Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-30 / 1:30 PM)

ဂျန်ဇက် (NSS) - အောက်တိုဘာ ၃ဝ

အစ္စရေးစစ်တပ်တွေဟာ ဂါဇာမြို့လယ်ခေါင်ရှိ al-Quds ဆေးရုံနားကို ရော့ကတ်ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဲဒီတိုက်ခိုက်မှုဟာ ဆေးရုံဝန်ထမ်းတွေထွက်ပြေးစေဖို့ ရည်ရွယ်လုပ်ဆောင်တာမျိုးဖြစ်ကြောင်း ပါလက်စတိုင်း လခြမ်းနီအဖွဲ့ကပြောပါတယ်။အဆိုပါအဖွဲ့က "အစ္စရေးစစ်တပ်ဟာ ဆေးရုံအနီးကို ရော့ကတ်ဒုံးကျည်တွေနဲ့ပစ်ခတ်ခဲ့တယ်။ အဲဒီဆေးရုံမှာရှိနေတဲ့ ဝန်ထမ်းတွေ၊ လူနာတွေနဲ့ နေရပ်စွန့်ခွာတိမ်းရှောင်နေသူတွေကိုထွက်ပြေးဖို့ ရည်ရွယ်လုပ်ဆောင်တာဖြစ်တယ်"လို့ ပြောပါတယ်။ 


အီရန်နိုင်ငံက ကျောထောက်နောက်ခံပေးထားတဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အီရတ် နဲ့ ဆီးရီးယားနိုင်ငံတို့ရှိ အမေရိကန်စစ်အခြေစိုက်စခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း သိရပါတယ်။ အီရတ်နိုင်ငံရှိ လက်နက်ကိုင်အဖွဲ့က ၎င်းတို့ဟာ ဆီးရီးယားနိုင်ငံအရှေ့ဘက်ပိုင်းရှိ အမေရိကန်ရဲ့ al-Shaddadi စစ်အခြေစိုက်စခန်းကို ဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့သလို Deir ez-Zor ဒေသအနီးရှိ အမရိကန်စစ်အခြေစိုက်စခန်းကိုလည်းတိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ 

ရုရှားနိုင်ငံ ဒါဂက်စတန်ပြည်နယ် မာခက်ချကာလာ မြို့ရှိလေဆိပ်မှာ စိတ်ဆိုးဒေါသဖြစ်နေတဲ့ လူအုပ်ကြီးဟာ အစ္စရေးဆန့်ကျင်ရေးဆန္ဒပြပွဲများလုပ်ဆောင်ခဲ့ရာ ရုရှားလုံခြုံရေးတပ်ဖွဲ့ဝင်များဖြန့်ကြတ်ချထားခဲ့ရကြောင်းသိရပါတယ်။ အဆိုပါ အစ္စရေးဆန့်ကျင့်ရေးလူအုပ်ကြီးဟာ လေဆိပ်လုံခြုံရေးဇုန်ကိုချိုးဖျက်ဝင်ရောက်ခဲ့ပြီး လေယာဉ်ပြေးလမ်းကိုဝင်ရောက်တာမျိုးတွေလည်းရှိခဲ့တဲ့အတွက် လေကြောင်းခရီးစဉ်များ နှောင့်နေးခဲ့ရကြောင်းသိရပါတယ်။ 

အမေရိကန်ရဲ့မဟာမိတ်အဖွဲ့စည်းတစ်ခုဖြစ်တဲ့ ဂျော်ဒန်နိုင်ငံက နယ်စပ်ကာကွယ်ရေးပိုင်းပိုမိုကောင်းမွန်စေဖို့ ပက်ထရီယော့ ဒုံးကျည်ကာကွယ်ရေးစနစ်များဖြန့်ကြတ်ချထားပေးဖို့အမေရိကန်အစိုးရကိုတိုက်တွန်းတောင်းဆိုလိုက်ကြောင်းသိရပါတယ်။ ဂျော်ဒန်နိုင်ငံဟာ ဒေသအတွင်းတင်းမာမှုတွေမြင့်တက်နေချိန်မှာ နယ်စပ်ဒေသ ကာကွယ်ရေးပိုင်းပိုမိုကောင်းမွန်စေဖို့ပက်ထရီယော့ဇ်ဒုံးကျည်တွေ ဖြန့်ကြတ်ချထားပေးဖို့ တောင်းဆိုခဲ့တာဖြစ်ကြောင်းသိရပါတယ်။ 

ရုရှားနိုင်ငံ Kabardino-Balkaria ဒေသရဲ့မြို့တော်ဖြစ်တဲ့  Nalchik မြို့မှာ ဆောက်လုပ်လျက်ရှိနေဆဲဖြစ်တဲ့ ဂျူးယာဉ်ကျေးမှုစင်တာကို တိုက်ခိုက်ဖျက်ဆီးဖို့ ကြိုးပမ်းမှုတွေဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ အဆိုပါဒေသမှာနေထိုင်သူအားလုံးရဲ့၇၀ ရာခိုင်နှုန်းဖြစ်တဲ့ လူပေါင်း ၉ သိန်းဟာ မွတ်စလင်တွေဖြစ်ကြောင်းသိရပါတယ်။ မြို့ခံတွေဟာ ဂျူးယာဉ်ကျေးမှုစင်တာအဆောက်အဦးကို အောက်တိုဘာ ၂၉ရက်နေ့က မီးရှို့ဖျက်ဆီးဖို့ ကြိုးစားခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လက်ဘနွန်နိုင်ငံအတွင်းရှိ ဟစ်လိုလာလက်နက်ကိုင်အဖွဲ့ပစ်မှတ်တွေကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်ဘက်ပြော

RELATED POSTS
RECENT POSTS
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved