရောင်းစားရန် စီစဉ်သူကို အလုပ်နှင့် ထောင်ဒဏ်နှစ် (၃၀)ချမှတ်
07 Nov 2024
မလေးရှားနိုင်ငံတွင် ဓားဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ခံရသည့် မြန်မာအမျိုးသမီး၏ အလောင်းကို သင်္ဂြိုဟ်ရန်အတွက် မိသားစုနှင့် အဆက်အသွယ်မရဖြစ်နေ
07 Nov 2024
အမေရိကန်အစိုးရအဖွဲ့သစ်တွင် ပါဝင်မည့်သူများကို ထရမ့် ရွေးချယ်တော့မည်
07 Nov 2024
အမေရိကန်က ထိုင်ဝမ်ကို မိတ်ဆွေပီသသောချဥ်းကပ်မှု ဆက်လုပ်ဖွယ်ရှိနေ
07 Nov 2024
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို မီးပုံးပျံအလုံးရေ (၃၀၀၀)ကျော်ဖြင့် လွှတ်တင်ဖွင့်လှစ်သွားမည်
07 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved