Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အွန်းလိုင်း လောင်းကစားဂိမ်း၊ချေးငွေလုပ်ငန်းလုပ်ကိုင်သူ(၇ဝ)ကျော်ကိုဖမ်းဆီးထားပြီး ငွေကျပ်သိန်း (၄၅ဝဝ)ကျော်နှင့် ဘဏ်အကောင့်များကို ထိန်းချုပ်ထားကြောင်း နစကပြော

NP News - မတ်လ ၁

အွန်လိုင်းလောင်းကစားဂိမ်းလုပ်ငန်း၊ Online ကံစမ်းမဲဖောက် လောင်းကစားလုပ်ငန်းနှင့် တရားမဝင် Online ချေးငွေလုပ်ငန်းလုပ်ကိုင်သူ စုစုပေါင်း (၇၁)ဦးကို ဖမ်းဆီးအရေးယူခဲ့ကြောင်း နစက၏ ဖေဖော်ဝါ ရီလ ၂၈ ရက်၊ ညပိုင်းထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ FMI CITY ၊ ငွေနှင်းဖြူသစ်ခွလမ်း၊ အမှတ်(O-178) နေအိမ်၌ TTbet Online Game လောင်းကစားလုပ်ငန်းများလုပ်ကိုင်နေကြောင်း သတင်းအရဝင်ရောက်ရှာဖွေခဲ့ရာမှ မို့မို့စံ(ခ)Yuki နှင့်အတူ တရားခံ (၉) ဦးအား ဆက်စပ်ပစ္စည်းများနှင့်အတူ ဇန်နဝါရီလ ၂၉ ရက်၊ ည ၇ နာရီအချိန်က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်များအရ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ FMI CITY၊ ချင်းတွင်းလမ်းရှိ အိမ်အမှတ်(FG-98)နှင့် အိမ်အမှတ်(FG-95)တို့ကို ဝင်ရောက်ရှာဖွေရာမှ Golden Gift (Online ကံစမ်းမဲဖောက်လောင်းကစားလုပ်ငန်း)အား စီမံခန့်ခွဲလုပ်ကိုင်သူ အောင်ဖုန်းကျော်နှင့် ကြီးကြပ်လုပ်ကိုင်သူ ထင်အောင်ကျော်(ခ)အယ်လစ်ပါ တရားခံ(၁၉)ဦးတို့အား TTbet Online Game လောင်းကစားလုပ်ငန်းအား ကြီးကြပ်/စာရင်းကိုင်အဖြစ်လုပ်ကိုင်သူ အေးငြိမ်းသူနှင့် ကြီးကြပ်လုပ်ကိုင်သူ စိုင်းသီဟဇော်ပါ တရားခံ (၁၉)ဦးတို့ကို ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် ဖမ်းဆီးရမိသည့် တရားခံ ရန်နိုင်ကျော်(ခ)အားဖု၏ ထွက်ဆိုချက်အရ ဖေဖော်ဝါရီလ ၄ ရက်နှင့် (၅)ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ MICT Park၊ တိုက်အမှတ် (၉)၊ (၄)လွှာနှင့် တိုက်အမှတ်(၁၇)၊ (၄)လွှာတို့တွင် တရားမဝင် Online ချေးငွေလုပ်ငန်းလုပ်ကိုင်နေသည့် မန်နေဂျာကျော်ဆန်းလင်း(ခ)အားချန်ပါ (၂၂) ဦးနှင့် တရားမဝင် Online ချေးငွေလုပ်ငန်းလုပ်ကိုင်နေသည့် စာရင်းကိုင်ဖြစ်သူ ကျော်မျိုးအောင်တို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ဆက်လက်ထုတ်ပြန်ထားသည်။

ယင်းလုပ်ငန်းများကို လုပ်ကိုင်ရာတွင် ကျော်ဆန်းလင်း(ခ)အားချန်သည် မန်နေဂျာအဖြစ်လည်းကောင်း၊ အေးငြိမ်းသူ(ခ)Neoသည် ကြီးကြပ်/စာရင်းကိုင်အဖြစ်လည်းကောင်း၊ မို့မို့စံ(ခ) Yuki နှင့် ကျော်မျိုးအောင်တို့သည် စာရင်းကိုင်များအဖြစ်လည်းကောင်း၊ ထင်အောင်ကျော်(ခ)အယ်လစ်နှင့် စိုင်းသီဟဇော်တို့သည် ကြီးကြပ်သူများအဖြစ်လည်းကောင်း အသီးသီးလုပ်ကိုင်ခဲ့ကြပြီး အခြားဝန်ထမ်းများခန့်ထားကာ ကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

Online Game လောင်းကစားလုပ်ငန်း၊ ဖြစ်စဉ်များအတွင်း Online ကံစမ်းမဲဖောက် လောင်းကစားလုပ် ငန်းနှင့် တရားမဝင် Online ချေးငွေလုပ်ငန်းလုပ်ကိုင်သည့် အမှုပေါင်း (၅)မှုမှ တရားခံအမျိုးသား (၂၄)ဦး၊ အမျိုးသမီး (၄၇)ဦး၊ စုစုပေါင်း (၇၁)ဦးတို့အား ဖမ်းဆီးရမိခဲ့ကာ လက်တော့ ၁၆၄ လုံး၊ လက်ကိုင်ဖုန်း ၁၄ဝ လုံး၊ မော်နီတာ ၇ လုံး၊ ပရင်တာ ၂ လုံး၊ System Box ၁ လုံး၊ UPS ၁ လုံး၊ Desktop ၁ လုံး၊ ဆင်းကတ် ၇၄၁ ကတ်၊ ယာဉ်အမှတ် YGN 6S-8888 Mercedes Benz အနက်ရောင်ယာဉ် ၁ စီးနှင့် ယာဉ်အမှတ် YGN 9B-6667 Lexus အနက်ရောင်ယာဉ် ၁ စီးတို့အား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

ပြစ်မှုကျူးလွန်ရာတွင် ဖွင့်လှစ်အသုံးပြုခဲ့သည့် ဘဏ်အကောင့်များနှင့် KBZ Pay ၊ Wave Pay အကောင့်တို့ရှိ ငွေကျပ် (၄၈ဝ၅)သိန်းခန့်နှင့် KBZ Pay အကောင့် (၁၄)ခုတို့အား ယာယီထိန်းသိမ်းထားရှိကာ အဆို ပါအကောင့်များရှိ ငွေများအားစိစစ်လျက်ရှိသည်။ တရားခံများအား တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းလည်း နစကမှ ထုတ်ပြန်ထားသည်။

zawgyi version

အြန္းလိုင္း ေလာင္းကစားဂိမ္း၊ေခ်းေငြလုပ္ငန္းလုပ္ကိုင္သူ(၇ဝ)ေက်ာ္ကိုဖမ္းဆီးထားၿပီး ေငြက်ပ္သိန္း (၄၅ဝဝ)ေက်ာ္ႏွင့္ ဘဏ္အေကာင့္မ်ားကို ထိန္းခ်ဳပ္ထားေၾကာင္း နစကေျပာ

NP News - မတ္လ ၁

အြန္လိုင္းေလာင္းကစားဂိမ္းလုပ္ငန္း၊ Online ကံစမ္းမဲေဖာက္ ေလာင္းကစားလုပ္ငန္းႏွင့္ တရားမဝင္ Online ေခ်းေငြလုပ္ငန္းလုပ္ကိုင္သူ စုစုေပါင္း (၇၁)ဦးကို ဖမ္းဆီးအေရးယူခဲ့ေၾကာင္း နစက၏ ေဖေဖာ္ဝါ ရီလ ၂၈ ရက္၊ ညပိုင္းထုတ္ျပန္ခ်က္အရ သိရသည္။

ရန္ကုန္တိုင္းေဒသႀကီး၊ လႈိင္သာယာ(အေရွ႕ပိုင္း)ၿမိဳ႕နယ္၊ FMI CITY ၊ ေငြႏွင္းျဖဴသစ္ခြလမ္း၊ အမွတ္(O-178) ေနအိမ္၌ TTbet Online Game ေလာင္းကစားလုပ္ငန္းမ်ားလုပ္ကိုင္ေနေၾကာင္း သတင္းအရဝင္ေရာက္ရွာေဖြခဲ့ရာမွ မို႔မို႔စံ(ခ)Yuki ႏွင့္အတူ တရားခံ (၉) ဦးအား ဆက္စပ္ပစၥည္းမ်ားႏွင့္အတူ ဇန္နဝါရီလ ၂၉ ရက္၊ ည ၇ နာရီအခ်ိန္က ဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္။

ဖမ္းဆီးရမိသူမ်ား၏ ထြက္ဆိုခ်က္မ်ားအရ လႈိင္သာယာ(အေရွ႕ပိုင္း)ၿမိဳ႕နယ္၊ FMI CITY၊ ခ်င္းတြင္းလမ္းရွိ အိမ္အမွတ္(FG-98)ႏွင့္ အိမ္အမွတ္(FG-95)တို႔ကို ဝင္ေရာက္ရွာေဖြရာမွ Golden Gift (Online ကံစမ္းမဲေဖာက္ေလာင္းကစားလုပ္ငန္း)အား စီမံခန႔္ခြဲလုပ္ကိုင္သူ ေအာင္ဖုန္းေက်ာ္ႏွင့္ ႀကီးၾကပ္လုပ္ကိုင္သူ ထင္ေအာင္ေက်ာ္(ခ)အယ္လစ္ပါ တရားခံ(၁၉)ဦးတို႔အား TTbet Online Game ေလာင္းကစားလုပ္ငန္းအား ႀကီးၾကပ္/စာရင္းကိုင္အျဖစ္လုပ္ကိုင္သူ ေအးၿငိမ္းသူႏွင့္ ႀကီးၾကပ္လုပ္ကိုင္သူ စိုင္းသီဟေဇာ္ပါ တရားခံ (၁၉)ဦးတို႔ကို ဆက္စပ္ပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။

ထို႔ျပင္ ဖမ္းဆီးရမိသည့္ တရားခံ ရန္ႏိုင္ေက်ာ္(ခ)အားဖု၏ ထြက္ဆိုခ်က္အရ ေဖေဖာ္ဝါရီလ ၄ ရက္ႏွင့္ (၅)ရက္တြင္ ရန္ကုန္တိုင္းေဒသႀကီး၊ လႈိင္ၿမိဳ႕နယ္၊ MICT Park၊ တိုက္အမွတ္ (၉)၊ (၄)လႊာႏွင့္ တိုက္အမွတ္(၁၇)၊ (၄)လႊာတို႔တြင္ တရားမဝင္ Online ေခ်းေငြလုပ္ငန္းလုပ္ကိုင္ေနသည့္ မန္ေနဂ်ာေက်ာ္ဆန္းလင္း(ခ)အားခ်န္ပါ (၂၂) ဦးႏွင့္ တရားမဝင္ Online ေခ်းေငြလုပ္ငန္းလုပ္ကိုင္ေနသည့္ စာရင္းကိုင္ျဖစ္သူ ေက်ာ္မ်ိဳးေအာင္တို႔အား ဆက္စပ္ပစၥည္းမ်ားႏွင့္အတူ ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ ဆက္လက္ထုတ္ျပန္ထားသည္။

ယင္းလုပ္ငန္းမ်ားကို လုပ္ကိုင္ရာတြင္ ေက်ာ္ဆန္းလင္း(ခ)အားခ်န္သည္ မန္ေနဂ်ာအျဖစ္လည္းေကာင္း၊ ေအးၿငိမ္းသူ(ခ)Neoသည္ ႀကီးၾကပ္/စာရင္းကိုင္အျဖစ္လည္းေကာင္း၊ မို႔မို႔စံ(ခ) Yuki ႏွင့္ ေက်ာ္မ်ိဳးေအာင္တို႔သည္ စာရင္းကိုင္မ်ားအျဖစ္လည္းေကာင္း၊ ထင္ေအာင္ေက်ာ္(ခ)အယ္လစ္ႏွင့္ စိုင္းသီဟေဇာ္တို႔သည္ ႀကီးၾကပ္သူမ်ားအျဖစ္လည္းေကာင္း အသီးသီးလုပ္ကိုင္ခဲ့ၾကၿပီး အျခားဝန္ထမ္းမ်ားခန႔္ထားကာ က်ဴးလြန္ခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

Online Game ေလာင္းကစားလုပ္ငန္း၊ ျဖစ္စဥ္မ်ားအတြင္း Online ကံစမ္းမဲေဖာက္ ေလာင္းကစားလုပ္ ငန္းႏွင့္ တရားမဝင္ Online ေခ်းေငြလုပ္ငန္းလုပ္ကိုင္သည့္ အမႈေပါင္း (၅)မႈမွ တရားခံအမ်ိဳးသား (၂၄)ဦး၊ အမ်ိဳးသမီး (၄၇)ဦး၊ စုစုေပါင္း (၇၁)ဦးတို႔အား ဖမ္းဆီးရမိခဲ့ကာ လက္ေတာ့ ၁၆၄ လုံး၊ လက္ကိုင္ဖုန္း ၁၄ဝ လုံး၊ ေမာ္နီတာ ၇ လုံး၊ ပရင္တာ ၂ လုံး၊ System Box ၁ လုံး၊ UPS ၁ လုံး၊ Desktop ၁ လုံး၊ ဆင္းကတ္ ၇၄၁ ကတ္၊ ယာဥ္အမွတ္ YGN 6S-8888 Mercedes Benz အနက္ေရာင္ယာဥ္ ၁ စီးႏွင့္ ယာဥ္အမွတ္ YGN 9B-6667 Lexus အနက္ေရာင္ယာဥ္ ၁ စီးတို႔အား သိမ္းဆည္းရမိခဲ့ျခင္းျဖစ္သည္။

ျပစ္မႈက်ဴးလြန္ရာတြင္ ဖြင့္လွစ္အသုံးျပဳခဲ့သည့္ ဘဏ္အေကာင့္မ်ားႏွင့္ KBZ Pay ၊ Wave Pay အေကာင့္တို႔ရွိ ေငြက်ပ္ (၄၈ဝ၅)သိန္းခန႔္ႏွင့္ KBZ Pay အေကာင့္ (၁၄)ခုတို႔အား ယာယီထိန္းသိမ္းထားရွိကာ အဆို ပါအေကာင့္မ်ားရွိ ေငြမ်ားအားစိစစ္လ်က္ရွိသည္။ တရားခံမ်ားအား တည္ဆဲဥပေဒမ်ားႏွင့္အညီ ထိေရာက္စြာအေရးယူႏိုင္ေရး ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း နစကမွ ထုတ္ျပန္ထားသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လက်လုပ်စိန်ပြောင်းများဖြင့်ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးနှင့် (၉)နှစ်အရွယ် ကလေးငယ်တစ်ဦး ဒဏ်ရာရရှိမှု ဘုတလင်မြို့နယ်၌ ဖြစ်ပွား

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved