ဟားမက်စ်အဖွဲ့က အကြမ်းဖက်အဖွဲ့အစည်းမဟုတ်ဘဲ လွတ်မြောက်ရေးအဖွဲ့အစည်းဖြစ်ကြောင်း တူရကီသမ္မတ ပြော
ဂျန်ဇက် (NSS) - အောက်တိုဘာ ၂၅
တူရကီသမ္မတအာဒိုဂမ်က ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ဖြစ်သော ဟားမက်စ်အဖွဲ့သည် အကြမ်းဖက်အဖွဲ့ အစည်းမဟုတ်ကြောင်း၊ မိမိပိုင်နက်နယ်မြေကို ကာကွယ်ရန်အတွက် တိုက်ပွဲဝင်နေသည့် လွတ်မြောက်ရေးအဖွဲ့ အစည်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
ဟားမက်စ်အဖွဲ့ကို အမေရိကန် အပါအဝင် အနောက်အုပ်စုနိုင်ငံများက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ် ပြောဆိုနေချိန်တွင် တူရကီသမ္မတက ဟားမက်စ်အဖွဲ့ကို လွတ်မြောက်ရေးအဖွဲ့အဖြစ် သတ်မှတ်ပြောဆိုခဲ့ခြင်းဖြစ် သည်။ ဟားမက်စ်အဖွဲ့သည် အောက်တိုဘာ ၇ ရက်တွင် အစ္စရေးနိုင်ငံကို ကြိုတင်သတိပေးချက်မရှိဘဲ စတင် တိုက်ခိုက်ခဲ့ရာ လူပေါင်းထောင်ချီ သေဆုံးခဲ့ရကြောင်း သိရသည်။
တူရကီသမ္မတက အစ္စရေး နှင့် ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားသည့်စစ်ပွဲကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုခဲ့သလို မွတ်စလင်နိုင်ငံအားလုံးအနေဖြင့် ငြိမ်းချမ်းရေးရယူနိုင်ရန် အတူတကွ ဝိုင်းဝန်းကြိုးပမ်းရမည် ဖြစ်ကြောင်း တိုက်တွန်းပြောဆိုခဲ့သည်။ ထို့အပြင် ကမ္ဘာ့အင်အားကြီးနိုင်ငံများအနေဖြင့်လည်း တိုက်ခိုက်မှုများ ရပ်တန့်ရန် အစ္စရေးကို ဖိအားပေးရမည်ဖြစ်ကြောင်း တူရကီသမ္မတက ထပ်မံတိုက်တွန်းထားသည်။
ဂါဇာဒေသထံ လူသားချင်းဆိုင်ရာစာနာမှုအကူအညီများ ပေးနိုင်ရန်အတွက် အီဂျစ်နယ်စပ်ဒေသဖြစ်သော ရာဖယ် နယ်စပ်ဂိတ်ကို အမြဲတမ်း ဖွင့်ထားရမည်ဖြစ်ကြောင်း၊ ဖမ်းဆီးထားသူများ အပြန်အလှန်အလဲလှယ်လုပ်ဆောင်ရ မည်ဖြစ်ကြောင်း တူရကီသမ္မတက ပြောသည်။
အစ္စရေးသည် ဟားမက်စ်အဖွဲ့ကို လက်တုံ့ပြန်တိုက်ခိုက်မှုအဖြစ် ဂါဇာဒေသကို ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင် နေရာ ပါလက်စတိုင်းလူမျိုး အနည်းဆုံး ၄ဝဝဝ နီးပါး သေဆုံးထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ အောက်တိုဘာလ ၂၅ ရက်အတွင်းဖြစ်ပွားခဲ့သော သတင်းများအား စုစည်းတင်ဆက်ခြင်း
RELATED POSTS
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ